Input your search keywords and press Enter.

AA အဖွဲ့မှ (၁)လနီးပါး ဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့သည့် ချင်းအမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံးကြောင်း CUSR အဖွဲ့မှထုတ်ပြန်

Chin World

 

ဇွန်လ (၃)၊ ၂၀၂၀။

AA အဖွဲ့မှ (၁)လနီးပါး ဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့သည့် ချင်းအမျိုးသမီး(၁)ဦး ယနေ့ မင်းပြားဆေးရုံ၌ သေဆုံးကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR )အဖွဲ့မှထုတ်ပြန်သည်။

မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာမှ ချင်းအမျိုးသား (၃)ဦးနှင့် သိုင်းကျပ် ကျေးရွာမှ ချင်းအမျိုးသမီး (၁)ဦး စုစုပေါင်း ချင်းလူမျိုး (၄)ဦးတို့မှာ ပြီးခဲ့သည့်လ မေလ (၃) ရက်န့မှစ၍ AA အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးထိုသူများမှာ ဒေါ်စိန်မဦး (၄၈ နှစ်)၊ ဦးစိန်ဝင်းစိန် (၃၆ နှစ်)၊ ဦးယောင်းစော (၅၄ နှစ်)နှင့် ဦးကျော်ဝင်းသူ (၄၇ နှစ်) တို့ဖြစ်ကြပြီး AA အဖွဲ့မှ ၄င်းတို့ကို ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့တွင် ပြန်လည် လွတ်ပေးခဲ့ကြောင်း ထိုလွတ်မြောက်လာသူများထဲမှ ဒေါ်စိန်မဦး သည် AA အဖွဲ့ထံမှ ပြန်လည် လွတ်မြောက်လာသည့်နေ့(ဇွန်လ၁ရက်နေ့)မှာပင်မင်းပြားမြို့၊ပြည်သူ့ဆေးရုံကြီး၌ဆေးကုသမှုခံယူခဲ့ရသော်လည်းယနေ့မနက် ဇွန်လ (၃)ရက်နေ့ တွင်သေဆုံးခဲ့ကြောင်းကို ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

 

လွတ်မြောက်လာသူ ၄ ဦး ထဲမှ ဒေါ်စိန်မဦး သည် AA အဖွဲ့ထံမှ ပြန်လည် လွတ်မြောက်လာသည့် နေ့ (ဇွန်လ ၁ရက်နေ့)မှာပင်မင်းပြားမြို့၊ပြည်သူ့ဆေးရုံကြီး၌ဆေးကုသမှုခံယူခဲ့ရသော်လည်းယနေ့မနက်မှာတွင်သေဆုံးခဲ့ကြောင်းကို CUSR- Minbya မှ” ဇွန်လ (၁)ရက်နေ့မှာ သူတို့ ဆေးရုံကို ရောက်လာကြတယ်။ မနေ့က ကျွန်မတို့ သွားကြည့်တော့ သူစိတ်က ဂယောင်ခြောက်ခြား ဖြစ်နေတာကို တွေခဲ့ရတယ်။ နောက်ပြီး သူက ကျွန်မတို့ကိုလည်း ကြောက်နေရှာတယ်။ အောက်ဆီဂျင်လည်း ရှူထားရတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ ဒီကနေ့ မနက် သွားကြည့်မယ်လုပ်တော့ သူ ဆုံးသွားပြီလို့ပဲ ကျွန်မတို့ ကြားခဲ့ရတယ်။ “ ဟု ပြောကြားခဲ့ကြောင်း၊သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား ဒီကနေ့မနက် (၈)နာရီလောက်မှာပင် သူ၏မိသားစု ဆွေမျိုးများမှ သိုင်းကျပ်ကျေးရွာသို့ ပြန်လည်ဆောင်သွားခဲ့ပါကြောင်း၊ထို့အတူ သေဆုံးသွားသူ ဒေါ်စိန်မဦး၏ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်ရာတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန် အတွက် CUSRမှ သူ၏မိသားစုအား ငွေကျပ် (၃)သိန်းကို ထောက်ပံ့ကူညီခဲ့ပါကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများ အဖွဲ့ (CUSR)၏ထုတ်ပြန်ချက်တွင်ဖော်ပြထားချက်အရသိရသည်။

 

AA အဖြဲ့မွ (၁)လနီးပါး ဖမ္းဆီးျပီးျပန္လႊတ္ေပးခဲ့သည့္ ခ်င္းအမ်ိဳးသမီး(၁)ဦး ယေန႔ မင္းျပားေဆး႐ုံ၌ ေသဆုံးေၿကာင္း CUSR အဖြဲ့မွထုတ္ျပန္

 

ဇြန္လ (၃)၊ ၂၀၂၀

AA အဖြဲ့မွ (၁)လနီးပါး ဖမ္းဆီးျပီးျပန္လႊတ္ေပးခဲ့သည့္ ခ်င္းအမ်ိဳးသမီး(၁)ဦး ယေန႔ မင္းျပားေဆး႐ုံ၌ ေသဆုံးေၿကာင္း ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ ေက်ာင္းသား/သူမ်ား အဖြဲ႕ (CUSR )အဖြဲ့မွထုတ္ျပန္သည္။

 

မင္းျပားၿမိဳ႕နယ္ ေတာင္ရွည္ျပင္ေက်းရြာမွ ခ်င္းအမ်ိဳးသား (၃)ဦးႏွင့္ သိုင္းက်ပ္ ေက်းရြာမွ ခ်င္းအမ်ိဳးသမီး (၁)ဦး စုစုေပါင္း ခ်င္းလူမ်ိဳး (၄)ဦးတို႔မွာ ၿပီးခဲ့သည့္လ ေမလ (၃) ရက္န႔မွစ၍ AA အဖြဲ႕၏ ဖမ္းဆီး ေခၚေဆာင္သြားခဲ့ျပီးထိုသူမ်ားမွာ ေဒၚစိန္မဦး (၄၈ ႏွစ္)၊ ဦးစိန္ဝင္းစိန္ (၃၆ ႏွစ္)၊ ဦးေယာင္းေစာ (၅၄ ႏွစ္)ႏွင့္ ဦးေက်ာ္ဝင္းသူ (၄၇ ႏွစ္) တို႔ျဖစ္ၾကၿပီး AA အဖြဲ႕မွ ၄င္းတုိ့ကုိ ၿပီးခဲ့သည့္ ဇြန္လ (၁)ရက္ေန႔တြင္ ျပန္လည္ လြတ္ေပးခဲ့ေၿကာင္း ထုိလြတ္ေျမာက္လာသူမ်ားထဲမွ ေဒၚစိန္မဦး သည္ AA အဖြဲ႕ထံမွ ျပန္လည္ လြတ္ေျမာက္လာသည့္ေန႔(ဇြန္လ၁ရက္ေန႔)မွာပင္မင္းျပားၿမိဳ႕၊ျပည္သူ႔ေဆး႐ုံႀကီး၌ေဆးကုသမႈခံယူခဲ့ရေသာ္လည္းယေန႔မနက္မွာတြင္ေသဆုံးခဲ့ေၾကာင္းကို ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ ေက်ာင္းသား/သူမ်ား အဖြဲ႕ (CUSR)ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

 

လြတ္ေျမာက္လာသူ ၄ ဦး ထဲမွ ေဒၚစိန္မဦး သည္ AA အဖြဲ႕ထံမွ ျပန္လည္ လြတ္ေျမာက္လာသည့္ ေန႔ (ဇြန္လ ၁ရက္ေန႔)မွာပင္မင္းျပားၿမိဳ႕၊ျပည္သူ႔ေဆး႐ုံႀကီး၌ေဆးကုသမႈခံယူခဲ့ရေသာ္လည္းယေန႔မနက္မွာတြင္ေသဆုံးခဲ့ေၾကာင္းကို CUSR- Minbya မွ” ဇြန္လ (၁)ရက္ေန႔မွာ သူတို႔ ေဆး႐ုံကို ေရာက္လာၾကတယ္။ မေန႔က ကၽြန္မတို႔ သြားၾကည့္ေတာ့ သူစိတ္က ဂေယာင္ေျခာက္ျခား ျဖစ္ေနတာကို ေတြခဲ့ရတယ္။ ေနာက္ၿပီး သူက ကၽြန္မတို႔ကိုလည္း ေၾကာက္ေနရွာတယ္။ ေအာက္ဆီဂ်င္လည္း ရႉထားရတာကို ကၽြန္မတို႔ ေတြ႕ခဲ့ရတယ္။ ဒီကေန႔ မနက္ သြားၾကည့္မယ္လုပ္ေတာ့ သူ ဆုံးသြားၿပီလို႔ပဲ ကၽြန္မတို႔ ၾကားခဲ့ရတယ္။ “ ဟု ေျပာၾကားခဲ့ေၿကာင္း၊ေသဆုံးသြားသူ ေဒၚစိန္မဦး၏ ႐ုပ္အေလာင္းအား ဒီကေန႔မနက္ (၈)နာရီေလာက္မွာပင္ သူ၏မိသားစု ေဆြမ်ိဳးမ်ားမွ သိုင္းက်ပ္ေက်းရြာသို႔ ျပန္လည္ေဆာင္သြားခဲ့ပါေၿကာင္း၊ထို႔အတူ ေသဆုံးသြားသူ ေဒၚစိန္မဦး၏ ႐ုပ္အေလာင္းအား မီးရွို႔သၿဂႋဳလ္ရာတြင္ လိုအပ္သည့္ ေနရာမ်ား၌ အသုံးျပဳနိုင္ရန္ အတြက္ CUSRမွ သူ၏မိသားစုအား ေငြက်ပ္ (၃)သိန္းကို ေထာက္ပံ့ကူညီခဲ့ပါေၿကာင္း ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ ေက်ာင္းသား/သူမ်ား အဖြဲ႕ (CUSR)၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားခ်က္အရသိရသည္။