Input your search keywords and press Enter.

(AA)အဖွဲ့၏ ပွိုင့်ကုန်း(၃) ခုနှင့် ကာကင်း စခန်း များကိုတပ်မတော်မှ သိမ်းပိုက်ခဲ့သည် ဆိုသော်လည်း လမ်းကြောင်းလုံခြုံမှုပိုင်းတွင် စိတ်ချ၍ မရသေးဟုဆို

 

Salai Khup Khup

ပလက်ဝမြို့အနီးအနားရှိ ရခိုင်လက်နက်ကိုင်(AA)အဖွဲ့၏ ပွိုင့်ကုန်း(၃) ခု ကာကင်း စခန်း များကို မြန်မာတပ်မတော်မှ သိမ်းပိုက်ခဲ့သည် ဆိုသော်လည်း လမ်းကြောင်း လုံခြုံမှုပိုင်းတွင် စိတ်ချ၍ မရသေးကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ရှင်းလင်းတာ ပြီးပြီဆိုပေမဲ့ ဒီလမ်းကြောင်းပေါ်မှာ အပြည့်ဝ လုံခြုံမှုမရှိသေးဘူး လိုအပ်ချက်တွေ ရှိသေးတယ်ထင်တယ်။ ရိက္ခာပို့မဲ့သူတွေလည်း သွားလို့မရသေးဘူး ဒေသခံတွေလည်း မသွားရဲကြသေးတဲ့ အခြေနေဖြစ်တယ် ပြည်နယ်အစိုးရ အနေနဲ့ ရိက္ခာပို့တဲ့ ကိစ္စနဲ့ပက်သက်ပြီး ကျောက်တော်ကနေလည်း ပို့ပေးလို့မရဘူး ၊စစ်တွေကလည်းမရ ဆမီးဖက်ကလည်း မရသေးဘူးဆိုတော့ ဒါကြောင့် နယ်မြေမှာ အစားသောက်ကို မျှစားကြဖို့ အရမ်းခက်ခဲတဲ့ သူတွေကိုကြတော့ ပိုက်ဆံတွေ ပို့ပေးတယ် မကြာခင်လမ်းကြောင်းတွေလည်း သွားလာလို့ ရတော့မယ်လို့ ထင်ပါတယ်”ဟုပြောသည်။
ပလက်ဝမြို့ကို စိုးမိုးထားသည့် ရခိုင်လက်နက်ကိုင် (AA)အဖွဲ့၏ ပွိုင့်ကုန်း ၃ ခုနှင့် ကာကင်း စခန်း ၄ ခု ကို မေလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ပလက်ဝမြို့ဒေသခံ တစ်ဦးက “သိမ်းပိုက်လိုက်ပြီလို့ ပြောပေမဲ့ လုံခြုံမှုမရှိသေးဘူး အခုချိန်ထိ လက်နက်သံကလည်း ကြားနေရတုန်း ဖြစ်လို့ ဘယ်သူမှ မြို့ရဲ့အ ပြင်ဖက်တွေကို အသွားလာ မလုပ်ရဲကြဘူး”ဟုပြောသည်။
ရခိုင်တပ်မတော် (AA)အဖွဲ့၏ ပွိုင့်ကုန်း သုံးခုနှင့် ကာကင်းစခန်း လေးခုသည် ပလက်ဝ ဒေသ နယ်မြေလုံခြုံရေး ကုလားတန်မြစ်ကြောင်း တလျှောက် လမ်းကြောင်းလုံခြုံရေး နှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါဝင် ကုလားတန်မြစ်ကူး တံတားနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းတို့အား နှောက်ယှက်ခြိမ်းခြောက်နိုင်သည့် မဟာဗျူဟာမြောက် ခြေကုပ်စခန်းများ ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်ထားသည်။

 

(AA)အဖြဲ႕၏ ပြိဳင့္ကုန္း(၃) ခုနွင့္ ကာကင္း စခန္း မ်ားကိုတပ္မေတာ္မွ သိမ္းပိုက္ခဲ့သည္ ဆိုေသာ္လည္း လမ္းေၾကာင္း လုံျခဳံမႈပိုင္းတြင္ စိတ္ခ်၍ မေရေသးဟုဆုိ

 

ပလက္ဝၿမိဳ႕အနီးအနားရွိ ရခိုင္လက္နက္ကုိင္(AA)အဖြဲ႕၏ ပြိဳင့္ကုန္း(၃) ခု ကာကင္း စခန္း မ်ားကို ျမန္မာတပ္မေတာ္မွ သိမ္းပိုက္ခဲ့သည္ ဆိုေသာ္လည္း လမ္းေၾကာင္း လုံျခဳံမႈပိုင္းတြင္ စိတ္ခ်၍ မရေသးေၾကာင္းခ်င္းျပည္နယ္အစုိးရအဖြဲ့၏ေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ရွင္းလင္းတာ ၿပီးၿပီဆိုေပမဲ့ ဒီလမ္းေၾကာင္းေပၚမွာ အျပည့္ဝ  လုံၿခံဳမႈမရွိေသးဘူး လိုအပ္ခ်က္ေတြ ရွိေသးတယ္ထင္တယ္။ ရိကၡာပို႔မဲ့သူေတြလည္း သြားလို႔မရေသးဘူး ေဒသခံေတြလည္း မသြားရဲၾကေသးတဲ့ အေျခေနျဖစ္တယ္  ျပည္နယ္အစိုးရ အေနနဲ႔ ရိကၡာပို႔တဲ့ ကိစၥနဲ႔ပက္သက္ၿပီး ေက်ာက္ေတာ္ကေနလည္း ပို႔ေပးလို႔မရဘူး ၊စစ္ေတြကလည္းမရ ဆမီးဖက္ကလည္း မရေသးဘူးဆိုေတာ့ ဒါေၾကာင့္ နယ္ေျမမွာ အစားေသာက္ကို မၽွစားၾကဖို႔ အရမ္းခက္ခဲတဲ့ သူေတြကိုၾကေတာ့ ပိုက္ဆံေတြ ပို႔ေပးတယ္   မၾကာခင္လမ္းေၾကာင္းေတြလည္း သြားလာလို႔ ရေတာ့မယ္လို႔ ထင္ပါတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕ကို စိုးမိုးထားသည့္ ရခိုင္လက္နက္ကိုင္ (AA)အဖြဲ့၏ ပြိဳင့္ကုန္း ၃ ခုႏွင့္ ကာကင္း စခန္း ၄ ခု ကို ေမလ ၃၁ ရက္ေန႔ မနက္ပိုင္းတြင္ သိမ္းပိုက္ခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

ပလက္ဝၿမိဳ႕ေဒသခံ တစ္ဦးက “သိမ္းပိုက္လိုက္ၿပီလို႔ ေျပာေပမဲ့ လုံၿခံဳမႈမရွိေသးဘူး  အခုခ်ိန္ထိ လက္နက္သံကလည္း ၾကားေနရတုန္း ျဖစ္လို႔ ဘယ္သူမွ ၿမိဳ႕ရဲ့အ ျပင္ဖက္ေတြကို အသြားလာ မလုပ္ရဲၾကဘူး”ဟုေျပာသည္။

ရခိုင္တပ္မေတာ္ (AA)အဖြဲ႕၏ ပြိဳင့္ကုန္း သုံးခုႏွင့္ ကာကင္းစခန္း ေလးခုသည္ ပလက္ဝ ေဒသ နယ္ေျမလုံၿခံဳေရး ကုလားတန္ျမစ္ေၾကာင္း တေလၽွာက္ လမ္းေၾကာင္းလုံၿခံဳေရး ႏွင့္ လမ္းပန္းဆက္သြယ္မႈ လုံၿခံဳေရးမ်ား အပါဝင္ ကုလားတန္ျမစ္ကူး တံတားႏွင့္ လမ္းေဖာက္လုပ္ေရး စီမံကိန္းတို႔အား ေႏွာက္ယွက္ၿခိမ္းေျခာက္နိုင္သည့္ မဟာဗ်ဴဟာေျမာက္ ေျခကုပ္စခန္းမ်ား ျဖစ္ေၾကာင္း တပ္မေတာ္၏ ထုတ္ျပန္ခ်က္ထားသည္။