Input your search keywords and press Enter.

မင်းတပ်မှလူနာကို ဟားခါးပြည်သူ့ဆေးရုံသို့ ယနေ့မနက်တွင် ပို့ဆောင်

 

 

Shing Mang

မင်းတပ်မြို့မှCOVID-19 Positive လူနာ Case-232 ကို ဟားခါးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသမည်ဖြစ်ပြီး ယနေ့မနက် တွင် မင်းတပ်မြို့မှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ်ခရိုင် ဆေးရုံအုပ် ဒေါက်တာ ဇော်ဝင်းနိုင်ထံမှ သိရသည်။

“ကုသမယ့်နေရာ က ဟားခါးမှာပါခင်ဗျာ၊ ဒီနေ့မနက်လွဲဲပြီးပါပြီ ခင်ဗျာ၊ ၁၀နာရီ ဝန်းကျင်လောက်ထင်တယ်” ဟု မင်းတပ် ခရိုင်ဆေးရုံအုပ် ဒေါက်တာ ဇော်ဝင်နိုင်ထံ မှ သိရသည်။

Case-232 သည် မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ပြီးမင်းတပ်မြို့တွင် Facility Quarantine ထားရှိသူလည်း ဖြစ်ကြောင်းသိရသည်။
လက်ရှိချင်းပြည်နယ်တွင် COVID-19 ပိုးတွေ့ရှိလူနာ ၁၀ ဦးထိရှိပြီဖြစ်ပြီး ၃ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။