Input your search keywords and press Enter.

ဇွန်လ (၃) ရက်နေ့မှ ချင်းပြည်နယ်ပြင်ပ ခရီးသွားလာခွင့်ပြုမည်

Salai Khup Khup

ချင်းပြည်နယ်အတွင်း COVID-19 ထိန်းချုပ်ရေးအတွက် ရပ်နားလိုက်ရသည့် ပြည်နယ်ပြင်ပသို့ မော်တော်ယာဉ်လိုင်း ပြေးဆွဲခြင်းကို ဇွန်လ (၃) ရက်နေ့မှစပြီး ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က “ချင်းပြည်နယ်အတွင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ လိုက်နာရမယ့် အချက်တွေနဲ့အညီ ပြည်နယ်အတွင်း မော်တော်ယာဉ်လိုင်းများ အားလုံးကို ဇွန်လ ၃ရက်နေ့က စပြီး ပြည်နယ်ပြင်ပသို့ပြန်လည်ပြေးဆွဲဖို့ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်”ဟုပြောသည်။

ချင်းပြည်နယ် Coronavirus Disease-2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရပ်နားနေကြသည့် ချင်းပြည်နယ်အတွင်းမှ မော်တော်ယာဉ် လိုင်းများကို ဇွန်လ ၃ရက်နေ့မှ စ၍ ပြည်နယ်ပြင်ပ၊ ယခင်ပြေးဆွဲလျက်ရှိသော မြို့အသီးသီးယာဉ်လိုင်းများ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန် ထားသော စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နှင့် အညီ ခရီးသည်ကိုလည်း တင်ဆောင်ခွင့် ပြုမှာဖြစ်တယ်၊ ကျန်းမာရေးစစ်ဆေးခြင်းများ အပါအဝင် လုပ်ငန်းလိုအပ်ချက်တွေကို သက်ဆိုင်ရာ ဂိတ်များ၊မော်တော်ယာဉ်များမှာ ဆောင်ရွက်ရန်ညွှန်ကြား ထားပြီးသတ်မှတ်ချက်နဲ့ အညီ ခွင့်ပြုပေးထားသည့် အတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိကိုလည်း ကွင်းဆင်းဆောင် ရွက်သွားမှာဖြစ်တယ်”ဟုပြောသည်။

ပြည်နယ်ပြင်ပသို့ မော်တော်ယာဉ်လိုင်း ပြေးဆွဲခြင်းကို ချင်းပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ကိုလည်း ရယူပြီး ဖြစ်ပြီး မော်တော်ယာဉ်အရွယ်အစားပေါ် မှုတည်ပြီး ခရီးသည် တင်ဆောင်ခွင့်ကို သတ်မှတ်ထားမည် ဖြစ်ကြောင်းလည်းသိရသည်။

====

Zawgyi

Covid – 19 ကြောင့် ဇွန်လ (၃) ရက်နေ့မှ ချင်းပြည်နယ်ပြင်ပ ခရီးသွားလာခွင့်ပြုမည်

Salai Khup