Input your search keywords and press Enter.

အိန္ဒိယတွင် သောင်တင်နေသည့် ကျမ်းစာကျောင်းသူ/သားများ မြန်မာသံရုံးသို့ သတင်းပို့ရန် ချင်းပြည်နယ်လူမူရေးဝန်ကြီးပြော

 

 

Salai C Lian

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် ကျမ်းစာကျောင်းသူ/သားများ မြန်မာသံရုံးသို့ သတင်းပို့ပေးရန် ချင်းပြည်နယ် အစိုးရအဖွဲ့ လူမူဝန်ကြီး ဦး ပေါင်လွန်မင်ထန်က ပြောသည်။

လူမူဝန်ကြီး ပေါင်လွန်မင်ထန်က “နောက်ပိုင်းတော့ ကျွန်တော်ကိုယ်တိုင်က သောင်တင်နေတဲ့သူတွေကို သံအမတ်ထံသတင်းပို့ဖို့ပြောထားတယ်၊ အဲဒါကြောင့် ပထမအသုတ်ကိုတော့ လက်ခံပြီးပြီ၊ နောက်ပိုင်းတော့ တံရားဝင်လမ်းကြောင်းမဟုတ်တဲ့အတွက် အခက်ခဲတော့ရှိမယ်၊ ပြည်ထောင်စုအဆင့်နဲ့ လုပ်ဆောင်ဖို့လိုတယ်” ဟုပြောသည်။

ဆက်ပြီး ဝန်ကြီးက “နောက်တစ်ခုက မဖြစ်မနေပြန်မယ်ဆိုရင် သေချာစဉ်းစားဖို့တော့လိုတယ်၊ အိန္ဒိယမှာလည်း သူနိုင်ငံမှာ အခက်အခဲရှိတယ်၊ ကျွန်တော်တို့ကလည်း ဘာကဒ်မှမကိုထားတော့ အနည်းဆုံး သံရုံးကနေ စီအိုင်ယူဖို့လိုတယ်၊ အသွားတုန်းက ဘယ်လိုသွားသွား ပြန်ချင်ရင်တော့ ကိုယ့်အိမ်ပြန်မှာဆိုတော့ အကုန်လက်ခံပေးမယ်” ဟုဆိုသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် သောင်တင်နေသည့် ချင်းကျောင်းသားများကို လက်ခံပေးသည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင် အိန္ဒိယဗဟိုအစိုးရ၏ ခွင့်ပြုချက်မရရှိခဲ့သောကြောင်း ၁၆ ယောက်သာ နယ်စပ်မှ လက်ခံခဲ့ကြောင်း မီဇိုပြည်နယ်တွင် ချင်းကျောင်းသားများ ကူညီသူ ချင်းလူမှုရေးအသင်း ဥက္ကဌက ပြောသည်။

ချင်းလူမှုရေးအသင်းဥက္ကဋ္ဌ ဦး ဗန်သဲက “မီဇိုရမ်အစိုးရနှင့် ချင်းပြည်နယ်အစိုးရကတော့ အဆင်ပြေတယ်၊ အိန္ဒိယဗဟိုအစိုးရက တရားဝင်ဂိတ်မဖွင့်ပေးလို့ ၁၆ ယောက်ပဲလက်ခံတယ်၊ ပြီးတော့ ကျန်တဲ့သူတွေကလည်း အချို့က ကိုယ့်ဘာသာ လမ်းစရိတ်တက်နိုင်ကြတယ်၊ တစ်ချို့ကလည်း မတက်နိုင်လို့ အလှူခံပေးတာလည်းရှိတယ်” ဟုပြောသည်။

အိန္ဒိယ နိုင်ငံ၏ကိုဗစ်ရောဂါကူးစက်နှုန်းသည် မနေ့ မေလ ၃၁ ရက်တစ်ရက်တည်းတွင် လူရ၀၀၀ ကျော်ကူးစက်ခံနေရပြီး သေဆုံးသူ ၅၀၀၀ ကျော် သွားပြီဖြစ်ကြောင်းWHO ရဲ့ ထုတ်ပြန်ချက်တွေအရ သိရသည်။

 

 

အိႏၵိယတြင္ ေသာင္တင္ေနသည့္ က်မ္းစာေက်ာင္းသူ/သားမ်ား ျမန္မာသံ႐ုံးကို သတင္းပို႔ရန္ ခ်င္းျပည္နယ္လူမူေရးဝန္ႀကီးေျပာ

 

ကမၻာတစ္ဝန္းတြင္ ျဖစ္ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အိႏၵိယနိုင္ငံတြင္ ေသာင္တင္ေနသည့္ က်မ္းစာေက်ာင္းသူ/သားမ်ား ျမန္မာသံ႐ုံးသို႔ သတင္းပို႔ေပးရန္ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ လူမူဝန္ႀကီး ဦး ေပါင္လြန္မင္ထန္က ေျပာသည္။

 

လူမူဝန္ႀကီး ေပါင္လြန္မင္ထန္က “ေနာက္ပိုင္းေတာ့ ကၽြန္ေတာ္ကိုယ္တိုင္က ေသာင္တင္ေနတဲ့သူေတြကို သံအမတ္ထံသတင္းပို႔ဖို႔ေျပာထားတယ္၊ အဲဒါေၾကာင့္ ပထမအသုတ္ကိုေတာ့ လက္ခံၿပီးၿပီ၊ ေနာက္ပိုင္းေတာ့ တံရားဝင္လမ္းေၾကာင္းမဟုတ္တဲ့အတြက္ အခက္ခဲေတာ့ရွိမယ္၊ ျပည္ေထာင္စုအဆင့္နဲ႔ လုပ္ေဆာင္ဖို႔လိုတယ္” ဟုေျပာသည္။

 

ဆက္ၿပီး ဝန္ႀကီးက “ေနာက္တစ္ခုက မျဖစ္မေနျပန္မယ္ဆိုရင္ ေသခ်ာစဥ္းစားဖို႔ေတာ့လိုတယ္၊ အိႏၵိယမွာလည္း သူနိုင္ငံမွာ အခက္အခဲရွိတယ္၊ ကၽြန္ေတာ္တို႔ကလည္း ဘာကဒ္မွမကိုထားေတာ့ အနည္းဆုံး သံ႐ုံးကေန စီအိုင္ယူဖို႔လိုတယ္၊ အသြားတုန္းက ဘယ္လိုသြားသြား ျပန္ခ်င္ရင္ေတာ့ ကိုယ့္အိမ္ျပန္မွာဆိုေတာ့ အကုန္လက္ခံေပးမယ္” ဟုဆိုသည္။

 

ခ်င္းျပည္နယ္ အစိုးရအေနျဖင့္ ေသာင္တင္ေနသည့္ ခ်င္းေက်ာင္းသားမ်ားကို လက္ခံေပးသည္ဟု ဆိုခဲ့ေသာ္လည္း လက္ေတြ႕တြင္ အိႏၵိယဗဟိုအစိုးရ​၏ ခြင့္ျပဳခ်က္မရရွိခဲ့ေသာေၾကာင္း ၁၆ ေယာက္သာ နယ္စပ္မွ လက္ခံခဲ့ေၾကာင္း မီဇိုျပည္နယ္တြင္ ခ်င္းေက်ာင္းသားမ်ား ကူညီသူ ခ်င္းလူမႈေရးအသင္း ဥကၠဌက ေျပာသည္။

 

ခ်င္းလူမႈေရးအသင္းဥကၠ႒ ဦး ဗန္သဲက “မီဇိုရမ္အစိုးရႏွင့္ ခ်င္းျပည္နယ္အစိုးရကေတာ့ အဆင္ေျပတယ္၊ အိႏၵိယဗဟိုအစိုးရက တရားဝင္ဂိတ္မဖြင့္ေပးလို႔ ၁၆ ေယာက္ပဲလက္ခံတယ္၊ ၿပီးေတာ့ က်န္တဲ့သူေတြကလည္း အခ်ိဳ႕က ကိုယ့္ဘာသာ လမ္းစရိတ္တက္နိုင္ၾကတယ္၊ တစ္ခ်ိဳ႕ကလည္း မတက္နိုင္လို႔ အလႉခံေပးတာလည္းရွိတယ္” ဟုေျပာသည္။

 

အိႏၵိယ နိုင္ငံ၏ကိုဗစ္ေရာဂါကူးစက္ႏႈန္းသည္ မေန့ ေမလ ၃၁ ရက္တစ္ရက္တည္းတြင္ လူ၇၀၀၀ ေက်ာ္ကူးစက္ခံေနရၿပီး ေသဆုံးသူ ၅၀၀၀ ေက်ာ္ သြားၿပီျဖစ္ေၿကာင္းWHO ရဲ့ ထုတ္ျပန္ခ်က္ေတြအရ သိရသည္။