Input your search keywords and press Enter.

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး စက်လှေစီးနေစဉ် သေနတ်အပစ်ခံရ၍ သေဆုံး

 

Salai Khup Khup

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အသက် (၆၀) နှစ်အရွယ် ဒေါ်ဟွေ့ခင် သည် ယနေ့မနက် ၉ နာရီ ခွဲဝန်းကျင်တွင်အောက်မီးလက်ဝရွာသို့ ထင်းသယ်ပြီး အပြန် စက်လှေပေါ်တွင် သေနတ်အပစ်ခံရ၍ သေဆုံးကြောင်း သိရသည်။

ပလက်ဝဒေသခံတစ်ဦးက “ဒီမနက် ၈ နာရီဝန်းကျင်လောက်မှာ ပလက်ဝ တစ်ဖက် ကမ်းမှာရှိတဲ့ ဟိုတလောက မီးလောင်သွားတဲ့ အောက်မီးလက်ဝရွာကို ထမင်းဟင်းချက်ဖို့ ထင်းတွေကို သယ်ဖို့ လှေနှစ်စီးနဲ့ သွားကြတယ် အဲဒီကနေ အပြန် ပလက်ဝဖက်ကို ရောက်ခါနီးမှာ ကုလားတန်မြစ် အရှေ့ဖက်ကမ်းကနေ သေနတ်နဲ့ အပစ်ခံရပြီး လှေပေါ်မှာဘဲ သေသွားတယ်လို့ သိရတယ်”ဟုပြောသည်။

သေနက် အပစ်ခံရသူ ဒေါ်ဟွေ့မှာ မေလ ၃၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်တွင် မီးလက်ဝ ဖက်သို့ အဖော် ၇ ဦးနှင့် ထင်းယူပြီးအပြန် ပလက်ဝဖက် ကမ်းနားတွင် အပစ်ခံရကြောင်းသိရသည်။

သေဆုံးသွားသည့် ဒေါ်ဟွေ့မှာ အောက်မီးလက်ဝရွာတွင် သားသမီးများရှိပြီး ၎င်းတို့ထံ အလည်လာစဉ် အောက်မီးလက်ဝရွာအနီးနားတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့သို့ ပြောင်းရွှေ့ရာတွင် ပါဝင်ခဲ့ရသည့် သူလည်းဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင်းရှိ အောက်မီးလက်ဝကျေးရွာတွင် မေလ ၂၆ ရက်နေ့က အိမ်ခြေများစွာ မီးရှို့ခံရပြီး အောက်မီးလက်ဝ ရွာသူရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုမီးရှို့မခံရခင်ကတည်းက ရွာကိုစွန့်ခွာကာလက်ရှိပလက်ဝမြို့တွင် စစ်ဘေးရှောင်ဖြင့် နေထိုင်နေကြကြောင်း သိရသည်။

 

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး စက်လှေစီးနေစဉ်  သေနက်အပစ်ခံရ၍ သေဆုံး

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အသက် (၆၀) နှစ်အရွယ် ဒေါ်ဟွေ့ခင် သည် ယနေ့မနက် ၉ နာရီ ခွဲဝန်းကျင်တွင်အောက်မီးလက်ဝရွာသို့ ထင်းသယ်ပြီး အပြန် စက်လှေပေါ်တွင် သေနက်အပစ်ခံရ၍ သေဆုံးကြောင်း သိရသည်။

ပလက်ဝဒေသခံတစ်ဦးက “ဒီမနက် ၈ နာရီဝန်းကျင်လောက်မှာ ပလက်ဝ တစ်ဖက် ကမ်းမှာရှိတဲ့ ဟိုတလောက မီးလောင်သွားတဲ့  အောက်မီးလက်ဝရွာကို ထမင်းဟင်းချက်ဖို့ ထင်းတွေကို သယ်ဖို့ လှေနှစ်စီးနဲ့ သွားကြတယ် အဲဒီကနေ အပြန် ပလက်ဝဖက်ကို ရောက်ခါနီးမှာ ကုလားတန်မြစ် အရှေ့ဖက်ကမ်းကနေ သေနက်နဲ့ အပစ်ခံရပြီး လှေပေါ်မှာဘဲ သေသွားတယ်လို့ သိရတယ်”ဟုပြောသည်။

သေနက် အပစ်ခံရသူ ဒေါ်ဟွေ့မှာ မေလ ၃၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်တွင် မီးလက်ဝ ဖက်သို့ အဖော် ၇ ဦးနှင့် ထင်းယူပြီးအပြန် ပလက်ဝဖက် ကမ်းနားတွင် အပစ်ခံရကြောင်းလည်းသိရသည်။

