Input your search keywords and press Enter.

ဆာကိုဗိုင်းရပ်စ်ကြောင့် ထန်တလန်မြို့နယ်တွင် ဝက်များသေဆုံးလျက်ရှိ

 

Shing Mang

ဆာကိုဗိုင်းရပ်စ်ကြောင့် ထန်တလန်မြို့နယ်တွင် ဝက်များသေဆုံးလျက်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ဆာကိုရာဗိုင်းရပ်စ်ကြောင့် ယနေ့ (၂၉/၅/၂၀၂၀)ထိ ဝက်ကောင်ရေ ၁၈၀ ကျော်သေဆုံးပြီ ဖြစ်ကြောင်း ရှိသည် ဟုသိရသည်။

” ဒီနေ့ချိန်ထိတော့ ဝက်ကောင်ရေ ၁၈၀ ကျော်လောက်သေဆုံးပီ လို့ သိရပါတယ်၊ ဒီအနေထားနဲ့ပတ်သတ်ပြီး ထန်တလန် မွေးမြူရေးကုသရေးဦးစီးဌာနကို တရားဝင်စာနဲ့လည်း ညွှန်ကြားထားတယ်၊နေ့စဥ် ဝက်ခြံများကို ပိုးသတ်ဆေးဖြန်းရန် မွေးမြူသူများကိုလည်း နည်းစနစ်တကျ မွေးမြူရန် နှင့် ဇီဝလုံခြုံမှု ကို အလေးထားဆောင်ရွက်ရန် အတွက် အသိပညာပေးရန် ဝက်သေတဲ့ စာရင်းကိုလည်း စနစ်တကျမှတ်တမ်းတင်ပြီး နေ့စဥ်ဖုန်းနဲ့ ကျွန်တော့်ဆီ ပို့တယ် တစ်ပတ်တစ်ကြိမ် ကျွန်တော်တို့ ဆီစာနဲ့ တင်ခိုင်းတယ် ” ဟု ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှုး ဒေါက်တာ ကျော်သူ ထံမှ သိရသည်။

ဝက်သေဆုံးမှုသည် မတ်လ စပိုင်းတွင် စတင်သိရှိရပြီး ရောဂါတိတိကျကျ သိရှိနိုင်ရန် ကျန်းမာရေးမကောင်းသည့် ဝက်၃ကောင် ၏ သွေးနမူနာ (Blood Sample) များကို မန္တလေး တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ပေးပို့ခဲ့ပြီး စစ်ဆေးချက်အရ Porcine Circovirus Type- 2 (PCV-2)( ဆာကိုရာဗိုင်းရပ်စ်ကြောင့်ဝက်အားနည်းရောဂါ) ဖြစ်ကြောင်း သိရှိရခြင်း ဖြစ်သည်။ ယင်းရောဂါသည် သည် လူကို ကူးစက်နိုင်သည့် ရောဂါမဟုတ်ကြောင်းလည်း သိရသည်။

ဒေါက်တာ ကျော်သူမှ ဆက်ပြီး ” ဒီရောဂါနဲ့ ပတ်သက်ပြီး ဒီရောဂါက ဘယ်လိုပြန့်နှံ့သလဲဆိုရင် တောဝက်တွေနဲ့ အိမ်မွေးဝက်တွေမှာ အဖြစ်များတယ်၊ ဘယ်လိုဖြစ်ပွားနေသလဲဆိုတော့ ထိတွေ့မှု ၊ရောဂါဖြစ်တဲ့ တောဝက်တွေနဲ့ ထိတွေ့ရင် သော်လည်းကောင်း ရောဂါလက္ခဏာ မပြ သော ဝက် မှ တခြားဝက် (သို့ )ရောဂါဖြစ်ပွားသောဝက်မှ တခြားဝက်သို့ ကူးစက်နိုင်ပါတယ် ကူးစက်ပုံကတော့ ဝက်နာ ဝက်သေများ တနေရာမှ တနေရာ သယ်ဆောင်ခြင်း ရောဂါဖြစ်နေသောဝက် အား သတ်ဖြတ်ခြင်း မှ လူတို့စားကြွင်းကျန် ကနေသော်လည်းကောင်း ဝက်နာ ရဲ့ ဆီး ဝမ်း နှာခေါင်း ပါးစပ်တို့မှ ထွက်သော အရည် များ ထိတွေ့မှု ကလည်းကောင်း ဖြစ်ပွားနိုင်တယ်၊ ရှင်းရှင်းပြောရရင် ထန်တလန်မှာက လွှတ်ကျောင်းစနစ်နဲ့ မွေးတာတွေ ရှိသေးတယ် အစပိုင်းမှာ ဝက် အသေကောင်တွေကို စနစ်တကျ မြှပ်နှံမှူ မရှိရင် ဒါတွေ ကနေ ပြန့်သွားတယ် နောက်ပိုင်း ညွှန်ကြားချက်တွေမှာ လွှတ်ကျောင်းစနစ်နဲ့ မွေးလို့မရတော့ဘူး ကိုယ့်ဟာကို ဝင်း​ြခံစနစ်နဲ့ပဲ မွေးရမယ်၊ ဇီဝလုံခြုံမှုကို ဂရုပြုရမယ် ဒီဟာလေးတွေလည်း လိုက်နာမှုပိုင်းမှာ အားနည်းတာတွေ ရှိတာပေါ့နော်၊ ” ဟုပြောသည်။

ယင်း ဆာကိုဗိုင်းရပ်စ်သည် ထိရောက်သော ကုသမှု ပေးသော ဆေးဝါးမရှိသောကြောင့် ဇီဝလုံခြံမှု စနစ်များမှ မွေးမြူရေး တိရိစ္ဆာန် များကို လုံခြုံသော ဝင်းခြံ ဖြင့် သီးခြားထားရှိခြင်း ၊ ခြံအတွင်းသို့ လူ၊ယာဉ်၊ပစ္စည်း အဝင်အထွက် ထိန်းချုပ်ခြင်း ၊ သန်ရှင်းအောင်ထားရှိခြင်း နှင့် ပိုးသတ်ဆေးဖျန်းခြင်းများ အဓိကထားဆောင်ရွက်မှသာ ရောဂါတားဆီးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိချင်းပြည်နယ်တွင် ထန်တလန်မြို့တွင်သာ ဆာကိုဗိုင်းရပ်စ်​ကြောင့် ဝက်သေဆုံးမှုရှိကြောင်းသိရပြီး ကျန်မြို့နယ်များတွင် နည်းစနစ်တကျ လုပ်ဆောင်ရန်တိုက်တွန်းထားကြောင်းလည်း သိရသည်။

 

ဆာကိုဗိုင်းရပ်စ်ကြောင့် ထန်တလန်မြို့နယ်တွင် ဝက်များသေဆုံးလျက်ရှိ

Shing Mang

ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ထန္တလန္ၿမိဳ႕နယ္တြင္ ဝက္မ်ားေသဆုံးလ်က္ရွိ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္တြင္ ဆာကိုရာဗိုင္းရပ္စ္ေၾကာင့္ ယေန႔ (၂၉/၅/၂၀၂၀)ထိ ဝက္ေကာင္ေရ ၁၈၀ ေက်ာ္ေသဆုံးၿပီ ျဖစ္ေၾကာင္း ရွိသည္ ဟုသိရသည္။

” ဒီေန႔ခ်ိန္ထိေတာ့ ဝက္ေကာင္ေရ ၁၈၀ ေက်ာ္ေလာက္ေသဆုံးပီ လို႔ သိရပါတယ္၊ ဒီအေနထားနဲ႔ပတ္သတ္ၿပီး ထန္တလန္ ေမြးျမဴေရးကုသေရးဦးစီးဌာနကို တရားဝင္စာနဲ႔လည္း ညႊန္ၾကားထားတယ္၊ေန႔စဥ္ ဝက္ၿခံမ်ားကို ပိုးသတ္ေဆးျဖန္းရန္ ေမြးျမဴသူမ်ားကိုလည္း နည္းစနစ္တက် ေမြးျမဴရန္ ႏွင့္ ဇီဝလုံျခဳံမႈ ကို အေလးထားေဆာင္ရြက္ရန္ အတြက္ အသိပညာေပးရန္ ဝက္ေသတဲ့ စာရင္းကိုလည္း စနစ္တက်မွတ္တမ္းတင္ၿပီး ေန႔စဥ္ဖုန္းနဲ႔ ကၽြန္ေတာ့္ဆီ ပို႔တယ္ တစ္ပတ္တစ္ႀကိမ္ ကၽြန္ေတာ္တို႔ ဆီစာနဲ႔ တင္ခိုင္းတယ္ ” ဟု ခ်င္းျပည္နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ျပည္နယ္ဦးစီးမႈး ေဒါက္တာ ေက်ာ္သူ ထံမွ သိရသည္။

ဝက္ေသဆုံးမႈသည္ မတ္လ စပိုင္းတြင္ စတင္သိရွိရၿပီး ေရာဂါတိတိက်က် သိရွိနိုင္ရန္ က်န္းမာေရးမေကာင္းသည့္ ဝက္၃ေကာင္ ၏ ေသြးနမူနာ (Blood Sample) မ်ားကို မႏၲေလး တိရစၧာန္ ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းတြင္ ေပးပို႔ခဲ့ၿပီး စစ္ေဆးခ်က္အရ Porcine Circovirus Type- 2 (PCV-2)( ဆာကိုရာဗိုင္းရပ္စ္ေၾကာင့္ဝက္အားနည္းေရာဂါ) ျဖစ္ေၾကာင္း သိရွိရျခင္း ျဖစ္သည္။ ယင္းေရာဂါသည္ သည္ လူကို ကူးစက္နိုင္သည့္ ေရာဂါမဟုတ္ေၾကာင္းလည္း သိရသည္။

ေဒါက္တာ ေက်ာ္သူမွ ဆက္ၿပီး ” ဒီေရာဂါနဲ႔ ပတ္သက္ၿပီး ဒီေရာဂါက ဘယ္လိုျပန႔္ႏွံ့သလဲဆိုရင္ ေတာဝက္ေတြနဲ႔ အိမ္ေမြးဝက္ေတြမွာ အျဖစ္မ်ားတယ္၊ ဘယ္လိုျဖစ္ပြားေနသလဲဆိုေတာ့ ထိေတြ႕မႈ ၊ေရာဂါျဖစ္တဲ့ ေတာဝက္ေတြနဲ႔ ထိေတြ႕ရင္ ေသာ္လည္းေကာင္း ေရာဂါလကၡဏာ မၿပ ေသာ ဝက္ မွ တျခားဝက္ (သို႔ )ေရာဂါျဖစ္ပြားေသာဝက္မွ တျခားဝက္သို႔ ကူးစက္နိုင္ပါတယ္ ကူးစက္ပုံကေတာ့ ဝက္နာ ဝက္ေသမ်ား တေနရာမွ တေနရာ သယ္ေဆာင္ျခင္း ေရာဂါျဖစ္ေနေသာဝက္ အား သတ္ျဖတ္ျခင္း မွ လူတို႔စားႂကြင္းက်န္ ကေနေသာ္လည္းေကာင္း ဝက္နာ ရဲ့ ဆီး ဝမ္း ႏွာေခါင္း ပါးစပ္တို႔မွ ထြက္ေသာ အရည္ မ်ား ထိေတြ႕မႈ ကလည္းေကာင္း ျဖစ္ပြားနိုင္တယ္၊ ရွင္းရွင္းေျပာရရင္ ထန္တလန္မွာက လႊတ္ေက်ာင္းစနစ္နဲ႔ ေမြးတာေတြ ရွိေသးတယ္ အစပိုင္းမွာ ဝက္ အေသေကာင္ေတြကို စနစ္တက် ျမႇပ္ႏွံမႉ မရွိရင္ ဒါေတြ ကေန ျပန႔္သြားတယ္ ေနာက္ပိုင္း ညႊန္ၾကားခ်က္ေတြမွာ လႊတ္ေက်ာင္းစနစ္နဲ႔ ေမြးလို႔မရေတာ့ဘူး ကိုယ့္ဟာကို ဝင္း​ၿခံစနစ္နဲ႔ပဲ ေမြးရမယ္၊ ဇီဝလုံျခဳံမႈကို ဂ႐ုျပဳရမယ္ ဒီဟာေလးေတြလည္း လိုက္နာမႈပိုင္းမွာ အားနည္းတာေတြ ရွိတာေပါ့ေနာ္၊ ” ဟုေျပာသည္။

ယင္း ဆာကိုဗိုင္းရပ္စ္သည္ ထိေရာက္ေသာ ကုသမႈ ေပးေသာ ေဆးဝါးမရွိေသာေၾကာင့္ ဇီဝလုံၿခံမႈ စနစ္မ်ားမွ ေမြးျမဴေရး တိရိစၧာန္ မ်ားကို လုံျခဳံေသာ ဝင္းၿခံ ျဖင့္ သီးျခားထားရွိျခင္း ၊ ၿခံအတြင္းသို႔ လူ၊ယာဥ္၊ပစၥည္း အဝင္အထြက္ ထိန္းခ်ဳပ္ျခင္း ၊ သန္ရွင္းေအာင္ထားရွိျခင္း ႏွင့္ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား အဓိကထားေဆာင္ရြက္မွသာ ေရာဂါတားဆီးနိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ လက္ရွိခ်င္းျပည္နယ္တြင္ ထန္တလန္ၿမိဳ႕တြင္သာ ဆာကိုဗိုင္းရပ္စ္​ေၾကာင့္ ဝက္ေသဆုံးမႈရွိေၾကာင္းသိရၿပီး က်န္ၿမိဳ႕နယ္မ်ားတြင္ နည္းစနစ္တက် လုပ္ေဆာင္ရန္တိုက္တြန္းထားေၾကာင္းလည္း သိရသည္။