Input your search keywords and press Enter.

လိုင်စင်မရှိသည့် လက်ကိုင်ဖြတ်လွှစက် (Chain Saw) အသုံးပြုသူများကို ဇွန်လ ၁ ရက်နေ့မှ စတင်အရေးယူမည်

 

Salai C Lian

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် လက်ကိုင်ဖြတ်လွှစက်(Chain Saw) လိုင်စင်မရှိ ပဲအသုံးပြုသူများကို ဇွန်လ တစ်ရက်နေ့မှ စတင်အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မေလ ၁၈ ရက်နေ့တွင် ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယင်းထုနန်ပြန်ချက်တွင် မေလ ၃၁ ရက်နေ့ထိ ပညာပေးကာလဟု သတ်မှတ်ပြီး ယင်းကာလ ကျော်လွန်ပြီး လက်ကိုင်စက်လွှ ဝယ်ယူခြင်း၊ သယ်ဆောင်ခြင်းနှင် အသုံးပြုသူများကို သစ်တောဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက “ကျွန်တော်တို့ ဒီအမိန့်ထုတ်တာ နောက်တောင်ကျနေတယ်၊ တခြားပြည်နယ်နှင့် တိုင်းမှာဆိုရင် ဒီအမိန့်ထုတ်တာကြာပြီ၊ ဒီလို အဓိကလုပ်ရခြင်းကတော့ တစ်ပြည်လုံး သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရန် လုပ်ရခြင်းဖြစ်တယ်၊ အမိန့်လိုက်နာမှု မရှိတဲ့သူကို ဥပဒေအရ အရေးယူမယ်” ဟုပြောသည်။

သို့သော်ပြည်သူများအနေဖြင့် လက်ကိုင်လွှစက်များ ကိုင်ဆောင်အသုံးပြုလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်သစ်တော ဦးစီးဌာနသို့ သက်တမ်းတစ်နှစ် ရှိသည့် ခွင့်ပြုချက်ရယူကာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသန္တရအမိန့် လိုက်နာဆောင်မှုမရှိပါက သစ်တောဥပဒေ ပုဒ်မ (၄၂)၊ ပုဒ်မခွဲ (ခ) အရ ထောင်ဒဏ် (၇) နှစ်ဖြစ်စေ၊ ငွေဒဏ် ၁၀ သန်းဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချထားမည်ဖြစ်ကြောင်း သိရသည်။

 

လိုင္စင္မရွိသည့္ လက္ကိုင္ျဖတ္လႊစက္ (Chain Saw) အသုံးျပဳသူမ်ားကို ဇြန္လ ၁ ရက္ေန႔မွ စတင္အေရးယူမည္

 

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ျပည္သူမ်ားအေနျဖင့္ လက္ကိုင္ျဖတ္လႊစက္(Chain Saw) လိုင္စင္မရွိ ပဲအသုံးျပဳသူမ်ားကို ဇြန္လ တစ္ရက္ေန႔မွ စတင္အေရးယူမည္ျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေမလ ၁၈ ရက္ေန႔တြင္ ေဒသႏၲရအမိန႔္ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

 

ယင္းထုနန္ျပန္ခ်က္တြင္ ေမလ ၃၁ ရက္ေန႔ထိ ပညာေပးကာလဟု သတ္မွတ္ၿပီး ယင္းကာလ ေက်ာ္လြန္ၿပီး လက္ကိုင္စက္လႊ ဝယ္ယူျခင္း၊ သယ္ေဆာင္ျခင္းႏွင္ အသုံးျပဳသူမ်ားကို သစ္ေတာဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

 

စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ ခ်င္းေရးရာဝန္ႀကီး ဦးလာလ္ေထာင္ထန္းက “ကၽြန္ေတာ္တို႔ ဒီအမိန႔္ထုတ္တာ ေနာက္ေတာင္က်ေနတယ္၊ တျခားျပည္နယ္ႏွင့္ တိုင္းမွာဆိုရင္ ဒီအမိန႔္ထုတ္တာၾကာၿပီ၊ ဒီလို အဓိကလုပ္ရျခင္းကေတာ့ တစ္ျပည္လုံး သစ္ေတာျပဳန္းတီးမႈ ကာကြယ္နိုင္ရန္ လုပ္ရျခင္းျဖစ္တယ္၊ အမိန႔္လိုက္နာမႈ မရွိတဲ့သူကို ဥပေဒအရ အေရးယူမယ္” ဟုေျပာသည္။

 

သို႔ေသာ္ျပည္သူမ်ားအေနျဖင့္ လက္ကိုင္လႊစက္မ်ား ကိုင္ေဆာင္အသုံးျပဳလိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္သစ္ေတာ ဦးစီးဌာနသို႔ သက္တမ္းတစ္ႏွစ္ ရွိသည့္ ခြင့္ျပဳခ်က္ရယူကာ လုပ္ေဆာင္နိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

 

စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕​၏ ေဒသႏၲရအမိန႔္ လိုက္နာေဆာင္မႈမရွိပါက သစ္ေတာဥပေဒ ပုဒ္မ (၄၂)၊ ပုဒ္မခြဲ (ခ) အရ ေထာင္ဒဏ္ (၇) ႏွစ္ျဖစ္ေစ၊ ေငြဒဏ္ ၁၀ သန္းျဖစ္ေစ၊ ဒဏ္ ၂ ရပ္လုံးျဖစ္ေစ ခ်ထားမည္ျဖစ္ေၾကာင္း သိရသည္။