Input your search keywords and press Enter.

ပလက်ဝမြို့တွင် လက်နက်ကြီး ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိ

 

 

 

Salai Khup Khup

ပလက်ဝမြို့ ရိက္ခာရပ်ကွက်နေ ဦးထောင်ကိန်းနေအိ်မ်၏မီးဖိုချောင်ခန်းတွင် ယနေ့ မနက် ၁၁ နာရီ ဝန်းကျင်တွင် လက်နက်ကြီးကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း သိရသည်။
ပလက်ဝမြို့ဒေသခံ ကိုကျော်ခင်က “မီးဖိုချောင်ပေါ်မှာ ကျသွားတာ လူတွေကတော့ အရှေ့ဖက်ခြမ်းမှာ နေကြတော့ ထိခိုက် ဒဏ်ရာရတဲ့လူကတော့ မရှိကြဘူး တော်သေးတာပေါ့ အကာကွယ်ရှိတဲ့ နေရာမှာတွေ နေလိုက်လို့ အသံကြောင့် နားအူသွားတာမျိုးတော့ ရှိသွားတယ်”ဟုပြောသည်။
ဦးထောင်ကိန်းနေအိမ် မီးဖိုချောင်ခန်းတွင် လက်ကြီးကျခဲ့ပြီး မီးဖိုချောင်ခန်းမှာ ပျက်စီးသွားသော်လည်း အနီးနားရှိ လူများကို ထိခိုက်မိခဲ့ခြင်း မရှိကြောင်းသိရသည်။
ပလက်ဝမြို့အနီးတဝိုက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် မြို့ပေါ်နေ ပြည်သူလူထုများ စိုးရိမ်နေရ ကြောင်းလည်းသိရသည်။
တိုက်ပွဲများကြောင့် ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦးရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCCI ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

ပလက္ဝၿမိဳ႕တြင္ လက္နက္ႀကီး က်ခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရရွိသူမရွိ

ပလက္ဝၿမိဳ႕ ရိကၡာရပ္ကြက္ေန ဦးေထာင္ကိန္းေနအိ္မ္၏မီးဖိုေခ်ာင္ခန္းတြင္ ယေန့ မနက္ ၁၁ နာရီ ၀န္းက်င္တြင္  လက္နက္ႀကီးက်ခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရရွိခဲ့သူ မရွိေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕ေဒသခံ ကိုေက်ာ္ခင္က “မီးဖိုေခ်ာင္ေပၚမွာ က်သြားတာ လူေတြကေတာ့ အေရွ႕ဖက္ျခမ္းမွာ ေနၾကေတာ့ ထိခိုက္ ဒဏ္ရာရတဲ့လူကေတာ့ မရွိၾကဘူး  ေတာ္ေသးတာေပါ့ အကာကြယ္ရွိတဲ့ ေနရာမွာေတြ ေနလိုက္လို႔ အသံေၾကာင့္ နားအူသြားတာမ်ိဳးေတာ့ ရွိသြားတယ္”ဟုေျပာသည္။

ဦးေထာင္ကိန္းေနအိမ္ မီးဖိုေခ်ာင္ခန္းတြင္ လက္ႀကီးက်ခဲ့ၿပီး မီးဖိုေခ်ာင္ခန္းမွာ ပ်က္စီးသြားေသာ္လည္း အနီးနားရွိ လူမ်ားကို ထိခိုက္မိခဲ့ျခင္း မရွိေၾကာင္းသိရသည္။

ပလက္ဝၿမိဳ႕အနီးတဝိုက္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႔ၾကား တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာေသာေၾကာင့္ ၿမိဳ႕ေပၚေန ျပည္သူလူထုမ်ား စိုးရိမ္ေနရ ေၾကာင္းလည္းသိရသည္။

တိုက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕တြင္ တိုက္ပြဲေရွာင္သည့္ အိမ္ေထာင္စု ၁၁၃၂ စုရွိၿပီး လူဦးေရအားျဖင့္ ၅၀၉၀ဦးရွိေၾကာင္းႏွင့္ ဆမီးၿမိဳ႕တြင္ အိမ္ေထာင္စု ၆၉၈ စုရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ဦး ရွိေၾကာင္း ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCCI ၏ ထုတ္ျပန္ခ်က္အရ သိရသည္။