Input your search keywords and press Enter.

ဆမီးမြို့တွင်ပုံနေသောဆန်အိတ်များကို ပလက်ဝမြို့သို့ပို့ဆောင်နိုင်ရန်ထပ်မံကြိုးပမ်းနေ

 

 

Salai Khup Khup

ဆမီးမြို့တွင်ပုံနေသောဆန်အိတ်များကို ပလက်ဝမြို့သို့ပို့ဆောင်နိုင်ရန် ချင်းပြည်နယ်အစိုးရမှ ထပ်မံကြိုးပမ်းနေကြောင်း ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “စားနပ်ရိက္ခာ အားလုံးက ဆမီးမှာပုံနေတယ်ဆိုတော့ ဆမီးမှာ အဆင်ပြေတယ် ပလက်ဝနဲ့ ရွာတစ်ခုက လမ်းကြောင်းအရ လိုအပ်ချက်ရှိတယ် ပြည်ထောင်စု အဖွဲ့ကို တင်ပြပြီးတော့ ပို့ဖို့စီစဉ်နေတယ် လုံခြုံရေးအခြေအနေအရ ပို့လို့မရသေးဘူး ဆန်အိတ် ၃၅၀၀ နဲ့ ကျန်တဲ့ လူသုံးကုန် ပစ္စည်းတွေကို ပို့ုဖို့အစီစဉ်ရှိတယ် ဆမီးမှာရောက်ပြီးသား အဲဒါတွေပို့ဖို့ ပလက်ဝနဲ့ ဆမီးကြားမှာ လုံခြုံရေးအခြေနေရ ပို့လို့မရသေးဘူး”ဟုပြောသည်။
ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ပြည်ထောင်စု အစိုးရ ပြည်တွင်းပြည်ပ အလှူရှင်များမှ လှူတန်းထားသည့် ဆန်အိတ်များမှာ ဆမီးတွင် ရှိနေပြီး ပလက်မြို့ပေါ်သို့ ပို့ဆောင်ရန် လုံခြုံရေးအခြေနေအရ စိတ်မချရသေးကြောင်းလည်း သိရသည်။
လက်ရှိ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် မိုးတွင်းမတိုင်မီ ဝါးများနှင့် နေအိမ်များကို ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးလျှက်ရှိပြီး့ ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI မှလည်းအလှူငွေများ ကောက်ခံပေး နေလျှက်ရှိကြောင်းလည်းသိရသည်။
ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။
ပလက်ဝမြို့နှင့်ရခိုင်ပြည်နယ်ကျောက်တော်မြို့ကိုဆက်သွယ်ရာတွင်လည်းကောင်း၊ဆမီးမြို့နှင့်မတူပီမြို့ကိုဆက်သွယ်ရာတွင်လည်းကောင်းအရေးပါသည့်ကုလားတန် မြစ်ကူးတံတားပြီးဆုံးပြီ ဖြစ်သော်လည်း နယ်မြေမငြိမ်းချမ်း မှုကြောင့် တံတားပေါ်သို့ မည်သူမှ ဖြက်သန်းသွားလာခြင်း မရှိသေးကြောင်း သိရသည်။

 

ဆမီးျမိဳ့တြင္ပုံေနေသာဆန္အိတ္မ်ားကုိ ပလက္ဝျမိဳ့သုိ့ပုိ့ေဆာင္ႏုိင္ရန္ထပ္မံၿကုိးပမ္းေန

 

ဆမီးျမိဳ့တြင္ပုံေနေသာဆန္အိတ္မ်ားကုိ ပလက္ဝျမိဳ့သုိ့ပုိ့ေဆာင္ႏုိင္ရန္ ခ်င္းျပည္နယ္အစုိးရမွ ထပ္မံၿကုိးပမ္းေနေၿကာင္း ျပည္နယ္စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “စားနပ္ရိကၡာ အားလုံးက ဆမီးမွာပုံေနတယ္ဆိုေတာ့ ဆမီးမွာ အဆင္ေျပတယ္  ပလက္ဝနဲ႔ ရြာတစ္ခုက  လမ္းေၾကာင္းအရ လိုအပ္ခ်က္ရွိတယ္  ျပည္ေထာင္စု အဖြဲ႕ကို တင္ျပၿပီးေတာ့  ပို႔ဖို႔စီစဥ္ေနတယ္  လုံၿခံဳေရးအေျခအေနအရ ပို႔လို႔မရေသးဘူး  ဆန္အိတ္ ၃၅၀၀  နဲ႔ က်န္တဲ့ လူသုံးကုန္ ပစၥည္းေတြကို ပို႔ုဖို႔အစီစဥ္ရွိတယ္  ဆမီးမွာေရာက္ၿပီးသား အဲဒါေတြပို႔ဖို႔ ပလက္ဝနဲ႔ ဆမီးၾကားမွာ  လုံၿခံဳေရးအေျခေနရ ပို႔လို႔မရေသးဘူး”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္မ်ားအတြက္ ျပည္ေထာင္စု အစိုးရ ျပည္တြင္းျပည္ပ အလႉရွင္မ်ားမွ လႉတန္းထားသည့္ ဆန္အိတ္မ်ားမွာ ဆမီးတြင္ ရွိေနၿပီး ပလက္ၿမိဳ႕ေပၚသို႔ ပို႔ေဆာင္ရန္ လုံၿခံဳေရးအေျခေနအရ စိတ္မခ်ရေသးေၾကာင္းလည္း သိရသည္။

လက္ရွိ ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားအတြက္ မိုးတြင္းမတိုင္မီ ဝါးမ်ားႏွင့္ ေနအိမ္မ်ားကို ျပည္နယ္အစိုးရမွ ေထာက္ပံ့ေပးလၽွက္ရွိၿပီး့ ျပည္သူမ်ားအေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCI မွလည္းအလႉေငြမ်ား ေကာက္ခံေပး ေနလၽွက္ရွိေၾကာင္းလည္းသိရသည္။

ပလက္ဝၿမိဳ႕တြင္ တိုက္ပြဲေရွာင္သည့္ အိမ္ေထာင္စု ၁၁၃၂ စုရွိၿပီး လူဦးေရအားျဖင့္ ၅၀၉၀ဦး ရွိေၾကာင္းႏွင့္ ဆမီးၿမိဳ႕တြင္ အိမ္ေထာင္စု ၆၉၈ စုရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ ဦး ရွိေၾကာင္း ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCI၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ပလက္ဝၿမိဳ႕ႏွင့္ရခိုင္ျပည္နယ္ေက်ာက္ေတာ္ၿမိဳ႕ကိုဆက္သြယ္ရာတြင္လည္းေကာင္း၊ဆမီးျမိဳ့ႏွင့္မတူပီၿမိဳ႕ကိုဆက္သြယ္ရာတြင္လည္းေကာင္းအေရးပါသည့္ကုလားတန္ ျမစ္ကူးတံတားၿပီးဆုံးၿပီ ျဖစ္ေသာ္လည္း နယ္ေျမမၿငိမ္းခ်မ္း မႈေၾကာင့္ တံတားေပၚသို႔ မည္သူမွ ျဖက္သန္းသြားလာျခင္း မရွိေသးေၾကာင္း သိရသည္။