Input your search keywords and press Enter.

မင်းတပ်NLDပါတီရုံးတည်ဆောက်ပြီးစီးသော်လည်းအလုပ်သမားခ သိန်း ၅၀ ၃ လ ကြာသည့်အထိမရသေး

 

 

Salai Khup Khup

 

မင်းတပ်မြို့တွင် NLD ပါတီရုံး တည်ဆောက်ပြီးစီးသော်လည်း အလုပ်သမားခ သိန်း ၅၀ ကို သုံးလကြာပြီဖြစ်သော်လည်း ယနေ့ချိန်ထိ မရရှိသေးကြောင်း အလုပ်သမားခေါင်းဆောင် ဦးဝင်းအောင်ထံမှသိရှိရသည်။

အလုပ်သမား ခေါင်းဆောင် ဦးဝင်းအောင်က “ရုံးဖွင့်ပြီးရင် ပေးမယ်လို့ပြောပြီး ရုံးဖွင့်ပြီးတော့လည်း ပေးမထားဘူး စောင့်ပေးဖို့ ထပ်ပြောတာ လူမှုရေးအရ စောင့်ပေးတာ ဒီနေ့နဲ့ဆိုရင် သုံးလရှိပြီ အလုပ်သမားတွေလည်း အများကြီးဆိုတော့ ကျွန်တော်ကလည်း ပိုက်ဆံလည်းမပေးနိုင် ကျတော်ကိုလည်း တိုင်နေကြပြီဆိုတော့ ဒုက္ခအရမ်းရောက်တယ် ။ကျွန်တော်ဖက်က အတတ်နိုင်ဆုံး စောင့်ပေးတာ (၃)လ ဆိုတဲ့အချိန်က နည်းတာမဟုတ်ဘူး အလုပ်သမားတွေနဲ့ ရုန်းကန်နေရတယ် အခုလို ရောဂါကာလမှာ စားရေးသောက်ရေးမှာ ပိုအခက်ခဲဖြစ်တယ်”ဟုပြောသည်။

မင်းတပ်မြို့ရှိ NLD ပါတီရုံးကို ၄ ရက် ၊၁၂ လ၊ ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ၂ လပိုင်း ၂၄ ရက်နေ့တွင် တည်ဆောက်ပြီးစီး ခဲ့သော်လည်း အလုပ်သမားခ သိန်းငါးဆယ်ကျပ် ပေးရန် ရှိနေကြောင်းသိရသည်။

မင်းတပ်NLDပါတီရုံးတည်ဆောက်ရေးကော်မတီအတွင်းရေးမှူး ဦးထန်းလိန်းက “လုပ်အားခက ၂၀၁၉-၂၀၂၀ ခုနှစ်က စျေးနှုန်းနဲ့ အနီးစပ်ဆုံး ချိန်ကြည့်ရင်လည်း အလုပ်သမားတွေဖက်က တောင်းဆိုတာ များနေတာတွေရှိတယ် ဒေသပေါက်စျေး နဲ့ဆိုရင်လည်း များတဲ့ဟာတွေရှိတယ် စျေးနှုန်းနဲ့ ပက်သက်ပြီး စာရင်း ပြင်စရာတွေ အများကြီးရှိသေးတယ်”ဟုပြောသည်။

NLD ရုံးတည်ဆောက်ရန် ကုန်ကျမည့် ငွေကြေးများ အားလုံးကို မင်းတပ်မြို့ရှိ တာဝန်ရှိသူများထံ ပြည်နယ်လွှတ်တော် ဥက္ကဌမှ လွှဲပေးလိုက်ပြီဟု သိရှိရသော်လည်း ပါတီရုံးတည်ဆောက်ရန် ဦးဆောင်သူများမှှ အလုပ်သမားခပေးချေခြင်း မရှိသေးကြောင်းသိရသည်။

မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “ဟိုပါတီ ဒီပါတီဆိုတာ ခဏထားလိုက် အလုပ်သမားက အလုပ်လုပ်ပေးပြီးသွားရင် အလုပ်ရှင်က ပေးချေရမဲ့ တာဝန်ကျေပွန်ဖို့လိုတယ် အလုပ်သမားဖက်က နားလည်မှုထားပေးပြီးမှ သုံးလအထိ စောင့်ပေးတာ တောင်မှ ဘယ်နေ့ရှင်းပေးပါမယ်ဆိုတာကို ကောင်းကောင်းမွန်မွန် ညှိနှိုင်းဆွေးနွေးပေးတာတို့ လုပ်ပေးသင့်တယ်”ဟုဆိုသည်။

မင်းတပ်မြို့ရှိ ဒေသခံများအနေဖြင့် ရေစမ်းဦးနေရာတွင် တည်ဆောက်ထားသည့် NLD ပါတီရုံးကို တခြားနေရာတွင် တည်ဆောက်ရန် တောင်းဆိုခဲ့သော်လည်း ၎င်းနေရာတွင်သာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

 

မင္းတပ္NLDပါတီရုံးတည္ေဆာက္ျပီးစီးေသာ္လည္းအလုပ္သမားခ သိန္း ၅၀ ၃ လ ၿကာသည့္အထိမရေသး

မင္းတပ္ၿမိဳ႕တြင္ NLD ပါတီ႐ုံး တည္ေဆာက္ၿပီးစီးေသာ္လည္း အလုပ္သမားခ သိန္း ၅၀  ကို သုံးလၾကာၿပီျဖစ္ေသာ္လည္း ယေန႔ခ်ိန္ထိ မရရွိေသးေၾကာင္း အလုပ္သမားေခါင္းေဆာင္ ဦးဝင္းေအာင္ထံမွသိရွိရသည္။

အလုပ္သမား ေခါင္းေဆာင္ ဦးဝင္းေအာင္က “႐ုံးဖြင့္ၿပီးရင္ ေပးမယ္လို႔ေျပာၿပီး ႐ုံးဖြင့္ၿပီးေတာ့လည္း ေပးမထားဘူး  ေစာင့္ေပးဖို႔ ထပ္ေျပာတာ လူမႈေရးအရ ေစာင့္ေပးတာ ဒီေန႔နဲ႔ဆိုရင္ သုံးလရွိၿပီ  အလုပ္သမားေတြလည္း အမ်ားႀကီးဆိုေတာ့ က်ြန္ေတာ္ကလည္း   ပိုက္ဆံလည္းမေပးနိုင္ က်ေတာ္ကိုလည္း တိုင္ေနၾကၿပီဆိုေတာ့ ဒုကၡအရမ္းေရာက္တယ္ ။က်ြန္ေတာ္ဖက္က အတတ္နိုင္ဆုံး ေစာင့္ေပးတာ (၃)လ ဆိုတဲ့အခ်ိန္က နည္းတာမဟုတ္ဘူး အလုပ္သမားေတြနဲ႔ ႐ုန္းကန္ေနရတယ္  အခုလို ေရာဂါကာလမွာ စားေရးေသာက္ေရးမွာ ပိုအခက္ခဲျဖစ္တယ္”ဟုေျပာသည္။

မင္းတပ္ၿမိဳ႕ရွိ  NLD ပါတီ႐ုံးကို ၄ ရက္ ၊၁၂ လ၊ ၂၀၁၉ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ၂ လပိုင္း ၂၄ ရက္ေန႔တြင္ တည္ေဆာက္ၿပီးစီး ခဲ့ေသာ္လည္း အလုပ္သမားခ သိန္းငါးဆယ္က်ပ္ ေပးရန္ ရွိေနေၾကာင္းသိရသည္။

မင္းတပ္NLDပါတီ႐ုံးတည္ေဆာက္ေရးေကာ္မတီအတြင္းေရးမႉး ဦးထန္းလိန္းက “လုပ္အားခက ၂၀၁၉-၂၀၂၀ ခုႏွစ္က ေစ်းႏႈန္းနဲ႔ အနီးစပ္ဆုံး  ခ်ိန္ၾကည့္ရင္လည္း အလုပ္သမားေတြဖက္က ေတာင္းဆိုတာ မ်ားေနတာေတြရွိတယ္ ေဒသေပါက္ေစ်း နဲ႔ဆိုရင္လည္း မ်ားတဲ့ဟာေတြရွိတယ္  ေစ်းႏႈန္းနဲ႔ ပက္သက္ၿပီး  စာရင္း ျပင္စရာေတြ အမ်ားႀကီးရွိေသးတယ္”ဟုေျပာသည္။

NLD ႐ုံးတည္ေဆာက္ရန္ ကုန္က်မည့္ ေငြေၾကးမ်ား အားလုံးကို မင္းတပ္ၿမိဳ႕ရွိ တာဝန္ရွိသူမ်ားထံ ျပည္နယ္လႊတ္ေတာ္ ဥကၠဌမွ လႊဲေပးလိုက္ၿပီဟု သိရွိရေသာ္လည္း ပါတီ႐ုံးတည္ေဆာက္ရန္ ဦးေဆာင္သူမ်ားမွွ အလုပ္သမားခေပးေခ်ျခင္း မရွိေသးေၾကာင္းသိရသည္။

မင္းတပ္ၿမိဳ႕ အရပ္ဖက္လူမႈအဖြဲ႕အစည္းမွ ဆလိုင္းမာန္အြမ္က “ဟိုပါတီ ဒီပါတီဆိုတာ ခဏထားလိုက္ အလုပ္သမားက အလုပ္လုပ္ေပးၿပီးသြားရင္ အလုပ္ရွင္က  ေပးေခ်ရမဲ့ တာဝန္ေက်ပြန္ဖို႔လိုတယ္ အလုပ္သမားဖက္က နားလည္မႈထားေပးၿပီးမွ  သုံးလအထိ ေစာင့္ေပးတာ ေတာင္မွ  ဘယ္ေန႔ရွင္းေပးပါမယ္ဆိုတာကို ေကာင္းေကာင္းမြန္မြန္  ညႇိႏွိုင္းေဆြးေႏြးေပးတာတို႔ လုပ္ေပးသင့္တယ္”ဟုဆုိသည္။

မင္းတပ္ၿမိဳ႕ရွိ ေဒသခံမ်ားအေနျဖင့္ ေရစမ္းဦးေနရာတြင္ တည္ေဆာက္ထားသည့္ NLD ပါတီ႐ုံးကို တျခားေနရာတြင္ တည္ေဆာက္ရန္ ေတာင္းဆုိခဲ့ေသာ္လည္း ၎ေနရာတြင္သာ တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။