Input your search keywords and press Enter.

Case 150 နဲ့ပတ်သက်သည့် Quarantine ဝင်သူများ လူပေါင်း ၄၈ ဦးကို နေအိမ်သို့ ပြန်လည်စေလွှတ်

 

 

 

Shing Mang

ဟားခါးတွင် Covic ရောဂါပိုးပထမဆုံးတွေ့ရှိခဲ့သည့် Case 150 နဲ့ထိတွေ့ပတ်သက်နေသည့် Quarantine ဝင်သူအားလုံး သက်မှတ်သည့် ၂၁ ရက်အတွင်း ဆေးစစ်ချက်အရရောဂါလက္ခဏာမဖြစ်သောကြောင့် ယနေ့တွင် လူပေါင်း ၄၈ ဦးကိုယနေ့ နေအိမ်သို့ပြန်လည်စေ လွှတ်လိုက်ပြီဖြစ်ကြောင်း ဟားခါးဆေးရုံအုပ်ဒေါက်တာမန်ဗျက်ကုန်းထံမှသိရသည်။
“ဟားခါးတက္ကသိုလ်မှာ ရှိတဲ့သူတွေပဲ ပြန်လွှတ်တာပါ၊အားလုံးပြန်လွှတ်မှာပါ၊သူတို့ကို Home Quarantine ရရက်ပြန်ထားမှာပါ၊ ၃ယောက်တော့ ကျန်ဦးမယ်၊ ကျန်သုံးဦးက မနက်ဖြန်တစ်ဖက်ခါလောက် ထွက်မှာပါ”ဟု ဟားခါးဆေးရုံအုပ် Dr.Mang Biak Kung မှ ပြောသည်။
ဟားခါးတက္ကသိုလ်တွင် Facility Quarantine ဝင်သူ ၅၁ ဦးရှိပြီး သီဖူးလ် ကျေးရွာမှ ၂၂ဦး၊ဟားခါးမြို့ပေါ်က ၂၆ဦးတို့ကို နေ့လယ်ပိုင်း ၁၁နာရီကျော်ခန့်တွင် အစိုးရအစီစဉ်ဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
” သူတို့ကားနဲ့ ပြန်ပို့မှာပါ ရွာမှာနေတဲ့သူက ရွာဘက်ကို ပို့မှာပါ၊ ဟားခါးမှာ နေတဲ့သူက သူတို့နေရာတွေဆီမှာပေါ့ “ဟု ပြန်လည်စေလွှတ်သူ တစ်ဦးမှ ပြောသည်။
ဟားခါးတက္ကသိုလ် တွင် Facility Quarantine ထားရှိသူများသည် Case-150 နှင့်ထိတွေ့ခဲ့သူများဖြစ်ပြီး ဆေးစစ်ချက်အရ COVID-19 ပိုး မရှိသောကြောင့် Facility Quarantine ၂၁ ပြည့်ပြီး ပြန်လည်စေလွှတ်ခြင်းဖြစ်သည်။
လက်ရှိဟားခါးမြို့တွင် Facility Quarantine ဝင်သူ ၂ဝဦးခန့်ရှိနေသေးကြောင်း လည်းသိရသည်။ချင်းပြည်နယ်တွင် လက်ရှိအခြေအနေထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ပတ်သက်သည့် သွားလာကန့်သက်ပြီး၊ Quarantine ဝင်ရသူ ရာဂဏာန်းရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူ များထံမှ သိရသည်။

 

 

Case 150 နဲ႔ပတ္သက္သည့္ Quarantine ဝင္သူမ်ား အခ်ိဳ႕ကုိ ေနအိမ္သို႔ ျပန္လည္ေစလႊတ္

ဟားခါးတြင္ Covic ေရာဂါပုိးပထမဆုံးေတြ့ရွိခဲ့သည့္ Case 150 နဲ႔ထိေတြ႕ပတ္သက္ေနသည့္ Quarantine ဝင္သူအားလုံး သက္မွတ္သည့္ ၂၁ ရက္အတြင္း ေဆးစစ္ခ်က္အရေရာဂါလကၡဏာမျဖစ္ေသာေၾကာင့္ ယေန႔တြင္ လူေပါင္း ၄၈ ဦးကုိယေန့ ေနအိမ္သုိ့ျပန္လည္ေစ လႊတ္လိုက္ျပီျဖစ္ေၿကာင္း ဟားခါးေဆးရုံအုပ္ေဒါက္တာမန္ဗ်က္ကုန္းထံမွသိရသည္။

“ဟားခါးတကၠသိုလ္မွာ ရွိတဲ့သူေတြပဲ ျပန္လႊတ္တာပါ၊အားလုံးျပန္လႊတ္မွာပါ၊သူတို႔ကို Home Quarantine ၇ရက္ျပန္ထားမွာပါ၊ ၃ေယာက္ေတာ့ က်န္ဦးမယ္၊ က်န္သုံးဦးက မနက္ျဖန္တစ္ဖက္ခါေလာက္ ထြက္မွာပါ”ဟု ဟားခါးေဆး႐ုံအုပ္ Dr.Mang Biak Kung မွ ေျပာသည္။

ဟားခါးတကၠသိုလ္တြင္ Facility Quarantine ဝင္သူ ၅၁ ဦးရွိၿပီး သီဖူးလ္ ေက်းရြာမွ ၂၂ဦး၊ဟားခါးၿမိဳ႕ေပၚက ၂၆ဦးတို႔ကို ေန႔လယ္ပိုင္း ၁၁နာရီေက်ာ္ခန႔္တြင္ အစိုးရအစီစဥ္ျဖင့္ ျပန္လည္ေစလႊတ္ခဲ့ျခင္းျဖစ္သည္။

” သူတို႔ကားနဲ႔ ျပန္ပို႔မွာပါ ရြာမွာေနတဲ့သူက ရြာဘက္ကို ပို႔မွာပါ၊ ဟားခါးမွာ ေနတဲ့သူက သူတို႔ေနရာေတြဆီမွာေပါ့ “ဟု ျပန္လည္ေစလႊတ္သူ တစ္ဦးမွ ေျပာသည္။

ဟားခါးတကၠသိုလ္ တြင္ Facility Quarantine ထားရွိသူမ်ားသည္ Case-150 ႏွင့္ထိေတြ႕ခဲ့သူမ်ားျဖစ္ၿပီး ေဆးစစ္ခ်က္အရ COVID-19 ပိုး မရွိေသာေၾကာင့္ Facility Quarantine ၂၁ ျပည့္ၿပီး ျပန္လည္ေစလႊတ္ျခင္းျဖစ္သည္။

လက္ရွိဟားခါးၿမိဳ႕တြင္ Facility Quarantine ဝင္သူ ၂၀ဦးခန႔္ရွိေနေသးေၾကာင္း လည္းသိရသည္။ခ်င္းျပည္နယ္တြင္ လက္ရွိအေျခအေနထိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူနဲ႔ ပတ္သက္သည့္ သြားလာကန႔္သက္ၿပီး၊ Quarantine ဝင္ရသူ ရာဂဏာန္းရွိခဲ့ေၾကာင္း အစိုးရတာဝန္ရွိသူ မ်ားထံမွ သိရသည္။