Input your search keywords and press Enter.

ဆမီးမြို့တွင်ရှိသော စစ်ဘေးရှောင်အများစု၏ကျန်းမာရေးစိုးရိမ်ရ

 

 

 

 

Salai Khup Khup

ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအများစုအတွက် နေစရာအိမ်များဆောက်လုပ်မူမပြီးစီးသေးသော်ကြောင့် ၄င်းတို့၏ကျန််းမာရေးစိုးရိမ်နေရသည်ဟု ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ဆလိုင်းမျိုးထိုက် ထံမှသိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “အခုပြည်နယ်အစိုးရက ဆောက်ပေးတာ ၁၀ လုံးဘဲ ဆောက်သေးတယ်လို့ သိရတယ် အိမ်ခြေ ၂၀၀ လောက်ဘဲ နေလို့ရတယ် အလုံး၃၀ တော့ပြည်နယ် အစိုးရက ဆောက်ပေးမယ်လို့တော့ သိရတယ် သုံးပုံတစ်ပုံဘဲ နေရတဲ့ အနေထားမှာဘဲ ရှိသေးတယ် မိုးရာသီလည်း ဝင်ပြီမိုးလည်း အရမ်းရွာနေပြီ တမံတလင်းပေါ်မှာအိပ်နေရတဲ့ သူတွေ အခုဆိုရင် နှစ်လလောက်ရှိပြီ ကလေးငယ်တွေ အတွက် ကျန်းမာရေးပိုင်း စိုးရိမ်ရတယ်”ဟုပြောသည်။
ဆမီးမြို့တွင် စစ်ဘေးရှောင်လာသည့် သူများအတွက် နေစရာများ စီစဉ်ပေး နိုင်မှသာ ကျန်သည့် ကိစ္စများဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ဆလိုင်းမျိုးထိုက်ကပြောသည်။
ဆလိုင်းမျိုးထိုက်က “ရွာက ကလေးတွေလည်း အချိန်နဲ့တဖြည်းညီကျောင်းဖွင့်တဲ့ချိန်ရောက်ရင် ကျောင်းဖွင့်နိုင်အောင် ပညာရေးအပိုင်းလည်း ဆွေးနွေးစရာတွေ ရှိလာပြီ အဓိကတော့ မိသားစုတွေ ဆယ်ပေပတ်လည်နဲ့ မိသားစုတွေ လုံလုံခြုံခြုံ နေနိုင်မှသာ နောက်ကိစ္စတွေကို ဆွေးနွေးလို့ရတယ် ပြည်နယ်အစိုးရမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ညှိနှိုင်းတိုင်ပင်တာလည်း မရှိဘူး ဒီတိုင်းချပေးတယ်ကော်မတီဖွဲ့တာတောင်ထုတ်ပြန်မှသိရတယ် အောက်ကွင်းဆင်းပြီးမှ အားလုံးမဟုတ်ရင်တောင်မှ အနည်းနဲ့များသိတယ် အိမ်တွေလည်း ထက်ဝတ်ကျော်လိုသေးတယ်”ဟုပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည် အမြောက်များ နေစရာ အိမ်မရှိသည့်အပြင် ရေလုံအိမ်သာနှင့် အခြားကျန်းမာရေး ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်စရာရှိလာကြောင်း ဒေသခံများကပြောသည်။
ဒေသခံ တစ်ဦးက “အိမ်သာတွေလည်း အများကြီးလိုအပ်တယ် မိုးရာသီလည်း ရောက်ပြီဆိုတော့ တောင်ပေါ်ဒေသလည်း ရောက်ပြီဆိုတော့ ယင်ကောင်တွေ အများကြီးရှိလာပြီ
ဒီလိုမျိုးအချိန်မှာ အိမ်သာတွေ စနစ်တကျ မရှိဘူးဆိုရင် ဝမ်းပျက်ဝမ်းလျောတွေ များလာနိုင်တယ်”ဟုပြောသည်။
ဆမီးမြို့တွင် စစ်ဘေးရှောင်လာသည့် ဒုက္ခသည် အိမ်ထောင်စု ၆၉၈ အိမ်ထောင်စု ရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ ဦးတို့ရှိပြီး ၎င်းတို့အတွက် ပြည်နယ်အစိုးရအပါဝင် အခြားအလှူရှင်များမှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးနေလျှက်ရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်ရှိစစ်ဘေးရှောင်များအရေးနှင့်ပြန်လည်ထူထောင်ရေးအတွက်ချင်းပြည်နယ်အစိုးရမှမကြာသေးမှီရက်ပိုင်းက ကော်မတီတရပ်ကိုလည်းဖွဲ့စည်းထားသည်။

 

 

ဆမီးျမိဳ့တြင္ရွိေသာ စစ္ေဘးေရွာင္အမ်ားစု၏က်န္းမာေရးစုိးရိမ္ရ

ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ ျပည္သူမ်ားအမ်ားစုအတြက္ ေနစရာအိမ္မ်ားေဆာက္လုပ္မူမျပီးစီးေသးေသာ္ေႀကာင့္ ၄င္းတုိ့၏က်န္္းမာေရးစုိးရိမ္ေနရသည္ဟု ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ဆလိုင္းမ်ိဳးထိုက္ ထံမွသိရသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က “အခုျပည္နယ္အစိုးရက ေဆာက္ေပးတာ ၁၀ လုံးဘဲ ေဆာက္ေသးတယ္လို႔ သိရတယ္  အိမ္ေၿခ ၂၀၀ ေလာက္ဘဲ ေနလို႔ရတယ္ အလုံး၃၀ ေတာ့ျပည္နယ္ အစိုးရက ေဆာက္ေပးမယ္လို႔ေတာ့ သိရတယ္  သုံးပုံတစ္ပုံဘဲ ေနရတဲ့ အေနထားမွာဘဲ ရွိေသးတယ္   မိုးရာသီလည္း ဝင္ၿပီမိုးလည္း အရမ္းရြာေနၿပီ  တမံတလင္းေပၚမွာအိပ္ေနရတဲ့ သူေတြ အခုဆိုရင္ ႏွစ္လေလာက္ရွိၿပီ  ကေလးငယ္ေတြ အတြက္  က်န္းမာေရးပိုင္း စိုးရိမ္ရတယ္”ဟုေျပာသည္။

ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္လာသည့္ သူမ်ားအတြက္ ေနစရာမ်ား စီစဥ္ေပး နိုင္မွသာ က်န္သည့္ ကိစၥမ်ားေဆာင္ရြက္နိုင္မည္ ျဖစ္ေၾကာင္းလည္း  ဆလိုင္းမ်ိဳးထိုက္ကေျပာသည္။

ဆလိုင္းမ်ိဳးထိုက္က “ရြာက ကေလးေတြလည္း အခ်ိန္နဲ႔တျဖည္းညီေက်ာင္းဖြင့္တဲ့ခ်ိန္ေရာက္ရင္ ေက်ာင္းဖြင့္နိုင္ေအာင္  ပညာေရးအပိုင္းလည္း ေဆြးေႏြးစရာေတြ ရွိလာၿပီ အဓိကေတာ့ မိသားစုေတြ ဆယ္ေပပတ္လည္နဲ႔ မိသားစုေတြ လုံလုံျခဳံၿခံဳ ေနနိုင္မွသာ ေနာက္ကိစၥေတြကို ေဆြးေႏြးလို႔ရတယ္  ျပည္နယ္အစိုးရမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ညႇိႏွိုင္းတိုင္ပင္တာလည္း မရွိဘူး  ဒီတိုင္းခ်ေပးတယ္ေကာ္မတီဖြဲ႕တာေတာင္ထုတ္ျပန္မွသိရတယ္  ေအာက္ကြင္းဆင္းၿပီးမွ အားလုံးမဟုတ္ရင္ေတာင္မွ အနည္းနဲ႔မ်ားသိတယ္   အိမ္ေတြလည္း ထက္ဝတ္ေက်ာ္လိုေသးတယ္”ဟုေျပာသည္။

စစ္ေဘးေရွာင္ ဒုကၡသည္ အေျမာက္မ်ား ေနစရာ အိမ္မရွိသည့္အျပင္ ေရလုံအိမ္သာႏွင့္ အျခားက်န္းမာေရး ကိစၥနဲ႔ပက္သက္ၿပီး  စိုးရိမ္စရာရွိလာေၾကာင္း ေဒသခံမ်ားကေျပာသည္။

ေဒသခံ တစ္ဦးက “အိမ္သာေတြလည္း အမ်ားႀကီးလိုအပ္တယ္ မိုးရာသီလည္း ေရာက္ၿပီဆိုေတာ့  ေတာင္ေပၚေဒသလည္း ေရာက္ၿပီဆိုေတာ့ ယင္ေကာင္ေတြ အမ်ားႀကီးရွိလာၿပီ

ဒီလိုမ်ိဳးအခ်ိန္မွာ အိမ္သာေတြ စနစ္တက် မရွိဘူးဆိုရင္ ဝမ္းပ်က္ဝမ္းေလ်ာေတြ မ်ားလာနိုင္တယ္”ဟုေျပာသည္။

ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္လာသည့္ ဒုကၡသည္ အိမ္ေထာင္စု ၆၉၈ အိမ္ေထာင္စု ရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ ဦးတို႔ရွိၿပီး ၎တို႔အတြက္ ျပည္နယ္အစိုးရအပါဝင္ အျခားအလႉရွင္မ်ားမွ စားနပ္ရိကၡာမ်ား ေထာက္ပံ့ကူညီေပးေနလၽွက္ရွိေၾကာင္း သိရသည္။

ပလက္၀ျမိဳ့နယ္ရွိစစ္ေဘးေရွာင္မ်ားအေရးနွင့္ျပန္လည္ထူေထာင္ေရးအတြက္ခ်င္းျပည္နယ္အစုိးရမွမၿကာေသးမွီရက္ပုိင္းက ေကာ္မတီတရပ္ကုိလည္းဖြဲ့စည္းထားသည္။