Input your search keywords and press Enter.

အသစ်တွေ့ရှိသည့် Covid -19 လူနာကို ထန်တလန်မြို့မှ ဟားခါးသို့လွှဲပြောင်း

Shing Mang

ထန်တလန်မြို့တွင် COVID-19 လူနာကို တွေ့ရှိပြီး ယနေ့ နေ့လယ်ပိုင်းတွင် ဟားခါးပြည်သူ့ဆေးရုံသို့လွှဲပြောင်ပြီဖြစ်ကြောင်း သိရသည်။

“ထန်တလန်မှာက isolation ခန်းမရှိဘူး ပြီးတော့ ၊ ပစ္စည်းလည်း သိပ်မစုံတော့ ၊ဟားခါးမှာက ပိုအဆင်ပြေတယ်ဆိုတော့ ၊ဟားခါးဆေးရုံကို လွှဲတာ ဖြစ်ပါတယ်၊Facility Quarantine နေတာက ၃ရက်ရှိပြီး ပိုးတွေ့တာ ဖြစ်ပါတယ်”ဟု ထန်တလန် မြို့နယ် ဆေးရုံ လက်ထောက်ဆရာဝန် Dr.Van Lian Hum မှ ပြောသည်။

ယခု Positive လူနာသည် မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ပြီး သူနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Dr. Van Lian Hum မှ “ထန်တလန်မှာတော့ သူနဲ့ထိတွေ့ခဲ့သူမရှိဘူး၊သူနဲ့အတူ ပြန်လာတဲ့သူ တစ်ယောက်ရှိတယ် ၊ ဆေးရုံမှာ Facility Quarantine ၄ယောက်ရှိတယ်၊ ကျွန်တော်တို့ လေးယောက်စစ်တာဖြစ်တယ် သူတစ်ယောက်ပဲ ပိုးတွေ့တာပါ၊” ဟု ပြောသည်။

လက်ရှိချင်းပြည်နယ်တွင် တီးတိန်မြို့ဆေးရုံ တွင် Positive လူနာ ၄ဦးနှင့် ထန်တလန်မြို့တွင် တွေ့ရှိသူ ပေါင်း COVID-19 လူနာ ၅ဦးရှိနေပြီ ဖြစ်ပြီး Case-1 နှင့် Case 150 တို့မှာ ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်းသိရသည်။

Zawgyi