Input your search keywords and press Enter.

ပြန်လည်ကျန်းမာလာသူ Case-150 နဲ့ထိတွေ့ခဲ့သူများ အားလုံး ဆေးစစ်ချက်တွင် Negative ပြ

Shing Mang

မေလ ၁၃ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရသည့် Case-150 နဲ့ထိတွေ့ခဲ့သူ အပါအဝင် Facility Quarantine ထားရှိသူ ရဝဦးတို့မှာ ဒုတိယအကြိမ် ဆေးစစ်ချက်အရ Negative ပြကြောင်းဟားခါးဆေးရုံအုပ် Dr. Mang Biak Kung ထံမှ သိရသည်။

“ဒုတိယ အကြိမ်ဆေးစစ်ချက်အရ Negative ပြပြီဆိုတော့၂၁ရက်ပြည့်ရင် အားလုံး Home Quarantine ပြန်ထားတော့မှာဖြစ်တယ်၊အခုလို Negative ပြလို့ ဝမ်းသာစရာပဲ” ဟုDr.Mang Biak Kung မှ ပြောသည်။

Facility Quarantine ထားရှိသူများတွင် Case-၁၅၀ နဲ့ ထိတွေ့ခဲ့သူမှာ ၅၁ဦးရှိပြီး ကျန်၁၉ဦးမှာ နိုင်ငံခြားမှ ပြန်လာသူများဖြစ်သည်။
Negative ပြ မှုအပေါ် Dr. Mang Biak Kung မှ “Negative ပြပြီ ဆိုတာနဲ့ ပြည်သူတွေ ပေါ့လျော့လို့မရဘူး၊ အပြင်မထွက်ဖို့ လိုတယ်၊ထွက်တယ်ဆိုရင်လည်း Mask တပ်တာတို့ လက်ဆေးတာတွေ မပေါ့လျော့ဖို့ လည်းပြောလိုတယ်၊ ဆေးရုံမှာ လူနာ ကြည့်ရှုမှုမှာလည်း လိုအပ်တာတွေအများရှိတဲ့အတွက် လူထုဘက်ကလည်း အများကြီး အကူညီပေးဖို့ လည်းလိုတယ်”ဟု ပြောသည်။

လက်ရှိ ဟားခါးမြို့တွင် Facility Quarantine ထားရှိသူများ ကိုဆေးစစ်ရာတွင် ဒုတိယအကြိမ် Negative ပြခြင်း ဖြစ်ပြီး ဆေးမစစ်ရသေးသည့် သူ Facility Quarantine အသစ်ထားရှိသူ အနည်းငယ်ရှိသေးကြောင်းလည်းသိရသည်။

လက်ရှိချင်းပြည်နယ်တွင် COVID-19 Positive လူနာ ၅ဦးရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် COVID-19 လူနာအသစ်အား ထန်တလန်မြို့မှ ဟားခါးမြို့သို့ ယနေ့နေ့လည် ပိုင်းတွင် လွှဲပြောင်းပြီးဖြစ်သည်။

လက်ရှိမြန်မယနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၁၈၂ ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

 

Zawgyi

ျပန္လည္က်န္းမာလာသူ Case-150 နဲ႔ထိေတြ႕ခဲ့သူမ်ား အားလုံး ေဆးစစ္ခ်က္တြင္ Negative ျပ

ေမလ ၁၃ရက္ေန႔တြင္ ေဆး႐ုံဆင္းခြင့္ရသည့္ Case-150 နဲ႔ထိေတြ႕ခဲ့သူ အပါအဝင္ Facility Quarantine ထားရွိသူ ၇၀ဦးတို႔မွာ ဒုတိယအႀကိမ္ ေဆးစစ္ခ်က္အရ Negative ျပေၾကာင္းဟားခါးေဆး႐ုံအုပ္ Dr. Mang Biak Kung ထံမွ သိရသည္။

“ဒုတိယ အႀကိမ္ေဆးစစ္ခ်က္အရ Negative ျပၿပီဆိုေတာ့၂၁ရက္ျပည့္ရင္ အားလုံး Home Quarantine ျပန္ထားေတာ့မွာျဖစ္တယ္၊အခုလို Negative ျပလို႔ ဝမ္းသာစရာပဲ” ဟုDr.Mang Biak Kung မွ ေျပာသည္။

Facility Quarantine ထားရွိသူမ်ားတြင္ Case-၁၅၀ နဲ႔ ထိေတြ႕ခဲ့သူမွာ ၅၁ဦးရွိၿပီး က်န္၁၉ဦးမွာ နိုင္ငံျခားမွ ျပန္လာသူမ်ားျဖစ္သည္။

Negative ၿပ မႈအေပၚ Dr. Mang Biak Kung မွ “Negative ျပၿပီ ဆိုတာနဲ႔ ျပည္သူေတြ ေပါ့ေလ်ာ့လို႔မရဘူး၊ အျပင္မထြက္ဖို႔ လိုတယ္၊ထြက္တယ္ဆိုရင္လည္း Mask တပ္တာတို႔ လက္ေဆးတာေတြ မေပါ့ေလ်ာ့ဖို႔ လည္းေျပာလိုတယ္၊ ေဆး႐ုံမွာ လူနာ ၾကည့္ရႈမႈမွာလည္း လိုအပ္တာေတြအမ်ားရွိတဲ့အတြက္ လူထုဘက္ကလည္း အမ်ားႀကီး အကူညီေပးဖို႔ လည္းလိုတယ္”ဟု ေျပာသည္။

လက္ရွိ ဟားခါးၿမိဳ႕တြင္ Facility Quarantine ထားရွိသူမ်ား ကိုေဆးစစ္ရာတြင္ ဒုတိယအႀကိမ္ Negative ျပျခင္း ျဖစ္ၿပီး ေဆးမစစ္ရေသးသည့္ သူ Facility Quarantine အသစ္ထားရွိသူ အနည္းငယ္ရွိေသးေၾကာင္းလည္းသိရသည္။

လက္ရွိခ်င္းျပည္နယ္တြင္ COVID-19 Positive လူနာ ၅ဦးရွိၿပီး က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တြင္ COVID-19 လူနာအသစ္အား ထန္တလန္ၿမိဳ႕မွ ဟားခါးၿမိဳ႕သို႔ ယေန႔ေန႔လည္ ပိုင္းတြင္ လႊဲေျပာင္းၿပီးျဖစ္သည္။

လက္ရွိျမန္မယနိုင္ငံတြင္ COVID-19 အတည္ျပဳ လူနာ ၁၈၂ ဦး ရွိၿပီ ျဖစ္ေၾကာင္းသိရသည္။