Input your search keywords and press Enter.

“စစ်ပွဲကြားက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အတွက် လုံခြုံမှု ဖန်တီးပေးပါ”

 

သွေး(စစ်ကိုင်း)၊ မေ ၁၂၊ ၂၀၂၀

 

ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ အပစ်အခတ်ရပ်စဲထားဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အဲဒီတိုက်တွန်းချက်ဟာ မြန်မာနိုင်ငံနဲ့ မဆိုင်သလို ဖြစ်နေတာကို အဆက်မပြတ် ထပ်ဖြစ်နေတဲ့ စစ်ပွဲတွေက သက်သေပြနေပါတယ်။ စစ်ဖြစ်ရာဒေသက ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ရှောင်တိမ်းပြေးလွှားရင်း မရေရာ မသေချာတဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း အပါအဝင်ပါ။

ရခိုင်ပြညနယ်နဲ့ ချင်းပြည်နယ်တို့မှာ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွား‌နေတဲ့ စစ်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။ လက်နက်ကြီးကျည် ကျလို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတေွ ရှိသလို ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေလည်း အများအပြားပါ။ သိပ်မကြာသေးခင် ကပဲ ချင်းပြည်နယ်၊ ပလက်ဝမြို့က ဘဏ်တစ်ခုအပေါ် လက်နက်ကြီးကျခဲ့လို့ အမျိုးသမီး တစ်ယောက်နဲ့ ကလေးနှစ်‌ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဂျီနီဗာကွန်ဗင်းရှင်းမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆိုတဲ့ အချက် အတိအကျပါပေမယ့် လက်တွေ့စစ်ပွဲ ဖြစ်စဉ်တွေမှာတော့ တခြားစီ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ စစ်ဘေးဒုက္ခက လွတ်မြောက်အောင် ထွက်ပြေးနေရ တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ များပြားလာနေတာဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ပြည်သူ ၁ သိန်း ၆ သောင်းကျော်အထိ ရှိလာပြီး ချင်းပြည်နယ်မှာလည်း ၁ သောင်းနီးပါးအထိ ရှိလာနေပါတယ်။ အဲဒီအထဲမှာ အများဆုံးက အမျိုးသမီးနဲ့ လူမမယ်ကလေးငယ်တွေ ဖြစ်ပြီး အမိုးအကာ လုံခြုံမှုမရှိဘဲ ပုန်းခိုနေနေရတာပါ။ ဒါအပြင် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းနေရတဲ့ အဖြစ်ဆိုးတွေက တကယ့်ကို ဝမ်းနည်းစရာကောင်းပါတယ်။

ဒီလို ထွက်ပြေးရာမှာလည်း တချို့ အမျိုးသမီးတွေဆိုရင် တစ်လလောက်ကြာတဲ့ အထိ လမ်းလျှောက်ပြီး ခြေကျင်ခရီးနှင် တိမ်းရှောင်နေကြရလို့ သူတို့ ဘယ်လောက် ပင်ပန်းနေကြရမလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ကလက်ချောင်း၊ မီးလက်ဝ စတဲ့ကျေးရွာတွေက အမျိုးသမီးတွေဟာ သူတို့ရွာမှာ မနေရဲတော့တာကြောင့် တောတောင်တွေဖြတ်ပြီး ခြေကျင်ခရီး နှင်ခဲ့ကြရတာပါ။ ညဘက်တွေမှာ မီးမထွန်းရဲဘဲ တောင်ကြီးတွေကိုကျော် ချောက်ကမ်းပါးတွေဖြတ်ပြီး ဧပြီလကနေ ခြေကျင်လျှောက်လာတာ မေလထဲမှာမှ စစ်တွေကို ရောက်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူတို့ ဘယ်လောက် ဒုက္ခရောက်ပင်ပန်းနေမလဲ ဆိုတာ ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။

‌ဒေသအတွင်း စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ထပ်ဆင့်လာတဲ့ အပူတစ်ခုက Covid-19 ကပ်ရောဂါပါ။ တိုက်ပွဲတွေကြောင့် သူတို့ရွာကို ပြန်ဖို့မဖြစ်နိုင်သလို ရောဂါကူးစက်မှာကိုလည်း စိုးရိမ်နေပြန်တာကြောင့် တစ်ပူပေါ် နှစ်ပူဆင့်လာတဲ့ အပြင် စားရေး သောက်ရေးဆိုတဲ့ အပူတွေအဆင့်ဆင့်နဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ သူတို့ ဘဝတွေဟာ ဘယ်လောက်ခက်ခဲကြမ်းတမ်းနေမလဲ ဆိုတာ တွေးကြည့်ရုံနဲ့တင် စိတ်မကောင်း ဝမ်းနည်းစရာပါ။

စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရတယ် ဆိုရင်လည်း စခန်းတွေမှာ သန့်ရှင်းတဲ့ရေ ရရှိဖို့က ထင်သလောက် မလွယ်ကူပါဘူး။ အိမ်သာသုံးရေ အတွက်လည်း လုံလုံလောက်လောက် မရှိတာ၊ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေပါ ဖြစ်ပွားလာနိုင်ပါတယ်။ ဘူးသီးတောင်မြို့နယ်က မြောင်းနား စစ်ဘေးရှောင် စခန်းမှာ အမျိုးသမီး ၂၄ ဦးဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါတင် မကသေးပါဘူး၊ တချို့သော စစ်ဘေးရှောင်စခန်းတွေမှာ အစိုးရက ထောက်ပံ့ပေးနေတဲ့ ဆန်မရရှိလို့ ရိက္ခာပြတ်လပ်မှာကိုပါ စိုးရိမ်နေရပါတယ်။ ဒီကြားထဲ ကိုဗစ်ကာကွယ်ဖို့ လက်ဆေးဖို့တောင် ရေရှားပါးခက်ခဲတဲ့ အဖြစ်ကလည်း ထပ်ဆင့်လာသလို တချို့အမျိုးသမီးတွေဟာ ထမင်းဟင်းချက်ပြုတ်ဖို့နဲ့ သုံးရေ အတွက် စခန်းကနေ ၂ မိုင်လောက်ဝေးတဲ့ နေရာက ရေတွင်းအထိ သွားခပ်နေရပါတယ်။

စစ်ဘေးရှောင် စခန်းတွေ အတွင်း တစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာ အိပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အသိပညာပေးမှုတွေ ပြုလုပ်နေတာ ရှိပေမဲ့… လိုအပ်တဲ့သောက်သုံးရေ၊ လက်ဆေးရည်၊ နှာခေါင်းစည်း စတဲ့ အခြေခံကျတဲ့ အရာတွေ လုံလုံလောက်လောက် မရှိပါဘူး။ စစ်ဘေးရှောင်စခန်း တော်တော်များများမှာ ဒီလို လိုအပ်ချက်တွေ အများအပြား ရှိနေဆဲပါ။

အမျိုးသမီးတွေ အနေနဲ့လည်း သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာလို့ မဖြစ်နိုင်တဲ့ အနေအထားဖြစ်နေတဲ့ အပြင် လတ်တလော အသက်ရှင်သန်ရေးကိုပဲ ဦးစားပေးနေရတာကြောင့် သူတို့ရဲ့ သားသမီးတွေကို ကျောင်းဆက်ထားနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘဲ မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ရိက္ခာပြတ်လပ်နေတဲ့ ကျေးရွာတွေမှာ ငှက်ပျောအူကိုပြုပ် ဟင်းလုပ်စားပြီး အသက်ဆက်နေရတဲ့ အမျိုးသမီးတွေတောင် ရှိပါတယ်။ ကလေးတွေကို အဆာပြေ ထမင်းကျွေးပြီး မိဘတွေက ရေသောက် နေရတာတွေေလည်း ရှိနေပါတယ်။ အာဟာရ ပြည့်ပြည့်ဝဝ မစားသောက်ရရင် ကလေးတွေဟာလည်း ကျန်းမာကြံ့ခိုင် သန်စွမ်းတဲ့ ကလေးတွေ ဖြစ်လာဖို့ မလွယ်ကူပါဘူး။ ထပ်ဆင့်ပြီး ပညာသင်ခွင့်ပါ ဆုံးရှုံးသွားမယ် ဆိုရင် ကလေးတွေရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အခွင့်အရေးပါ ဆုံးရှုံးသွားရဦးမယ့် အနေအထားပါ။

လတ်တလောမှာ တိုက်ပွဲတွေ မဖြစ်ပွားတော့ပေမဲ့ နေရပ်မပြန်နိုင်သေးတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့ နေရပ်ကို မပြန်နိုင်ရသေးတဲ့ အကြောင်းရင်းတွေထဲမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ရှိပါတယ်။

၂၀၁၉ ခုနှစ် အတွင်းမှာပဲ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် ၁၆ ယောက် သေဆုံးပြီး ၃၆ ယောက် ပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့တယ် လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မပတ်သက်တဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိ ပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံစွာ နေထိုင်ရှင်သန်နိုင်ဖို့ အတွက် အစိုးရအနေနဲ့ မဖြစ်မနေ တာဝန်ယူလုပ်ဆောင်ပေးရမှာပါ။ ဘယ်လို မိခင်ကမှ သူတို့ သားသမီးတွေကို စစ်ဘေးရှောင်စခန်းမှာ ကြီးပြင်းစေချင်မှာ မဟုတ်သလို စာသင်ကျောင်းကို ကျောခိုင်းစေချင်မှာ မဟုတ်ပါဘူး။

မူရင်းရပ်ရွာတွေမှာ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်နိုင်ဖို့၊ စစ်ပွဲတွေကြောင့် ထိခိုက်မှု ကင်းဝေးစေဖို့၊ ကလေးသူငယ်တိုင်း ပညာသင်ယူခွင့် ရရှိစေဖို့၊ အမျိုးသမီးတွေ အတွက် ဘဝလုံခြုံမှု ရှိစေဖို့ အရေးယူ ဆောင်ရွက်ပေးဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။    ။

 

Zawgyi

 

 

“စစ္ပြဲၾကားက အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ အတြက္ လုံျခဳံမႈ ဖန္တီးေပးပါ”
ေသြး(စစ္ကိုင္း)၊ ေမ ၁၂၊ ၂၀၂၀
ကမၻာနဲ႔ခ်ီၿပီး ကပ္ေရာဂါႀကီး ျဖစ္ပြားေနခ်ိန္မွာ အပစ္အခတ္ရပ္စဲထားဖို႔ ကုလသမဂၢအဖြဲ႕ႀကီးက ျမန္မာနိုင္ငံကို တိုက္တြန္းထားပါတယ္။ ဒါေပမယ့္ အဲဒီတိုက္တြန္းခ်က္ဟာ ျမန္မာနိုင္ငံနဲ႔ မဆိုင္သလို ျဖစ္ေနတာကို အဆက္မျပတ္ ထပ္ျဖစ္ေနတဲ့ စစ္ပြဲေတြက သက္ေသျပေနပါတယ္။ စစ္ျဖစ္ရာေဒသက ျပည္သူေတြဟာ စစ္ေဘးလြတ္ရာကို ေရွာင္တိမ္းေျပးလႊားရင္း မေရရာ မေသခ်ာတဲ့ အေျခအေနဆိုးႀကီးနဲ႔ ရင္ဆိုင္ေနရၿပီး အဲဒီအထဲမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြလည္း အပါအဝင္ပါ။
ရခိုင္ျပညနယ္နဲ႔ ခ်င္းျပည္နယ္တို႔မွာ ေန႔စဥ္ရက္ဆက္ ဆိုသလို ျဖစ္ပြား‌ေနတဲ့ စစ္ပြဲေတြေၾကာင့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြဟာ အခက္အခဲ အက်ပ္အတည္းမ်ိဳးစုံနဲ႔ ေတြ႕ၾကဳံေနရပါတယ္။ လက္နက္ႀကီးက်ည္ က်လို႔ ေသဆုံးခဲ့ရတဲ့ အမ်ိဳးသမီးေတြ ရွိသလို ဒဏ္ရာရခဲ့တဲ့ ကေလးငယ္ေတြလည္း အမ်ားအျပားပါ။ သိပ္မၾကာေသးခင္ ကပဲ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕က ဘဏ္တစ္ခုအေပၚ လက္နက္ႀကီးက်ခဲ့လို႔ အမ်ိဳးသမီး တစ္ေယာက္နဲ႔ ကေလးႏွစ္‌ေယာက္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ရပါတယ္။
ဂ်ီနီဗာကြန္ဗင္းရွင္းမွာ အရပ္သားေတြကို အကာအကြယ္ေပးဖို႔ ဆိုတဲ့ အခ်က္ အတိအက်ပါေပမယ့္ လက္ေတြ႕စစ္ပြဲ ျဖစ္စဥ္ေတြမွာေတာ့ တျခားစီ ျဖစ္ေနတာ ေတြ႕နိုင္ပါတယ္။ စစ္ေဘးဒုကၡက လြတ္ေျမာက္ေအာင္ ထြက္ေျပးေနရ တဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ မ်ားျပားလာေနတာဟာ တိုင္းျပည္အတြက္ ေကာင္းတဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။
ရခိုင္ျပည္နယ္မွာ စစ္ေဘးေရွာင္ ျပည္သူ ၁ သိန္း ၆ ေသာင္းေက်ာ္အထိ ရွိလာၿပီး ခ်င္းျပည္နယ္မွာလည္း ၁ ေသာင္းနီးပါးအထိ ရွိလာေနပါတယ္။ အဲဒီအထဲမွာ အမ်ားဆုံးက အမ်ိဳးသမီးနဲ႔ လူမမယ္ကေလးငယ္ေတြ ျဖစ္ၿပီး အမိုးအကာ လုံျခဳံမႈမရွိဘဲ ပုန္းခိုေနေနရတာပါ။ ဒါအျပင္ သက္ႀကီးရြယ္အို အမ်ိဳးသမီးႀကီးေတြလည္း စစ္ေဘးလြတ္ရာကို ထြက္ေျပးေရွာင္တိမ္းေနရတဲ့ အျဖစ္ဆိုးေတြက တကယ့္ကို ဝမ္းနည္းစရာေကာင္းပါတယ္။
ဒီလို ထြက္ေျပးရာမွာလည္း တခ်ိဳ႕ အမ်ိဳးသမီးေတြဆိုရင္ တစ္လေလာက္ၾကာတဲ့ အထိ လမ္းေလၽွာက္ၿပီး ေျခက်င္ခရီးႏွင္ တိမ္းေရွာင္ေနၾကရလို႔ သူတို႔ ဘယ္ေလာက္ ပင္ပန္းေနၾကရမလဲ ဆိုတာ မွန္းဆၾကည့္နိုင္ပါတယ္။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ထဲက ကလက္ေခ်ာင္း၊ မီးလက္ဝ စတဲ့ေက်းရြာေတြက အမ်ိဳးသမီးေတြဟာ သူတို႔ရြာမွာ မေနရဲေတာ့တာေၾကာင့္ ေတာေတာင္ေတြျဖတ္ၿပီး ေျခက်င္ခရီး ႏွင္ခဲ့ၾကရတာပါ။ ညဘက္ေတြမွာ မီးမထြန္းရဲဘဲ ေတာင္ႀကီးေတြကိုေက်ာ္ ေခ်ာက္ကမ္းပါးေတြျဖတ္ၿပီး ဧၿပီလကေန ေျခက်င္ေလၽွာက္လာတာ ေမလထဲမွာမွ စစ္ေတြကို ေရာက္ခဲ့ပါတယ္။ ဒါကိုၾကည့္ရင္ သူတို႔ ဘယ္ေလာက္ ဒုကၡေရာက္ပင္ပန္းေနမလဲ ဆိုတာ ကိုယ္ခ်င္းစာၾကည့္နိုင္ပါတယ္။
‌ေဒသအတြင္း စစ္ပြဲေတြ ျဖစ္ပြားေနခ်ိန္မွာ ထပ္ဆင့္လာတဲ့ အပူတစ္ခုက Covid-19 ကပ္ေရာဂါပါ။ တိုက္ပြဲေတြေၾကာင့္ သူတို႔ရြာကို ျပန္ဖို႔မျဖစ္နိုင္သလို ေရာဂါကူးစက္မွာကိုလည္း စိုးရိမ္ေနျပန္တာေၾကာင့္ တစ္ပူေပၚ ႏွစ္ပူဆင့္လာတဲ့ အျပင္ စားေရး ေသာက္ေရးဆိုတဲ့ အပူေတြအဆင့္ဆင့္နဲ႔ ေန႔စဥ္ရင္ဆိုင္ေနရတဲ့ သူတို႔ ဘဝေတြဟာ ဘယ္ေလာက္ခက္ခဲၾကမ္းတမ္းေနမလဲ ဆိုတာ ေတြးၾကည့္႐ုံနဲ႔တင္ စိတ္မေကာင္း ဝမ္းနည္းစရာပါ။
စစ္ေဘးေရွာင္စခန္းေတြမွာ ေနထိုင္ၾကရတယ္ ဆိုရင္လည္း စခန္းေတြမွာ သန႔္ရွင္းတဲ့ေရ ရရွိဖို႔က ထင္သေလာက္ မလြယ္ကူပါဘူး။ အိမ္သာသုံးေရ အတြက္လည္း လုံလုံေလာက္ေလာက္ မရွိတာ၊ ေရမသန႔္ရွင္းတာေတြေၾကာင့္ ဝမ္းပ်က္ဝမ္းေလၽွာေရာဂါေတြပါ ျဖစ္ပြားလာနိုင္ပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္က ေျမာင္းနား စစ္ေဘးေရွာင္ စခန္းမွာ အမ်ိဳးသမီး ၂၄ ဦးဟာ ဝမ္းပ်က္ဝမ္းေလၽွာေရာဂါ ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။
ဒါတင္ မကေသးပါဘူး၊ တခ်ိဳ႕ေသာ စစ္ေဘးေရွာင္စခန္းေတြမွာ အစိုးရက ေထာက္ပံ့ေပးေနတဲ့ ဆန္မရရွိလို႔ ရိကၡာျပတ္လပ္မွာကိုပါ စိုးရိမ္ေနရပါတယ္။ ဒီၾကားထဲ ကိုဗစ္ကာကြယ္ဖို႔ လက္ေဆးဖို႔ေတာင္ ေရရွားပါးခက္ခဲတဲ့ အျဖစ္ကလည္း ထပ္ဆင့္လာသလို တခ်ိဳ႕အမ်ိဳးသမီးေတြဟာ ထမင္းဟင္းခ်က္ျပဳတ္ဖို႔နဲ႔ သုံးေရ အတြက္ စခန္းကေန ၂ မိုင္ေလာက္ေဝးတဲ့ ေနရာက ေရတြင္းအထိ သြားခပ္ေနရပါတယ္။
စစ္ေဘးေရွာင္ စခန္းေတြ အတြင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ ေပကြာ အိပ္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ အသိပညာေပးမႈေတြ ျပဳလုပ္ေနတာ ရွိေပမဲ့… လိုအပ္တဲ့ေသာက္သုံးေရ၊ လက္ေဆးရည္၊ ႏွာေခါင္းစည္း စတဲ့ အေျခခံက်တဲ့ အရာေတြ လုံလုံေလာက္ေလာက္ မရွိပါဘူး။ စစ္ေဘးေရွာင္စခန္း ေတာ္ေတာ္မ်ားမ်ားမွာ ဒီလို လိုအပ္ခ်က္ေတြ အမ်ားအျပား ရွိေနဆဲပါ။
အမ်ိဳးသမီးေတြ အေနနဲ႔လည္း သူတို႔ရဲ့ ဘဝရပ္တည္ေရးအတြက္ တစ္ဖက္တစ္လမ္းက ဝင္ေငြရွာလို႔ မျဖစ္နိုင္တဲ့ အေနအထားျဖစ္ေနတဲ့ အျပင္ လတ္တေလာ အသက္ရွင္သန္ေရးကိုပဲ ဦးစားေပးေနရတာေၾကာင့္ သူတို႔ရဲ့ သားသမီးေတြကို ေက်ာင္းဆက္ထားနိုင္ဖို႔ဆိုတာလည္း မျဖစ္နိုင္ဘဲ မေရမရာ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ထဲက ရိကၡာျပတ္လပ္ေနတဲ့ ေက်းရြာေတြမွာ ငွက္ေပ်ာအူကိုျပဳပ္ ဟင္းလုပ္စားၿပီး အသက္ဆက္ေနရတဲ့ အမ်ိဳးသမီးေတြေတာင္ ရွိပါတယ္။ ကေလးေတြကို အဆာေၿပ ထမင္းေကၽြးၿပီး မိဘေတြက ေရေသာက္ ေနရတာေတြေလည္း ရွိေနပါတယ္။ အာဟာရ ျပည့္ျပည့္ဝဝ မစားေသာက္ရရင္ ကေလးေတြဟာလည္း က်န္းမာႀကံ့ခိုင္ သန္စြမ္းတဲ့ ကေလးေတြ ျဖစ္လာဖို႔ မလြယ္ကူပါဘူး။ ထပ္ဆင့္ၿပီး ပညာသင္ခြင့္ပါ ဆုံးရႈံးသြားမယ္ ဆိုရင္ ကေလးေတြရဲ့ အနာဂတ္အတြက္ အေရးပါတဲ့ အခြင့္အေရးပါ ဆုံးရႈံးသြားရဦးမယ့္ အေနအထားပါ။
လတ္တေလာမွာ တိုက္ပြဲေတြ မျဖစ္ပြားေတာ့ေပမဲ့ ေနရပ္မျပန္နိုင္ေသးတဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြဟာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္က စစ္ေဘးေရွာင္စခန္းေတြမွာ က်န္ရွိေနဆဲ ျဖစ္ပါတယ္။ သူတို႔ ေနရပ္ကို မျပန္နိုင္ရေသးတဲ့ အေၾကာင္းရင္းေတြထဲမွာလည္း ေျမျမႇုပ္မိုင္းအႏၲရာယ္က ထိပ္ဆုံးက ပါဝင္ေနပါတယ္။ ရွမ္းျပည္နယ္မွာ ေျမျမႇုပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ရွိပါတယ္။
၂၀၁၉ ခုႏွစ္ အတြင္းမွာပဲ ေျမျမႇုပ္မိုင္းေၾကာင့္ ကေလးငယ္ ၁၆ ေယာက္ ေသဆုံးၿပီး ၃၆ ေယာက္ ျပင္းျပင္း ထန္ထန္ ဒဏ္ရာရခဲ့တယ္ လို႔ ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕ (ယူနီဆက္) ရဲ့ အစီရင္ခံစာမွာ ေဖာ္ျပထား ပါတယ္။
လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ မပတ္သက္တဲ့ အရပ္သားေတြကို အကာအကြယ္ေပးဖို႔ အစိုးရမွာ တာဝန္ရွိ ပါတယ္။ အထူးသျဖင့္ ထိခိုက္လြယ္တဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ လုံျခဳံစြာ ေနထိုင္ရွင္သန္နိုင္ဖို႔ အတြက္ အစိုးရအေနနဲ႔ မျဖစ္မေန တာဝန္ယူလုပ္ေဆာင္ေပးရမွာပါ။ ဘယ္လို မိခင္ကမွ သူတို႔ သားသမီးေတြကို စစ္ေဘးေရွာင္စခန္းမွာ ႀကီးျပင္းေစခ်င္မွာ မဟုတ္သလို စာသင္ေက်ာင္းကို ေက်ာခိုင္းေစခ်င္မွာ မဟုတ္ပါဘူး။
မူရင္းရပ္ရြာေတြမွာ လူ႔ဂုဏ္သိကၡာနဲ႔ အညီ ေနထိုင္နိုင္ဖို႔၊ စစ္ပြဲေတြေၾကာင့္ ထိခိုက္မႈ ကင္းေဝးေစဖို႔၊ ကေလးသူငယ္တိုင္း ပညာသင္ယူခြင့္ ရရွိေစဖို႔၊ အမ်ိဳးသမီးေတြ အတြက္ ဘဝလုံျခဳံမႈ ရွိေစဖို႔ အေရးယူ ေဆာင္ရြက္ေပးဖို႔ အခ်ိန္တန္ၿပီ ျဖစ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။ ။