Input your search keywords and press Enter.

ချင်းပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ညမထွက်ရ အမိန့်နှင့် ပက်သက်ပြီး ယနေ့ညမှစပြီးအချိန်ပြောင်းလဲပေး

 

Photo By Hakha GAD

Salai Khup Khup

ချင်းပြည်နယ်အတွင်း ညမထွက်ရအမိန့်နှင့် ပက်သက်ပြီး အရေးယူမှုအပိုင်း များပြားလာသည့် အတွက် ယနေ့မေလ (၁၅) ရက်နေ့ညမှ စပြီး အချိန်ပြောင်း လဲ ပြင်ဆင်ပေးထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောသည်။

COVID-19 ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရန် ည(၁၀)နာရီမှ မနက်(၄) နာရီအထိ အိမ်အပြင် မထွက်ရ အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယနေ့ည မေလ(၁၅) ရက်နေ့မှ စတင်ပြီး ည(၁၂) နာရီမှ မနက်(၄) ဟုအချိန်ပြောင်းလဲ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “အရင်က(၁၀) နာရီ လုပ်တဲ့အခါကျတော့ အရေးယူမှုတွေ အများကြီးဖြစ်တယ်။ အခုအထက်က လမ်းညွှန်တဲ့အတွက် ပြည်နယ်ကလည်း မြို့နယ်အားလုံးကို စာထုတ်လိုက်ပြီ ည(၁၂)နာရီ တိုးပေးလိုက်တဲ့အတွက် ကိုယ်ရေးကိုယ်တာဖြစ်စေ အခြားအရေးကြီးကိစ္စ ဖြစ်ဖြစ် ကုန်စည်သည်တဲ့ ကားတွေဖြစ်ဖြစ် ည(၁၂) ပြန်သက်မှတ် လိုက်တဲ့အတွက်တော့ အများကြီး ပိုအဆင်ပြေတော့မှာဖြစ်တယ်”ဟုပြောသည်။

ချင်းပြည်နယ်တွင် ညမထွက်ရ အမိန့်နှင့်ပက်သက်ပြီး အရေးယူမှုပိုင်းတွင် ဟားခါးမြို့နှင့် မင်းတပ်မြို့မှာ အများဆုံးဖြစ်ပြီး ကျန်မြို့နယ်များမှာ အနည်းငယ်သာ ရှိကြောင်းလည်း စည်ပင်ဝန်ကြီးက ပြောသည်။

COVID-19 ရောဂါသည် အများပြည်သူ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင်အသက်အန္တရယ်သေဆုံးသည်ထိ ဖြစ်ပွားလာနိုင်သည့်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းဆောင်ရွက်ခြင်း မပြုရန် အများပြည်သူ လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်)ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

 

Zawgyi

 

ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္တိုင္းတြင္ ညမထြက္ရ အမိန္႔ႏွင့္ ပက္သက္ၿပီး ယေန့ညမွစျပီးအခ်ိန္ေျပာင္းလဲေပး

ခ်င္းျပည္နယ္အတြင္း ညမထြက္ရအမိန္႔ႏွင့္ ပက္သက္ၿပီး အေရးယူမႈအပိုင္း မ်ားျပားလာသည့္ အတြက္ ယေန့ေမလ (၁၅) ရက္ေန႔ညမွ စၿပီး အခ်ိန္ေျပာင္း လဲ ျပင္ဆင္ေပးထားေၾကာင္း ခ်င္းျပည္နယ္ ေျပာေရးဆိုခြင့္ရွိ စည္ပင္ဝန္ႀကီးဦးစိုးထက္ ကေျပာသည္။

COVID-19 ဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္နိုင္ရန္ ည(၁၀)နာရီမွ မနက္(၄) နာရီအထိ အိမ္အျပင္ မထြက္ရ အမိန္႔ထုတ္ျပန္ခဲ့ေသာ္လည္း ယေန႔ည ေမလ(၁၅) ရက္ေန႔မွ စတင္ၿပီး ည(၁၂) နာရီမွ မနက္(၄) ဟုအခ်ိန္ေျပာင္းလဲ အမိန္႔ကို ထုတ္ျပန္ခဲ့သည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “အရင္က(၁၀) နာရီ လုပ္တဲ့အခါက်ေတာ့  အေရးယူမႈေတြ အမ်ားႀကီးျဖစ္တယ္။ အခုအထက္က လမ္းညႊန္တဲ့အတြက္  ျပည္နယ္ကလည္း ၿမိဳ႕နယ္အားလုံးကို စာထုတ္လိုက္ၿပီ     ည(၁၂)နာရီ တိုးေပးလိုက္တဲ့အတြက္  ကိုယ္ေရးကိုယ္တာျဖစ္ေစ အျခားအေရးႀကီးကိစၥ ျဖစ္ျဖစ္  ကုန္စည္သည္တဲ့ ကားေတြျဖစ္ျဖစ္  ည(၁၂) ျပန္သက္မွတ္ လိုက္တဲ့အတြက္ေတာ့  အမ်ားႀကီး ပိုအဆင္ေျပေတာ့မွာျဖစ္တယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္တြင္ ညမထြက္ရ အမိန္႔ႏွင့္ပက္သက္ၿပီး အေရးယူမႈပိုင္းတြင္ ဟားခါးၿမိဳ႕ႏွင့္ မင္းတပ္ၿမိဳ႕မွာ အမ်ားဆုံးျဖစ္ၿပီး က်န္ၿမိဳ႕နယ္မ်ားမွာ အနည္းငယ္သာ ရွိေၾကာင္းလည္း စည္ပင္ဝန္ႀကီးက ေျပာသည္။

COVID-19 ေရာဂါသည္ အမ်ားျပည္သူ၏ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးမ်ားကို ထိခိုက္ေစသည့္အျပင္အသက္အႏၲရယ္ေသဆုံးသည္ထိ ျဖစ္ပြားလာနိုင္သည့္အတြက္          ေနအိမ္ျပင္ပသို႔ ထြက္ခြာျခင္း၊ စုေဝးျခင္းေဆာင္ရြက္ျခင္း မျပဳရန္ အမ်ားျပည္သူ လိုက္နာ က်င့္သုံးနိုင္ေရးအတြက္ ပုဒ္မ ၁၄၄ (ညမထြက္ရ အမိန္႔)ကို ထုတ္ျပန္ျခင္း ျဖစ္ေၾကာင္း သိရသည္။