Input your search keywords and press Enter.

ကုလားတန်တံတားတည်ဆောက်မူ ပြီးစီးပြီဖြစ်သော်လည်း ဖြက်သန်းသွားလာခြင်း မလုပ်ရဲကြ

 

 

Salai Khup Khup

ပလက်ဝမြို့နှင့်ရခိုင်ပြည်နယ်ကျောက်တော်မြို့ကိုဆက်သွယ်ရာတွင်လည်းကောင်း၊မတူပီမြို့ကိုဆက်သွယ်ရာတွင်လည်းကောင်းအရေးပါသည့်ကုလားတန် မြစ်ကူးတံတားပြီးဆုံးပြီ ဖြစ်သော်လည်း နယ်မြေမငြိမ်းချမ်း မှုကြောင့် တံတားပေါ်သို့ မည်သူမှ ဖြက်သန်းသွားလာခြင်း မရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့ဒေသခံ တစ်ဦးက “တံတားက သွားလာလို့ရနေပြီ ။ဒါပေမဲ့ ဘယ်သူမှ မသွားလာရဲသေးဘူး လက်ရှိတိုက်ပွဲ အခြေအနေတွေအရ သွားလာဖို့ ဘယ်သူမဆိုကြောက်ကြတယ်။ ဆမီးနဲ့ပလက်ဝ သွားမဲ့ လမ်းကြောင်းကလည်း ပိတ်နေတာဆိုတော့ လုံးဝအသွားအလာ မရှိဘူးဖြစ်တယ်”ဟုပြောသည်။

ကုလားတန်မြစ်ကူးတံတားမှာ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပြီး ကား၊ဆိုင်ကယ်များ သွားလာနိုင်ပြီ ဖြစ်သော်လည်း AAအဖွဲ့၏ သေနက်ပစ်ခက်မှုများ မြင်ရကြားရမှုများ ကြုံတွေ့ရသဖြင့် ဒေသခံမည်သူမှ အသွားလာ မလုပ်ရဲကြသေးကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “လူနာပို့တဲ့ကားတွေတော့ အလံဖြူလုပ်ပြီးတော့ လူနာကို ပလက်ဝကနေပြီးတော့ ဆမီးဖက်ကို ပို့တာမျိုးကိုတော့ တံတားပေါ်ကဖြတ်တယ် လူနာပို့တာက လွဲပြီး ဘယ်သူမှ မသွားရဲဘူး လူနာကလည်း အသည်းအသန်ဆိုတော့ မပို့လို့လည်းမရဆိုတော့ ပို့ပေးရတယ်”ဟုပြောသည်။

ကုလားတန် မြစ်ကူးတံတားကြီးကို ၂၇ ဘီလျံအကုန်ကျခံ တည်ဆောက်ထားပြီး တည်ဆောက်မူပိုင်းတွင်အနည်းငယ်သာ လုပ်ရန်သာကျန်နေသေးသောလည်း နယ်မြေမငြိမ်းချမ်းမှုကြောင့် တံတားဆောက်လုပ်ရေး အလုပ်သမား ထွက်ပြေးကုန်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “တံတားအပိုင်းတော့ တော်တော်လေးပြီးစီးနေပြီ ချဉ်းကပ်လမ်းကို ကတ္တရာလမ်း လုပ်ဖို့အတွက် ဘယ်ဖက်က ခြောက်ဖာလုံ ညာဖက်က ခြောက်ဖာလုံ တစ်မိုင်ခွဲ အဲဒါကို တိုက်ပွဲတွေဖြစ်တော့ ချဉ်းကပ်လမ်းတွေကို လာမလုပ်နိုင်ဘူးဖြစ်တယ် မြေသားလမ်းပေါ်ကနေ သွားရင် တံတားတော့ဖြတ်လို့ရတယ် တိုက်ပွဲဖြစ်တော့ အဲဒါတွေ လက်စမသက်နိုင်ဘူးဖြစ်နေတယ်”ဟုပြောသည်။

ကုလားတန်မြစ်ကူးတံတား ပြီးစီးနေပြီဖြစ်သောကြောင့် ပလက်ဝမြို့ စားနပ်ရိက္ခာ သယ်ယူ ပို့ဆောင်ရာတွင်လည်းကောင်း ပလက်မြို့ပိုမို ဖွံ့ဖြိုးတိုးတတ်လာ မည်ဖြစ်ပြီး တံတားဖွင့်ပွဲကိုလည်း နယ်မြေငြိမ်းချမ်းချိန်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

Zawgyi

 

ကုလားတန္တံတားတည္ေဆာက္မူ ၿပီးစီးျပီျဖစ္ေသာ္လည္း ျဖက္သန္းသြားလာျခင္း မလုပ္ရဲၾက

 

Salai Khup Khup

 

ပလက္ဝၿမိဳ႕နွင့္ရခုိင္ျပည္နယ္ေက်ာက္ေတာ္ျမိဳ့ကုိဆက္သြယ္ရာတြင္လည္းေကာင္း၊မတူပီျမိဳ့ကုိဆက္သြယ္ရာတြင္လည္းေကာင္းအေရးပါသည့္ကုလားတန္ ျမစ္ကူးတံတားၿပီးဆုံးၿပီ ျဖစ္ေသာ္လည္း နယ္ေျမမၿငိမ္းခ်မ္း မႈေၾကာင့္ တံတားေပၚသို႔ မည္သူမွ ျဖက္သန္းသြားလာျခင္း မရွိေသးေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕ေဒသခံ တစ္ဦးက “တံတားက သြားလာလို႔ရေနၿပီ ။ဒါေပမဲ့ ဘယ္သူမွ မသြားလာရဲေသးဘူး လက္ရွိတိုက္ပြဲ အေျခအေနေတြအရ  သြားလာဖို႔ ဘယ္သူမဆိုေၾကာက္ၾကတယ္။   ဆမီးနဲ႔ပလက္ဝ သြားမဲ့ လမ္းေၾကာင္းကလည္း ပိတ္ေနတာဆိုေတာ့  လုံးဝအသြားအလာ မရွိဘူးျဖစ္တယ္”ဟုေျပာသည္။

ကုလားတန္ျမစ္ကူးတံတားမွာ ၉၅ ရာခိုင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္ၿပီး ကား၊ဆိုင္ကယ္မ်ား သြားလာနိုင္ၿပီ ျဖစ္ေသာ္လည္း  AAအဖြဲ႕၏ ေသနက္ပစ္ခက္မႈမ်ား ျမင္ရၾကားရမႈမ်ား ၾကဳံေတြ႕ရသျဖင့္  ေဒသခံမည္သူမွ အသြားလာ မလုပ္ရဲၾကေသးေၾကာင္း စည္ပင္ဝန္ႀကီးဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “လူနာပို႔တဲ့ကားေတြေတာ့ အလံျဖဴလုပ္ၿပီးေတာ့  လူနာကို ပလက္ဝကေနၿပီးေတာ့ ဆမီးဖက္ကို ပို႔တာမ်ိဳးကိုေတာ့ တံတားေပၚကျဖတ္တယ္ လူနာပို႔တာက လြဲၿပီး ဘယ္သူမွ မသြားရဲဘူး  လူနာကလည္း အသည္းအသန္ဆိုေတာ့ မပို႔လို႔လည္းမရဆိုေတာ့  ပို႔ေပးရတယ္”ဟုေျပာသည္။

ကုလားတန္ ျမစ္ကူးတံတားႀကီးကို ၂၇ ဘီလ်ံအကုန္က်ခံ တည္ေဆာက္ထားၿပီး တည္ေဆာက္မူပုိင္းတြင္အနည္းငယ္သာ လုပ္ရန္သာက်န္ေနေသးေသာလည္း နယ္ေျမမၿငိမ္းခ်မ္းမႈေၾကာင့္ တံတားေဆာက္လုပ္ေရး အလုပ္သမား ထြက္ေျပးကုန္ၿပီ ျဖစ္ေၾကာင္းလည္း သိရသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “တံတားအပိုင္းေတာ့ ေတာ္ေတာ္ေလးၿပီးစီးေနၿပီ  ခ်ဥ္းကပ္လမ္းကို ကတၱရာလမ္း လုပ္ဖို႔အတြက္ ဘယ္ဖက္က ေျခာက္ဖာလုံ ညာဖက္က ေျခာက္ဖာလုံ တစ္မိုင္ခြဲ  အဲဒါကို တိုက္ပြဲေတြျဖစ္ေတာ့ ခ်ဥ္းကပ္လမ္းေတြကို လာမလုပ္နိုင္ဘူးျဖစ္တယ္ ေျမသားလမ္းေပၚကေန သြားရင္  တံတားေတာ့ျဖတ္လို႔ရတယ္  တိုက္ပြဲျဖစ္ေတာ့ အဲဒါေတြ လက္စမသက္နိုင္ဘူးျဖစ္ေနတယ္”ဟုေျပာသည္။

ကုလားတန္ျမစ္ကူးတံတား ၿပီးစီးေနၿပီျဖစ္ေသာေၾကာင့္ ပလက္ဝၿမိဳ႕ စားနပ္ရိကၡာ သယ္ယူ ပို႔ေဆာင္ရာတြင္လည္းေကာင္း ပလက္ၿမိဳ႕ပိုမို ဖြံ့ၿဖိဳးတိုးတတ္လာ မည္ျဖစ္ၿပီး တံတားဖြင့္ပြဲကိုလည္း နယ္ေျမၿငိမ္းခ်မ္းခ်ိန္တြင္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။