Input your search keywords and press Enter.

ကပ်တဲလ်ရွာကို Lock Down ဖြုတ်ပေးပြီ

 

 

Salai Khup Khup

 

၅၁ ရက်ကြာlock down ထားသည့် တီးတိန်မြို့နယ်၊ကပ်တဲလ်ကျေးရွာကို ယနေ့မနက် (၄)နာရီ အချိန်မှ စပြီး Lock Down ဖြုတ်ပေး လိုက်ပြီ ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကပ်တဲလ်ရွာကို ပြည်ထောင်စု ကနေပြီးတော့ ဒီနေ့မနက် လေးနာရီကနေစပြီး Lock down ဖြေပေးလိုက်ပြီ lock down မဖြုတ်ရင် တောင်ယာ သွားလို့မရဘူး လယ်တွေ သွားလို့ မရလို့အလုပ်လုပ်လို့ မရဘူးဆိုတော့ ပြည်နယ်အစိုးရကနေပြီး ပြည်ထောင်စုကို တင်ပြတယ် ပြည်ထောင်စုကနေ ကျန်းမာရေုး ဝန်ကြီးဌာန သဘောထား တောင်းပြီးတော့ lock down ဖြုတ်ပေးလိုက်ပြီဖြစ်တယ်”ဟုပြောသည်။
Case-1 လူနာတွေ့ရှိခဲ့သည့် ကပ်တဲလ်ကျေးရွာကို ဒီမနက် Lock down ဖြုတ်ပေး လိုက်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ အကန့်သက်များရှိကြောင်း ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး Do Za Tuang ကပြောသည်။

ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး Do Za Tuang က “ကျတော်တို့ ရွာက တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးတယ် ဆိုတော့ အခုလို lock down ဖြုတ်ပေးလိုက်တာ ဝမ်းသာကြတယ် ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဖက်က ညွှန်ကြားချက် ဘယ်လိုလာမလဲဆိုတာ စောင့်နေတယ်”ဟုပြောသည်။
လက်ရှိချိန်ထိ Covid-19 ဗိုင်းရပ်စ် ကူးဆက်မှုမှာ တစ်ကမ္ဘာလုံး ဖြစ်ပွားနေသည့် အတွက် ကပ်တဲလ်ကျေးရွာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု အရ မေ ၁၅ ရက်မှ ၃၁ ရက်နေ့ထိ Quarentine လုပ်ရန် ထုတ်ပြန်လိုက်ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “နိုင်ငံတော်ကချပေးလိုက်တဲ့ ဂိုက်လိုင်းအရတော့ တစ်နိုင်ငံလုံးတော့ ဒီလိုဆက်လက် လိုက်နာရမယ် Lock down ကိုတော့ ဖြုတ်လိုက်ပြီ ဒါပေမဲ့ Covid-19 သက်မှတ်ချက်ကာလက အရ အိမ်မှာ နေကြဖို့ လူစုလူဝေးမလုပ်ကြဖို့ ပန်ကြားရမှာဘဲ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူူအဖြစ် တွေ့ရှိခဲ့သည့် ကပ်တဲလ်ကျေးရွာတွင် နေထိုင်ခဲ့သည့် case-1 လူနာကို စစ်ဆေးချက်များ ထပ်မံပြုလုပ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိခြင်းကြောင့် ဧပြီလ ၃၀ ရက်နေ့ ကတည်းက တီးတိန် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။

 

Zawgyi

 

 

ကပ္တဲလ္ရြာကုိ Lock Down ျဖဳတ္ေပးျပီျဖစ္

၅၁ ရက္ၾကာlock down ထားသည့္ တီးတိန္ျမိဳ့နယ္၊ကပ္တဲလ္ေက်းရြာကို ယေန့မနက္ (၄)နာရီ အခ်ိန္မွ စၿပီး Lock Down ျဖဳတ္ေပး လိုက္ၿပီ ျဖစ္ေၾကာင္း စည္ပင္ဝန္ႀကီးက ေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ကပ္တဲလ္ရြာကို ျပည္ေထာင္စု ကေနၿပီးေတာ့ ဒီေန႔မနက္ ေလးနာရီကေနစၿပီး Lock down ေျဖေပးလိုက္ၿပီ  lock down မျဖဳတ္ရင္ ေတာင္ယာ သြားလို႔မရဘူး  လယ္ေတြ သြားလို႔ မရလို႔အလုပ္လုပ္လို႔ မရဘူးဆိုေတာ့  ျပည္နယ္အစိုးရကေနၿပီး ျပည္ေထာင္စုကို တင္ျပတယ္ ျပည္ေထာင္စုကေန က်န္းမာေ႐ုး ဝန္ႀကီးဌာန သေဘာထား ေတာင္းၿပီးေတာ့ lock down ျဖဳတ္ေပးလိုက္ၿပီျဖစ္တယ္”ဟုေျပာသည္။

Case-1 လူနာေတြ႕ရွိခဲ့သည့္  ကပ္တဲလ္ေက်းရြာကို ဒီမနက္ Lock down ျဖဳတ္ေပး လိုက္ေသာ္လည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းညႊန္မႈအရ အကန႔္သက္မ်ားရွိေၾကာင္း ကပ္တဲလ္ေက်းရြာ အုပ္ခ်ဳပ္ေရးမႉး Do Za Tuang ကေျပာသည္။

ကပ္တဲလ္ေက်းရြာ အုပ္ခ်ဳပ္ေရးမႉး Do Za Tuang က “က်ေတာ္တို႔ ရြာက ေတာင္ယာ လုပ္ငန္းနဲ႔ အသက္ေမြးတယ္ ဆိုေတာ့ အခုလို lock down ျဖဳတ္ေပးလိုက္တာ ဝမ္းသာၾကတယ္  ဒါေပမဲ့ ေနာက္ဆက္တြဲ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနဖက္က ညႊန္ၾကားခ်က္ ဘယ္လိုလာမလဲဆိုတာ  ေစာင့္ေနတယ္”ဟုေျပာသည္။

လက္ရွိခ်ိန္ထိ Covid-19 ဗိုင္းရပ္စ္ ကူးဆက္မႈမွာ တစ္ကမၻာလုံး ျဖစ္ပြားေနသည့္ အတြက္ ကပ္တဲလ္ေက်းရြာမွာလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းညႊန္မႈ အရ ေမ ၁၅ ရက္မွ ၃၁ ရက္ေန႔ထိ Quarentine လုပ္ရန္ ထုတ္ျပန္လိုက္ေၾကာင္း စည္ပင္ဝန္ႀကီးကေျပာသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က “နိုင္ငံေတာ္ကခ်ေပးလိုက္တဲ့ ဂိုက္လိုင္းအရေတာ့ တစ္နိုင္ငံလုံးေတာ့ ဒီလိုဆက္လက္ လိုက္နာရမယ္ Lock down ကိုေတာ့ ျဖဳတ္လိုက္ၿပီ ဒါေပမဲ့ Covid-19 သက္မွတ္ခ်က္ကာလက အရ အိမ္မွာ ေနၾကဖို႔ လူစုလူေဝးမလုပ္ၾကဖို႔ ပန္ၾကားရမွာဘဲ”ဟုဆုိသည္။

ျမန္မာနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ပထမဆုံးကူးစက္ခံရသူူအျဖစ္ ေတြ႕ရွိခဲ့သည့္ ကပ္တဲလ္ေက်းရြာတြင္ ေနထိုင္ခဲ့သည့္ case-1 လူနာကို စစ္ေဆးခ်က္မ်ား ထပ္မံျပဳလုပ္ခဲ့ရာ ေရာဂါပိုးမေတြ႕ရွိျခင္းေၾကာင့္ ဧၿပီလ ၃၀ ရက္ေန႔ ကတည္းက တီးတိန္ ေဆး႐ုံမွ ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္သည္။