Input your search keywords and press Enter.

Myanmar Idol Season 4 ထိပ်ပိုင်းရောက် ချင်းတိုင်းသား ၃ ဦးမှ လူနာတင်ကား တစ်စီး လှူဒါန်းမည်

Salai C.Lian

Myanmar Idol Season 4 တွင် Winner ဖြစ်သည့် Esther Dawt Chin Sung, Runner up Benjamen Sum နှင့် Top 5 ဝင် ယောကီးတို့မှ ချင်းပြည်နယ် ပလက်ဝ စစ်ဘေးရှောင် ပြည်သူများ အရေးပေါ် အသုံးပြုရန် လူနာတင်ကား တစ်စီးဝယ်ယူ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းလူနာတင်ကား ဝယ်ယူနိုင်ရန် Esther Daw Chin Sung မှ သိန်း ၂၀၊ Benjamen Sum မှ ၂၅ သိန်းနှင့် ယောကီးမှ သိန်း ၂၀ အသီးသီး ငွေထည့်ဝင်ကြခြင်းဖြစ်သည်။

Benjamin Sum ၏ မန်နေဂျာဖြစ်သူ ဆလိုင်းထောင်းထောင်းက “Benjamin Sum ကတော့ ၂၅ သိန်းလှူမယ်၊ အဲဒီအတွက် ကျွန်တော်တို့ အကုန်လုံးငွေလွှဲပြီးပြီ၊ Esther က သိန်း ၂၀ နှင့် ယောကီးက သိန်း ၂၀ ဆိုတော့ အကုန်လုံး ၆၅ သိန်းထွက်တယ်၊ လူနာတင်ယာဉ်အဖြစ် အသုံးပြုသွားမယ်” ဟုပြောသည်။

ထို့ပြင် Esther Dawt Chin Sung မှလည်း သူ၏ လူမှုကွန်ယက်တွင်“အားလုံးမင်္ဂလာပါ။ ကျမတို့ အခု ပလက်ဝမှာဖြစ်နေတဲ့ စစ်ဘေးအတွက်တတ်နိုင်သလောက်ထပ်ပီးတော့ပါဝင်ပါတယ်ရှင့်၊ ကျွန်မ နဲ့ အတူပါဝင်ချင်တဲ့ အမျိုးတို့ရှိရင်အတူတူကုသိုလ်ယူရအောင်လို့ အလှူလေးအကြောင်းပြောချင်ပါတယ်ရှင့်

အခုချိန်မှာအားလုံးခက်ခဲနေတာလဲသိပါတယ်၊ မဖြစ်မနေလှူရမယ်လို့မဟုတ်ပါဘူး ။တတ်နိုင်သူများအနေနဲ့လဲ ဒီအလှူလေး ထမြောက်အောင် တတ်အားသရွှေ့ ပါဝင်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟုရေးသားထားသည်။

ဆက်ပြီးသူက “အခု ပလက်ဝဖက်မှာဖြစ်နေတဲ့ စစ်ဘေးဒဏ်သင့်ကျေးရွာတွေက လူနာတွေကို ဆေးရုံအချိန်မှီပို့နိုင်ဖို့ လူနာတင်ကားအခက်အခဲရှိတဲ့အတွက် မသေသင့်ပဲ သေကြရတာတွေရှိနေပါတယ်။

အရေးပေါ်လိုအပ်နေတဲ့လူနာတင်ကားတစ်စီးကို Esther, Yaw Kee, Binjemin မောင်နှမသုံးယောက်က စုပေါင်းပြီးလှူပေးမှာဖြစ်ပါတယ်” ဟုရေးသားထားသည်။

လက်ရှိအခြေအနေအရ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခရောက်နေသည့် ပြည်သူ ၁၀၀၀၀ ကျော်ရှိကြောင်းသိရသည်။

Zawgyi

Myanmar Idol Season 4 ထိပ္ပုိင္းေရာက္ ခ်င္းတိုင္းသား ၃ ဦးမွ လူနာတင္ကား တစ္စီး လွဴဒါန္းမည္

Myanmar Idol Season 4 တြင္ Winner ျဖစ္သည့္ Esther Dawt Chin Sung, Runner up Benjamen Sum ႏွင့္ Top 5 ဝင္ ေယာကီးတို႔မွ ခ်င္းျပည္နယ္ ပလက္ဝ စစ္ေဘးေရွာင္ ျပည္သူမ်ား အေရးေပၚ အသုံးျပဳရန္ လူနာတင္ကား တစ္စီးဝယ္ယူ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

ယင္းလူနာတင္ကား ဝယ္ယူနိုင္ရန္ Esther Daw Chin Sung မွ သိန္း ၂၀၊ Benjamen Sum မွ ၂၅ သိန္းႏွင့္ ေယာကီးမွ သိန္း ၂၀ အသီးသီး ေငြထည့္၀င္ၾကျခင္းျဖစ္သည္။

Benjamin Sum ၏ မန္ေနဂ်ာျဖစ္သူ ဆလုိင္းေထာင္းေထာင္းက “Benjamin Sum ကေတာ့ ၂၅ သိန္းလွဴမယ္၊ အဲဒီအတြက္ ကၽြန္ေတာ္တို႔ အကုန္လုံးေငြလႊဲၿပီးၿပီ၊ Esther က သိန္း ၂၀ ႏွင့္ ေယာကီးက သိန္း ၂၀ ဆိုေတာ့ အကုန္လုံး ၆၅ သိန္းထြက္တယ္၊ လူနာတင္ယာဥ္အျဖစ္ အသုံးျပဳသြားမယ္” ဟုေျပာသည္။

ထို႔ျပင္ Esther Dawt Chin Sung မွလည္း သူ၏ လူမႈကြန္ယက္တြင္“အားလုံးမဂၤလာပါ။ က်မတို႕ အခု ပလက္ဝမွာျဖစ္ေနတဲ့ စစ္ေဘးအတြက္တတ္ႏိုင္သေလာက္ထပ္ပီးေတာ့ပါဝင္ပါတယ္ရွင့္၊ ကၽြန္မ နဲ႔ အတူပါဝင္ခ်င္တဲ့ အမ်ိဳးတို႔ရွိရင္အတူတူကုသိုလ္ယူရေအာင္လို႔ အလွဴေလးအေၾကာင္းေျပာခ်င္ပါတယ္ရွင့္

အခုခ်ိန္မွာအားလုံးခက္ခဲေနတာလဲသိပါတယ္၊ မျဖစ္မေနလွဴရမယ္လို႔မဟုတ္ပါဘူး ။တတ္ႏုိင္သူမ်ားအေနနဲ႔လဲ ဒီအလွဴေလး ထေျမာက္ေအာင္ တတ္အားသေရႊ႕ ပါဝင္လွဴဒါန္းေပးဖို႔ ေမတၱာရပ္ခံပါတယ္” ဟုေရးသားထားသည္။

ဆက္ၿပီးသူက “အခု ပလက္ဝဖက္မွာျဖစ္ေနတဲ့ စစ္ေဘးဒဏ္သင့္ေက်းရြာေတြက လူနာေတြကို ေဆး႐ုံအခ်ိန္မွီပို႕ႏုိင္ဖုိ႕ လူနာတင္ကားအခက္အခဲရွိတဲ့အတြက္ မေသသင့္ပဲ ေသၾကရတာေတြရွိေနပါတယ္။

အေရးေပၚလိုအပ္ေနတဲ့လူနာတင္ကားတစ္စီးကို Esther, Yaw Kee, Binjemin ေမာင္ႏွမသုံးေယာက္က စုေပါင္းၿပီးလွဴေပးမွာျဖစ္ပါတယ္” ဟုေရးသားထားသည္။

လက္ရွိအေျခအေနအရ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္တြင္ စစ္ေဘးဒုကၡေရာက္ေနသည့္ ျပည္သူ ၁၀၀၀၀ ေက်ာ္ရွိေၾကာင္းသိရသည္။