Input your search keywords and press Enter.

COVID-19 Positive လူနာ ပိုးစစ်ဆေးမှု၂ဦး Negative ပြပြီး ကျန်၃ဦးတွင် Positive ဖြစ်နေဆဲ

Shing Mang

ချင်းပြည်နယ်တွင် COVID-19 Positive ပြ လူနာ ၅ဦးရှိပြီး ယခုဆေးစစ်ဆေးစစ်ဆေးမှုတွင် ၂ဦးမှာ Negative စပြနေပြီဖြစ်သော်လည်း ကျန်သုံးဦးမှာ ရောဂါလက္ခဏာ positive ပြနေသေးကြောင်း သိရသည်။

” ဟားခါးလူနာက ပထမဦးဆုံးအကြိမ် Negative ဖြစ်ပြီပေါ့နော်၊ ထပ်စစ်ရဦးမယ်ခင်ဗျ၊ တီးတိန်က Case -31 က Negative စဖြစ်နေပါပြီ၊ ဒါပေမယ့် Case ၂၃ ၊
၇၈တို့ ၁၁၃တို့ကတော့ လောလောဆယ် positve ရှိနေတုန်းပါခင်ဗျ၊ ပထမတစ်ကြိမ် ဆေးစစ်မှုမှာ Negative ပြရင်Negative ဖြစ်ပြီးနောက်ပိုင်း အနည်းဆုံး ၄၈နာရီ ၊ အနည်းဆုံးနော် ထပ်ယူပြီး ထပ်စစ်ကြတာပါ၊ဟားခါးလည်း ဟားခါးဆေးရုံအုပ်ကြီးတို့ရဲ့ ချိန်ချ စီစဉ်မှုနဲ့ ပြန်လည်စစ်ဆေးသွားမှာပါ”
ဟု ချင်းပြည်နယ် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာန ဦးစီးမှူး ဒေါက်တာ အောင်ငွေစံမှ ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်း သံသယလူနာများ ဆေးစစ်ဆေးမှုမှာ အချို့ Negative ပြနေကြပြီး ရက်ပြည့်အထိ သံသယလူနာများအားလုံးထားရှိရဦးမည်ဖြစ်သည်။

“Negative ဆိုတာ ကျွန်တော်တို့ ကောင်းတဲ့ ရလဒ် တစ်ခု ဖြစ်တယ် လက်ခံရမှာဖြစ်ပါတယ်၊ Case positvie ဖြစ်လို့ ဆေးရုံတက်ရတဲ့လူတွေ Negative ဖြစ်ဖို့လိုတယ်၊ အနည်းဆုံး ၂ကြိမ် Negative ပြဖို့လို တယ်၊ သူ့ရဲ့ ဝေဒနာ ခံစားမှုရဲ့ လက္ခဏာတွေ ဓတ်ခွဲခန်းမှာ ကောင်းမွန်တဲ့ စစ်ဆေးချက်တွေ ကောင်းမွန်တဲ့ အခါကြရင်တော့ ဆေးရုံဆင်းမယ့်အပိုင်း သွားရမှာ ဖြစ်ပါတယ်၊”ဟု ပြောသည်။

Facility Quarantine အထားခံရသူ များအနေဖြင့် Negative ပြသည့် ဆေးစစ်မှုများထွက်လာသည့် ရလဒ်သည်ကောင်းမွန်သည့်အနေအထားဖြစ်ပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် Guide Line များအရ ၂၁ ရက်ပြည့်အောင် နေကြရမှာ ဖြစ်ပြီး ရောဂါပိုးမရှိမှု သေချာရန် ၂၁ရက်နေရမှာ ဖြစ်သည်ဟု သိရသည်။

လက်ရှိချင်းပြည်နယ်တွင် COVID-19 Positive လူနာ ၅ဦးရှိပြီး ယင်းတို့နှင့် ထိတွေ့ခဲ့သူများ ကို Facility Quarantine ထားရှိပြီး စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

 

Zawgyi

COVID-19 Positive လူနာ ပိုးစစ္ေဆးမႈ၂ဦး Negative ျပၿပီး က်န္၃ဦးတြင္ Positive ျဖစ္ေနဆဲ

 

ခ်င္းျပည္နယ္တြင္ COVID-19 Positive ၿပ လူနာ ၅ဦးရွိၿပီး ယခုေဆးစစ္ေဆးစစ္ေဆးမႈတြင္ ၂ဦးမွာ Negative စျပေနၿပီျဖစ္ေသာ္လည္း က်န္သံုးဦးမွာ ေရာဂါလကၡဏာ positive ျပေနေသးေၾကာင္း သိရသည္။

 

” ဟားခါးလူနာက ပထမဦးဆုံးအႀကိမ္ Negative ျဖစ္ၿပီေပါ့ေနာ္၊ ထပ္စစ္ရဦးမယ္ခင္ဗ်၊ တီးတိန္က Case -31 က Negative စျဖစ္ေနပါၿပီ၊ ဒါေပမယ့္ Case ၂၃ ၊

၇၈တို႔ ၁၁၃တို႔ကေတာ့ ေလာေလာဆယ္ positve ရွိေနတုန္းပါခင္ဗ်၊ ပထမတစ္ႀကိမ္ ေဆးစစ္မႈမွာ Negative ျပရင္Negative ျဖစ္ၿပီးေနာက္ပိုင္း အနည္းဆုံး ၄၈နာရီ ၊ အနည္းဆုံးေနာ္ ထပ္ယူၿပီး ထပ္စစ္ၾကတာပါ၊ဟားခါးလည္း ဟားခါးေဆး႐ုံအုပ္ႀကီးတို႔ရဲ့ ခ်ိန္ခ် စီစဥ္မႈနဲ႔ ျပန္လည္စစ္ေဆးသြားမွာပါ”

ဟု ခ်င္းျပည္နယ္ ျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဌာန ဦးစီးမႉး ေဒါက္တာ ေအာင္ေငြစံမွ ေျပာသည္။

 

လက္ရွိတြင္ ခ်င္းျပည္နယ္အတြင္း သံသယလူနာမ်ား ေဆးစစ္ေဆးမႈမွာ အခ်ိဳ႕ Negative ျပေနၾကၿပီး ရက္ျပည့္အထိ သံသယလူနာမ်ားအားလုံးထားရွိရဦးမည္ျဖစ္သည္။

 

“Negative ဆိုတာ ကၽြန္ေတာ္တို႔ ေကာင္းတဲ့ ရလဒ္ တစ္ခု ျဖစ္တယ္ လက္ခံရမွာျဖစ္ပါတယ္၊ Case positvie ျဖစ္လို႔ ေဆး႐ုံတက္ရတဲ့လူေတြ Negative ျဖစ္ဖို႔လိုတယ္၊ အနည္းဆုံး ၂ႀကိမ္ Negative ျပဖို႔လို တယ္၊ သူ႔ရဲ့ ေဝဒနာ ခံစားမႈရဲ့ လကၡဏာေတြ ဓတ္ခြဲခန္းမွာ ေကာင္းမြန္တဲ့ စစ္ေဆးခ်က္ေတြ ေကာင္းမြန္တဲ့ အခါၾကရင္ေတာ့ ေဆး႐ုံဆင္းမယ့္အပိုင္း သြားရမွာ ျဖစ္ပါတယ္၊”ဟု ေျပာသည္။

 

Facility Quarantine အထားခံရသူ မ်ားအေနျဖင့္ Negative ျပသည့္ ေဆးစစ္မႈမ်ားထြက္လာသည့္ ရလဒ္သည္ေကာင္းမြန္သည့္အေနအထားျဖစ္ၿပီး နိုင္ငံေတာ္မွ ခ်မွတ္ထားသည့္ Guide Line မ်ားအရ ၂၁ ရက္ျပည့္ေအာင္ ေနၾကရမွာ ျဖစ္ၿပီး ေရာဂါပိုးမရွိမႈ ေသခ်ာရန္ ၂၁ရက္ေနရမွာ ျဖစ္သည္ဟု သိရသည္။

 

လက္ရွိခ်င္းျပည္နယ္တြင္ COVID-19 Positive လူနာ ၅ဦးရွိၿပီး ယင္းတို႔ႏွင့္ ထိေတြ႕ခဲ့သူမ်ား ကို Facility Quarantine ထားရွိၿပီး ေစာင့္ေရွာက္လ်က္ရွိေၾကာင္း သိရသည္။