Input your search keywords and press Enter.

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

Salai Khup Khup

ပလက်ဝမြို့နယ် ရှိ နန်းချောင်းဝကျေးရွာတွင် ဧပြီလ ၈ ရက်နေ့ ညနေက လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခံခဲ့ရမှုကြောင့် ဒေသခံ (၈)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ပလက်ဝမြို့ ခူမီးလူငယ်အသင်းဖွဲ့မှ အတွင်းရေးမှူး ဆလိုင်း အောင်စိုးက “ပလက်ဝမြို့နယ်ရဲ့ ၁၀ မိုင်ခန့်ကွာမှာရှိတဲ့ နန်းချောင်းဝ ကျေးရွာမှာ ဧပြီလ ၇ ရက်နေ့ ညနေ လေးနာရီ လောက်မှာ လေယာဉ်နှစ်စီး က ဗုံးနှစ်လုံးစီ ဗုံးကြဲတာ ဆိုတော့ လေးလုံး တစ်ပြိုင်တည်း ကျတာဖြစ်တယ်။ ဒဏ်ရာ ရတာက ၈ ယောက် လောက်ရတယ်။ သေဆုုံးတာက ၇ ယောက်လောက်သေဆုံး သွားတယ် သေဆုံးသွားသူတွေမှာ အမျိုးသမီး ၃ယောက် သေဆုံးပြီး ယောကျာ်းလေး ၄ ယောက်သေဆုံးတယ်”ဟုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နန်းချောင်းဝ ကျေးရွာမှ ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး ကျေးရွာကို စွန့်ကာ ပလက်ဝမြို့ပေါ်သို့ ဒေသခံအားလုံး ပြောင်းရွှေ့နေထိုင်ကြကြောင်းလည်း သိရှိရသည်။

ပလက်ဝမြို့ ခူမီးလူငယ်အသင်းဖွဲ့မှ အတွင်းရေးမှူး ဆလိုင်း အောင်စိုးက “အခုလို ဖြစ်သွားတော့ ရွာမှာမနေရဲကြတော့ဘူး။ ပလက်ဝမြို့ကို အားလုံးပြောင်းရွှေ့လာကြတယ် လက်ရှိ ပလက်ဝမြို့မှာ အရင်တစ်ပတ်က စာရင်းအရ နှစ်ထောင်နီးပါးရှိတယ် အခုဆိုရင် နန်းချောင်းဝ ရွာကလည်း ပြောင်းရွှေ့လာတယ်ဆိုတော့ စစ်ဘေးရှောင် ပိုများလာဖို့ဘဲရှိတယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်ဒုက္ခသည်ပိုများလာသလို အစိုးရစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုလည်း ပိုများလာသည်။

နိုင်ငံတကာသံရုံးများမှ သံအမတ်များစုပေါင်းပြီး တိုက်ပွဲများရပ်ဆိုင်းကာ လက်ရှိကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အရေးကို ကာကွယ်မှုကို ဦးစားပေးသင့်ကြောင်းလည်း ယခုရက်ပိုင်းက တိုက်တွန်းထားသည်။

Zawgyi
ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေဒသခံ ၈ ဦးေသဆုံး၊ ၇ ဦးဒဏ္ရာရ

ပလက္ဝၿမိဳ႕နယ္ ရွိ နန္းေခ်ာင္းဝေက်းရြာတြင္ ဧၿပီလ ၇ ရက္ေန႔ ညေနက ေလယာဥ္ႏွစ္စီးျဖင့္ ဗုံးၾကဲခံခဲ့ရမႈေၾကာင့္ ေဒသခံ (၈)ဦးေသဆုံးၿပီး (၇)ဦး ဒဏ္ရာရရွိေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕ ခူမီးလူငယ္အသင္းဖြဲ႕မွ အတြင္းေရးမႉး ဆလိုင္း ေအာင္စိုးက “ပလက္ဝၿမိဳ႕နယ္ရဲ့ ၁၀ မိုင္ခန႔္ကြာမွာရွိတဲ့ နန္းေခ်ာင္းဝ ေက်းရြာမွာ ဧၿပီလ ၈ ရက္ေန႔ ညေန ေလးနာရီ ေလာက္မွာ ေလယာဥ္ႏွစ္စီး က ဗုံးႏွစ္လုံးစီ ဗုံးၾကဲတာ ဆိုေတာ့ ေလးလုံး တစ္ၿပိဳင္တည္း က်တာျဖစ္တယ္။ ဒဏ္ရာ ရတာက ၈ ေယာက္ ေလာက္ရတယ္။ ေသဆုုံးတာက ၇ ေယာက္ေလာက္ေသဆုံး သြားတယ္ ေသဆုံးသြားသူေတြမွာ အမ်ိဳးသမီး ၃ေယာက္ ေသဆုံးၿပီး ေယာက်ာ္းေလး ၄ ေယာက္ေသဆုံးတယ္”ဟုေျပာသည္။

ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ နန္းေခ်ာင္းဝ ေက်းရြာမွ ေဒသခံမ်ား စိုးရိမ္ထိတ္လန႔္ၿပီး ေက်းရြာကို စြန႔္ကာ ပလက္ဝၿမိဳ႕ေပၚသို႔ ေဒသခံအားလုံး ေျပာင္းေရႊ႕ေနထိုင္ၾကေၾကာင္းလည္း သိရွိရသည္။

ပလက္ဝၿမိဳ႕ ခူမီးလူငယ္အသင္းဖြဲ႕မွ အတြင္းေရးမႉး ဆလိုင္း ေအာင္စိုးက “အခုလို ျဖစ္သြားေတာ့ ရြာမွာမေနရဲၾကေတာ့ဘူး။ ပလက္ဝၿမိဳ႕ကို အားလုံးေျပာင္းေရႊ႕လာၾကတယ္ လက္ရွိ ပလက္ဝၿမိဳ႕မွာ အရင္တစ္ပတ္က စာရင္းအရ ႏွစ္ေထာင္နီးပါးရွိတယ္ အခုဆိုရင္ နန္းေခ်ာင္းဝ ရြာကလည္း ေျပာင္းေရႊ႕လာတယ္ဆိုေတာ့ စစ္ေဘးေရွာင္ ပိုမ်ားလာဖို႔ဘဲရွိတယ္”ဟုေျပာသည္။

ရကၡိဳင့္တပ္မေတာ္ႏွင့္ အစိုးရတပ္မေတာ္တို႔အၾကား တိုက္ပြဲပိုမိုျပင္းထန္လာၿပီး စစ္ေဘးေရွာင္ဒုကၡသည္ပိုမ်ားလာသလို အစိုးရစစ္တပ္၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားေသဆုံးမႈလည္း ပိုမ်ားလာသည္။

နိုင္ငံတကာသံ႐ုံးမ်ားမွ သံအမတ္မ်ားစုေပါင္းၿပီး တိုက္ပြဲမ်ားရပ္ဆိုင္းကာ လက္ရွိကမၻာ့ကပ္ေရာဂါျဖစ္သည့္ ကိုရိုနာဗိုင္းရပ္စ္အေရးကို ကာကြယ္မႈကို ဦးစားေပးသင့္ေၾကာင္းလည္း ယခုရက္ပိုင္းက တိုက္တြန္းထားသည္။