Input your search keywords and press Enter.

လမ်းပမ်း ဆက်သွယ်ရေး ကြောင့် ပလက်ဝစစ်ရှောင်များအတွက် COVID-19 ကာကွယ်ရေးပစ္စည်းပေးပို့ရန် နှောင့်နှေးနေ

Salai C.Lian

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးစစ်ဘေးရှောင် ပြည်သူများအတွက် COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများ အဆင်သင့်ရှိသော်လည်း လမ်းပမ်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပေးပို့နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ချင်းပြည်နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာ အောင်ငွေစံက ပြောသည်။

ဒေါက်တာ အောင်ငွေစံက “ကျွန်တော်တို့ ပလက်ဝရဲ့အနေအထားက ပလက်ဝမြို့တွင်းနဲ့ ဆမီးမှာ စစ်ဘေးရှောင်တွေရှိတယ်၊ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲက သွားရေးလာရေးတွေက ချောချောမွေ့မွေ့မရှိတာ အဓိက အခက်အခဲဖြစ်နေတယ်၊ သွားရေးလာရေးလမ်းကြောင်း ချောမွေ့သွားရင်တော့ ထောက်ပံ့မှုပေးမယ့် ပစ္စည်းတွေက အဆင်သင့်ဖြစ်နေပြီ၊ သွားရေးလာရေး ခက်ခဲမှုကြောင့် ထောက်ပ့ံရေးမှာ နှောင့်နှေးမှုတွေဖြစ်နေတယ်၊ ဒါပေမဲ့ ပလက်ဝမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြီးတော့ ဆမီးဘေးမှာ ရှိတဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးပူးပေါင်းပြီးတော့ ကျန်းမာရေး အသိပညာပေးတွေ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

လက်ရှိပလက်ဝ စစ်ဘေးရှောင်ပြည်သူများအတွက် ထိထိရောက်ရောက် ကြိုတင်ကာကွယ်မှုမရှိကြောင်း ဆမီးမြို့ အင်္ဂလီကန်အသင်းတော်၊ ကယ်ဆယ်ရေးဌာနတာဝန်ခံ ဆလိုင်း ဘူးထန်ပိုင်က ပြောသည်။

ဆလိုင်း ဘူးထန်ပိုင်က “ကျွန်တော်တို့ ဆမီးမှာ ဆရာဝန်ကြီး မရှိတာ တစ်လလောက်တောင် ရှိနေပြီ၊ လက်ထောက် ဆရာဝန်နဲ့ပဲ အခုသွားနေတယ်၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ကတော့ ဆေးရုံအဝင်မှာ ဆပ်ပြာနဲ့ လက်ဆေးပါ ဆိုပြီး စာရေးထားတာတော့ရှိတယ်၊ ပြီးတော့ နိုင်ငံခြားက ပြန်လာတဲ့သူတွေကတော့ တစ်နေရာမှာ သီးသန့်ထားတယ်၊ တစ်ခြားကြိုတင်ကာကွယ်တာကတော့ မရှိသလောက်ဖြစ်နေတယ်” ဟု ပြောသည်။

ထို့ပြင် ပလက်ဝမြို့အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ကို်ရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးမရှောင်ရှားမှုနှင့် Mask စျေးနူန်းတက်နေမှုကြောင့် အခက်အခဲကြံနေရကြောင်း ပလက်ဝ အခြေစိုက် Khumi Youth Association မှ ကို အောင်စိုးက ဆိုသည်။

ကို အောင်စိုးက “ကြိုတင်ကာကွယ်တဲ့ အနေနဲ့ကတော့ Mask အချို့တပ်တာတွေရှိတယ်၊ လူစုလူဝေးတွေကတော့ ကျွန်တော်တို့ ပလက်ဝမှာက ရှောင်လို့မရဘူးဖြစ်နေတယ်၊ လက်ဆေးပါ ဆိုတာလောက်ပဲလုပ်နိုင်တယ်၊ Mask ကလည်းအရင် ၁၀၀ နဲ့ဝယ်တဲ့ဟာတွေက အခု ၅၀၀ တွေဖြစ်ကုန်တယ်၊ အဲဒါတောင် ကိုယ်ကြိုက်သလို ဝယ်လို့မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်ပြည်သူ ရခိုင်ပြည်နယ်တွင် ၆၁၈၅ ဦး၊ ဆမီးမြို့တွင် ၃၀၀၀ နီးပါးနှင့် ပလက်ဝမြို့တွင် ၂၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Zawgyi

လမ္းပမ္း ဆက္သြယ္ေရး ေၾကာင့္ ပလက္၀စစ္ေရွာင္မ်ားအတြက္ COVID-19 ကာကြယ္ေရးပစၥည္းေပးပို႕ရန္ ေႏွာင့္ေႏွးေန  

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕ႏွင့္ ဆမီးစစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္  COVID-19 ႀကိဳတင္ကာကြယ္ေရး ပစၥည္းမ်ား အဆင္သင့္ရွိေသာ္လည္း လမ္းပမ္းဆက္သြယ္ေရး ခက္ခဲမႈေၾကာင့္ ေပးပို႕ႏုိင္ရန္ အခက္အခဲျဖစ္ေနေၾကာင္း ခ်င္းျပည္နယ္ က်န္းမာေရးႏွင့္ ကုသေရး ဦးစီးမွူး ေဒါက္တာ ေအာင္ေငြစံက ေျပာသည္။

ေဒါက္တာ ေအာင္ေငြစံက “ကၽြန္ေတာ္တုိ႔ ပလက္၀ရဲ႕အေနအထားက ပလက္၀ၿမိဳ႕တြင္းနဲ႕ ဆမီးမွာ စစ္ေဘးေရွာင္ေတြရွိတယ္၊ လက္ရွိရင္ဆုိင္ေနရတဲ့ အခက္အခဲက သြားေရးလာေရးေတြက ေခ်ာေခ်ာေမြ႕ေမြ႔မရွိတာ အဓိက အခက္အခဲျဖစ္ေနတယ္၊ သြားေရးလာေရးလမ္းေၾကာင္း ေခ်ာေမြ႔သြားရင္ေတာ့ ေထာက္ပံ့မႈေပးမယ့္ ပစၥည္းေတြက အဆင္သင့္ျဖစ္ေနၿပီ၊ သြားေရးလာေရး ခက္ခဲမႈေၾကာင့္ ေထာက္ပ့ံေရးမွာ ေနွာင့္ေနွးမႈေတြျဖစ္ေနတယ္၊ ဒါေပမဲ့ ပလက္၀မွာရွိတဲ့ က်န္းမာေရး၀န္ထမ္းေတြ၊ ၿပီးေတာ့ ဆမီးေဘးမွာ ရွိတဲ့ ေစတနာ့၀န္ထမ္းေတြ အားလုံးပူးေပါင္းၿပီးေတာ့ က်န္းမာေရး အသိပညာေပးေတြ လုပ္ေဆာင္ေနပါတယ္” ဟု ေျပာသည္။

လက္ရွိပလက္၀ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ထိထိေရာက္ေရာက္ ႀကိဳတင္ကာကြယ္မႈမရွိေၾကာင္း ဆမီးၿမိဳ႕ အဂၤလီကန္အသင္းေတာ္၊ ကယ္ဆယ္ေရးဌာနတာ၀န္ခံ ဆလုိင္း ဘူးထန္ပုိင္က ေျပာသည္။

ဆလုိင္း ဘူးထန္ပုိင္က “ကၽြန္ေတာ္တုိ႔ ဆမီးမွာ ဆရာ၀န္ႀကီး မရွိတာ တစ္လေလာက္ေတာင္ ရွိေနၿပီ၊ လက္ေထာက္ ဆရာ၀န္နဲ႔ပဲ အခုသြားေနတယ္၊ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ကေတာ့ ေဆးရုံအ၀င္မွာ ဆပ္ျပာနဲ႔ လက္ေဆးပါ ဆုိၿပီး စာေရးထားတာေတာ့ရွိတယ္၊ ၿပီးေတာ့ ႏုိင္ငံျခားက ျပန္လာတဲ့သူေတြကေတာ့ တစ္ေနရာမွာ သီးသန္႔ထားတယ္၊ တစ္ျခားႀကိဳတင္ကာကြယ္တာကေတာ့ မရွိသေလာက္ျဖစ္ေနတယ္” ဟု ေျပာသည္။

ထုိ႔ျပင္ ပလက္၀ၿမိဳ႕အတြင္းရွိ ျပည္သူမ်ားအေနျဖင့္ စစ္ေဘးေရွာင္ျပည္သူမ်ားအေနျဖင့္ ကို္ရုိနာဗုိင္းရပ္စ္ ႀကိဳတင္ကာကြယ္သည္႔အေနျဖင့္ လူစုလူေ၀းမေရွာင္ရွားမႈႏွင့္ Mask ေစ်းႏူန္းတက္ေနမႈေၾကာင့္ အခက္အခဲႀကံေနရေၾကာင္း ပလက္၀ အေျခစုိက္ Khumi Youth Association မွ ကုိ ေအာင္စုိးက ဆုိသည္။

ကုိ ေအာင္စုိးက “ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ကေတာ့ Mask အခ်ဳိ႕တပ္တာေတြရွိတယ္၊ လူစုလူေ၀းေတြကေတာ့ ကၽြန္ေတာ္တုိ႔ ပလက္၀မွာက ေရွာင္လုိ႔မရဘူးျဖစ္ေနတယ္၊ လက္ေဆးပါ ဆုိတာေလာက္ပဲလုပ္ႏုိင္တယ္၊ Mask ကလည္းအရင္ ၁၀၀ နဲ႔၀ယ္တဲ့ဟာေတြက အခု ၅၀၀ ေတြျဖစ္ကုန္တယ္၊ အဲဒါေတာင္ ကုိယ္ႀကိဳက္သလုိ ၀ယ္လုိ႔မရဘူး ျဖစ္ေနတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္တို႕အၾကား စစ္ေရးတင္းမာမႈေၾကာင့္ စစ္ေဘးေရွာင္ျပည္သူ ရခုိင္ျပည္နယ္တြင္ ၆၁၈၅ ဦး၊ ဆမီးၿမိဳ႕တြင္ ၃၀၀၀ နီးပါးႏွင့္ ပလက္၀ၿမိဳ႕တြင္ ၂၀၀၀ ၀န္းက်င္ရွိေၾကာင္း သိရသည္။