Input your search keywords and press Enter.

ကလေးမြို့ရှိ မော်တော်ယဉ်လိုင်းပြေးဆွဲမှု ယာယီပိတ်ပင်ခဲ့မှုကို ပြန်လည်ရုတ်သိမ်း

Salai C.Lian

မြန်မာနိုင်ငံ၌ ရောဂါကူးစက်ပြန့် ပွားမှုဖြစ်စဉ်မှ ဆက်လက်မပြန့်ပွားစေရေးအတွက် ကလေးမြို့အခြေပြု ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်လိုင်းများပြေးဆွဲခွင့် ယာယီရပ်ဆိုင်းထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေး မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာတားမြစ်မိန့်အား မတ်လ ၇ ရက်နေ့တွင် ပြန်လည် ပယ်ဖျက်ခြင်းဖြစ်သည်။

ကလေးခရိုင် ဒု – အုပ်ချုပ်ရေးမှူး ဦး ကျော်စိုးလွင်က “ကလေးမြို့မှာ အခြေပြုတဲ့ ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေကို လောလောဆယ် ပိတ်ထားလို့မရသေးဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ တားမြစ်မိန့်ကို ပြန်ဖျက်လိုက်တာဖြစ်တယ်၊ အခုကသွားလာလို့ရတယ်” ဟု ပြောသည်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး ကလေးမြို့ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဖက်မှ တစ်စုံတစ်ရာ အကြောင်းကြားစာလက်ခံမှုမရှိသေးကြောင်း ကလေးမြို့ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီ ဥက္ကဌ ဦးစိုးဝင်းက ပြောသည်။

ဦး စိုးဝင်းက “ဒီနေ့ထိတော့ ကျွန်တော်တို့ဆီမှာ အမိန့်ကြော်ငြာ ပြန်လည်ရုတ်သိမ်းတဲ့ စာလက်ခံမှုမရှိသေးဘူး၊ ပြီးတော့ ကုန်စည်တွေက ပုံမှန်အတိုင်းပြေးဆွဲလို့ရတယ်၊ တားမြစ်ထားတာကလည်း ရောဂါကာကွယ်တဲ့အနေနဲ့ ခရီးသည်တွေကိုသာ တားမြစ်ထားတာပါ၊ တားမြစ်အမိန့် ပြန်ပယ်ဖျက်တာတော့ ကျွန်တော်တို့မသိရသေးဘူး” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေပြုပြီး မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ပခုက္ကူ၊ တမူး၊ ကလေးဝများသို့ပြေးဆွဲသည့် ယဉ်လိုင်း ၄၀ ဝန်းကျင်နှင့် ချင်းပြည်နယ်ဖက်သို့ ပြေးဆွဲသည့် ယဉ်လိုင်းပေါင်း ၁၁ ခုရှိကြောင်းသိရသည်။

Zawgyi

ကေလးၿမိဳ႕ရွိ ေမာ္ေတာ္ယဥ္လုိင္းေျပးဆြဲမႈ ယာယီပိတ္ပင္ခဲ့မႈကို ျပန္လည္ရုတ္သိမ္း

ျမန္မာနိုင္ငံ၌ ေရာဂါကူးစက္ျပန႔္ ပြားမႈျဖစ္စဥ္မွ ဆက္လက္မျပန္႕ပြားေစေရးအတြက္ ကေလးၿမိဳ႕အေျချပဳ ခရီးသည္ပို႔ေဆာင္ေရးေမာ္ေတာ္ယာဥ္လိုင္းမ်ားေျပးဆြဲခြင့္ ယာယီရပ္ဆိုင္းထားျခင္းအား ျပန္လည္ရုပ္သိမ္းလုိက္ေၾကာင္း သိရသည္။

စစ္ကုိင္းတုိင္းေဒသႀကီးတြင္ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား အရွိန္အဟုန္ျမွင့္ ေဆာင္ရြက္ရန္ႏွင့္ ကူးစက္ေရာဂါျပန္႔ပြားမႈ မရွိေစေရး မတ္လ ၅ ရက္ေန႕ ရက္စြဲျဖင့္ ထုတ္ျပန္ထားေသာ အမိန္႔ေၾကာ္ျငာတားျမစ္မိန္႔အား မတ္လ ၇  ရက္ေန႔တြင္ ျပန္လည္ ပယ္ဖ်က္ျခင္းျဖစ္သည္။

ကေလးခရုိင္ ဒု – အုပ္ခ်ဳပ္ေရးမွူး ဦး ေက်ာ္စုိးလြင္က “ကေလးၿမိဳ႕မွာ အေျချပဳတဲ့ ခရီးသည္ ပုိ႔ေဆာင္ေရး ေမာ္ေတာ္ယာဥ္လုိင္းေတြကို ေလာေလာဆယ္ ပိတ္ထားလုိ႔မရေသးဘူး၊ အဲဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ တားျမစ္မိန္႔ကုိ ျပန္ဖ်က္လုိက္တာျဖစ္တယ္၊ အခုကသြားလာလုိ႕ရတယ္” ဟု ေျပာသည္။

ယင္းကိစၥနဲ႔ ပတ္သက္ၿပီး ကေလးၿမိဳ႕ပုဂၢလိကေမာ္ေတာ္ယာဥ္မ်ားစနစ္တက်ေျပးဆြဲေရး ေကာ္မတီ အေနျဖင့္ စစ္ကုိင္းတုိင္းေဒသႀကီး အစုိးရဖက္မွ တစ္စုံတစ္ရာ အေၾကာင္းၾကားစာလက္ခံမႈမရွိေသးေၾကာင္း ကေလးၿမိဳ႕ပုဂၢလိကေမာ္ေတာ္ယာဥ္မ်ားစနစ္တက်ေျပးဆြဲေရး ေကာ္မတီ ဥကၠဌ ဦးစိုးဝင္းက ေျပာသည္။

ဦး စုိး၀င္းက “ဒီေန႔ထိေတာ့ ကၽြန္ေတာ္တုိ႔ဆီမွာ အမိန္႔ေၾကာ္ျငာ ျပန္လည္ရုတ္သိမ္းတဲ့ စာလက္ခံမႈမရွိေသးဘူး၊ ၿပီးေတာ့ ကုန္စည္ေတြက ပုံမွန္အတုိင္းေျပးဆြဲလုိ႔ရတယ္၊ တားျမစ္ထားတာကလည္း ေရာဂါကာကြယ္တဲ့အေနနဲ႔ ခရီးသည္ေတြကုိသာ တားျမစ္ထားတာပါ၊ တားျမစ္အမိန္႔ ျပန္ပယ္ဖ်က္တာေတာ့ ကၽြန္ေတာ္တုိ႔မသိရေသးဘူး” ဟု ေျပာသည္။

စစ္ကုိင္းတုိင္းေဒသႀကီး ကေလးၿမိဳ႕အေျချပဳၿပီး မုံရြာ၊ မႏၲေလး၊ ရန္ကုန္၊ ေနျပည္ေတာ္၊ ပခုကၠဴ၊ တမူး၊ ကေလးဝမ်ားသို႕ေျပးဆြဲသည့္ ယဥ္လုိင္း ၄၀ ၀န္းက်င္ႏွင့္ ခ်င္းျပည္နယ္ဖက္သို႕ ေျပးဆြဲသည့္ ယဥ္လုိင္းေပါင္း ၁၁ ခုရွိေၾကာင္းသိရသည္။