Input your search keywords and press Enter.

ဟားခါးမြို့တွင် COVID – 19 သံသယလူနာနှစ်ဦးထပ်တွေ့၊ တစ်ပြည်နယ်လုံးတွင် (၃)ဦး ရှိလာ

Shing Mang

ဟားခါးတွင် COVID – 19 သံသယလူနာနှစ်ဦးထပ်မံတွေ့ရှိသည့်အတွက် ချင်းပြည်နယ်အတွင်း သံသယလူနာအဖြစ် သတ်မှတ်စောင့်ရှောက်ထားသူ (၃) ဦးရှိလာပြီဖြစ်သည်။
“ ဟားခါးဆေးရုံမှာကတော့ အမျိုးသား ၂ဦးကို စောင့်ကြည့်နေပါတယ်၊ နိုင်ငံခြားသွားတဲ့ ရာဇဝင်မရှိပါဘူး ၊ရန်ကုန်နဲ့ကျောက်ဆည်က ကျောင်းပိတ်လို့ ပြန်လာတဲ့ သူတွေပါ။ ့ ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်ဆိုတော့ စိတ်ပူလို့စောင့်ကြည့်တာပေါ့နော်၊ သူတို့ကတော့ ၂ရရက်ည ၁၁နာရီလောက်မှာ ဆေးရုံတက်ကြတာပေါ့၊ ဒီနေ့ ၂၉ ရက်ကျတော့လုံးဝ အပူတွေကျပြီး နေကောင်းနေကြပါတယ်” ဟု ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ အောင်ငွေစံမှ ပြောသည်။

ဟားခါးမြို့ COVID-19 သံသယလူနာ ၂ဦးသည် ရန်ကုန်မြို့နှင့် ကျောက်ဆည်မြို့တွင် တက္ကသိုလ်ကျောင်းသွားတက်ရောက်ပြီး ယခုဟားခါးသို့ ပြန်လာကာ ကျန်မာရေးအခြေအနေအရ ဆေးရုံသို့ ပြရာ သံသယ လူနာအဖြစ်ထားရှိခြင်းဖြစ်သည်။

တီးတိန်တွင် စောင့်ကြည့်လျက်ရှိ သူသည် အမေရိကန်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး သူနှင့် ထိတွေ့ခဲ့သူ ၂၈ ဦးကိုလည်း စောင့်ကြည့်လျက်ရှိကာ ကျန်းမာလျက်ရှိကြကြောင်းလည်း ဒေါက်တာ အောင်ငွေစံမှ ပြောသည်။

“ဟားခါးက ဆေးရုံးမှာ တင်ထားတဲ့ ၂ယောက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံကပဲဖြစ်ပါတယ်၊ သံသယရှိလို့ တို့က ဆေးရုံတင်ပြီးလုပ်ထားတာဆိုပေမယ့်၊ သူတို့နဲ့အတူနေတဲ့ လူဦးရေစာရင်းကို ယူတော့ ယူထားတာပေါ့ ၊ ခုနလို Home Quarantine ဖို့အတွက် criterian မဝင်သေးဘူးပေါ့လေ ၊ဒါပေမယ့် တစ်ခုခု ဖြစ်ရင် မိသားစု ဘယ်သူလဲကြည့်ထားပါတယ်” ဟုပြောသည်။

တီးတိန်မြို့တွင် COVID-19 လူနာတွေ့ရှိပြီးနောက် သူနှင့် ထိတွေ့ခဲ့သူ ၄၄ယောက် စောင့်ကြည့်လျက်ရှိပြီး ကျန်းမာလျက်ရှိကြကြောင်းသိရသည်။

မတ်လ ၂၈ ရက်နေ့စွဲအရ Home Quanrantine အနေဖြင့် ချင်းပြည်နယ်အတွင်း ဖလမ်းမြို့တွင် ၂၂ ယောက်၊ တီးတိန်တွင် အသစ် ၉ယောက် ၊ တွန်းဇံမှာ ၃ယောက် ၊ထန်တလန်တွင် အယောက် ၂၀ ၊ မင်းတပ်တွင် ၆ ယောက်၊ မတူပီတွင် ၂ယောက်တို့ဖြစ်ပြီး စောင့် ကြည့်သည့် လူနာစာရင်းများဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ပိုးရှိသူ လူနာ ၈ဦးရှိပြီ ဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ်တွင်လည်း COVID-19 လူနာ တစ်ဦးရှိကြောင်းသိရသည်။

Zawgyi One

ဟားခါးၿမိဳ႕တြင္ COVID – 19 သံသယလူနာႏွစ္ဦးထပ္ေတြ႕၊ တစ္ျပည္နယ္လုံးတြင္ (၃)ဦး ရွိလာ

ဟားခါးတြင္ COVID – 19 သံသယလူနာႏွစ္ဦးထပ္မံေတြ႕ရွိသည့္အတြက္ ခ်င္းျပည္နယ္အတြင္း သံသယလူနာအျဖစ္ သတ္မွတ္ေစာင့္ေရွာက္ထားသူ (၃) ဦးရွိလာၿပီျဖစ္သည္။
“ ဟားခါးေဆး႐ုံမွာကေတာ့ အမ်ိဳးသား ၂ဦးကို ေစာင့္ၾကည့္ေနပါတယ္၊ နိုင္ငံျခားသြားတဲ့ ရာဇဝင္မရွိပါဘူး ၊ရန္ကုန္နဲ႔ေက်ာက္ဆည္က ေက်ာင္းပိတ္လို႔ ျပန္လာတဲ့ သူေတြပါ။ ့ ေခ်ာင္းဆိုးတယ္၊ ရင္ၾကပ္တယ္ဆိုေတာ့ စိတ္ပူလို႔ေစာင့္ၾကည့္တာေပါ့ေနာ္၊ သူတို႔ကေတာ့ ၂ရရက္ည ၁၁နာရီေလာက္မွာ ေဆး႐ုံတက္ၾကတာေပါ့၊ ဒီေန႔ ၂၉ ရက္က်ေတာ့လုံးဝ အပူေတြက်ၿပီး ေနေကာင္းေနၾကပါတယ္” ဟု ခ်င္းျပည္နယ္က်န္းမာေရးႏွင့္ ကုသေရးဦးစီးမႉး ေဒါက္တာ ေအာင္ေငြစံမွ ေျပာသည္။

ဟားခါးၿမိဳ႕ COVID-19 သံသယလူနာ ၂ဦးသည္ ရန္ကုန္ၿမိဳ႕ႏွင့္ ေက်ာက္ဆည္ၿမိဳ႕တြင္ တကၠသိုလ္ေက်ာင္းသြားတက္ေရာက္ၿပီး ယခုဟားခါးသို႔ ျပန္လာကာ က်န္မာေရးအေျခအေနအရ ေဆး႐ုံသို႔ ျပရာ သံသယ လူနာအျဖစ္ထားရွိျခင္းျဖစ္သည္။

တီးတိန္တြင္ ေစာင့္ၾကည့္လ်က္ရွိ သူသည္ အေမရိကန္နိုင္ငံမွ ျပန္လာသူျဖစ္ၿပီး သူႏွင့္ ထိေတြ႕ခဲ့သူ ၂၈ ဦးကိုလည္း ေစာင့္ၾကည့္လ်က္ရွိကာ က်န္းမာလ်က္ရွိၾကေၾကာင္းလည္း ေဒါက္တာ ေအာင္ေငြစံမွ ေျပာသည္။

“ဟားခါးက ေဆး႐ုံးမွာ တင္ထားတဲ့ ၂ေယာက္ကလည္း ပြင့္ပြင့္လင္းလင္းေျပာရရင္ ျမန္မာနိုင္ငံကပဲျဖစ္ပါတယ္၊ သံသယရွိလို႔ တို႔က ေဆး႐ုံတင္ၿပီးလုပ္ထားတာဆိုေပမယ့္၊ သူတို႔နဲ႔အတူေနတဲ့ လူဦးေရစာရင္းကို ယူေတာ့ ယူထားတာေပါ့ ၊ ခုနလို Home Quarantine ဖို႔အတြက္ criterian မဝင္ေသးဘူးေပါ့ေလ ၊ဒါေပမယ့္ တစ္ခုခု ျဖစ္ရင္ မိသားစု ဘယ္သူလဲၾကည့္ထားပါတယ္” ဟုေျပာသည္။

တီးတိန္ၿမိဳ႕တြင္ COVID-19 လူနာေတြ႕ရွိၿပီးေနာက္ သူႏွင့္ ထိေတြ႕ခဲ့သူ ၄၄ေယာက္ ေစာင့္ၾကည့္လ်က္ရွိၿပီး က်န္းမာလ်က္ရွိၾကေၾကာင္းသိရသည္။

မတ္လ ၂၈ ရက္ေန႔စြဲအရ Home Quanrantine အေနျဖင့္ ခ်င္းျပည္နယ္အတြင္း ဖလမ္းၿမိဳ႕တြင္ ၂၂ ေယာက္၊ တီးတိန္တြင္ အသစ္ ၉ေယာက္ ၊ တြန္းဇံမွာ ၃ေယာက္ ၊ထန္တလန္တြင္ အေယာက္ ၂၀ ၊ မင္းတပ္တြင္ ၆ ေယာက္၊ မတူပီတြင္ ၂ေယာက္တို႔ျဖစ္ၿပီး ေစာင့္ ၾကည့္သည့္ လူနာစာရင္းမ်ားျဖစ္သည္။ လက္ရွိ ျမန္မာနိုင္ငံတြင္ COVID-19 ပိုးရွိသူ လူနာ ၈ဦးရွိၿပီ ျဖစ္ၿပီး ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္တြင္လည္း COVID-19 လူနာ တစ္ဦးရွိေၾကာင္းသိရသည္။