Input your search keywords and press Enter.

စစ်ရှောင်များကို ဟားခါးမြို့ရှိ ပလက်ဝတက္ကသိုလ်ကျောင်းသူ/သားများမှ ဆန်အိတ်လှူဒါန်းမည်

Shing Mang

ပလက်ဝစစ်ဘေးဒုက္ခသည်များအတွက် ဟားခါးမြို့ရှိ ပလက်ဝတက္ကသိုလ် ကျောင်းသူ/သားများမှ စုပေါင်းရန်ပုံငွေရှာမှုမှရရှိလာသည့် ငွေကြေးဖြင့် ဆန်အိတ် ၇၀ ဝယ်ယူလှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ ကိုယ်တိုင်သွားပြီး ကူညီမှာဖြစ်တယ်၊ ပစ္စည်းထိန်းရင်းနဲ့ကျွန်တော်တို့ အရောက်ပို့မှာဖြစ်တယ်၊အစိုးရနဲ့ အမြဲတမ်းအချိတ်ဆက်ရှိနေတဲ့ကားနဲ့ ဆမီးထိအရောက်ပို့မှာဖြစ်တယ်” ဟု ဆန်အိတ်ပို့ဆောင်ရာတွင် လိုက်ပါမည့် ဆလိုင်းအောင်လင်းမှ ပြောသည်။

ဆန်အိတ်များကို ပခုက္ကူတွင်ဝယ်ယူကာ မင်းတပ်မြို့သို့ အစိုးရအချိတ်အဆက်ဖြင့် ကားနှင့်ပို့ဆောင်ထားပြီးဖြစ်ပြီး ဟားခါးတွင် တက္ကသိုလ်တက်နေသည့် ကျောင်းသားများမှ ယနေ့တွင် မတူပီသို့ ဟားခါးမှဆိုင်ကယ်ဖြင့် ထွက်ခွါမည်ဖြစ်သည်။
ပလက်ဝစစ်ဘေး ဒုက္ခသည်များအတွက် ဟားခါးမြို့ရှိ ပလက်ဝကျောင်းသားများမှ ဆိုင်ကယ်ရေဆေးခြင်းနှင့် Coffee Night ပြုလုပ်ကာ ရန်ပုံရှာဖွေခဲ့ပြီး ရရှိသည့် ပိုက်ဆံဖြင့် ဆန်အိတ်များဝယ်ယူခြင်းဖြစ်သည်။

ဆမီးမြို့စစ်ဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ မှ “ ဒီမှာ ချိတ်ဆက်ထားတာတွေရှိပါတယ်၊ သူတို့ကို ဗိုလ်မှူးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ပေးဖို့ပြောထားတယ်၊ အဲလိုပေးလိုက်ပြီဆိုရင် သူတို့အတွက် ဂိတ်တို့ဘာတို့မှာ အနှောက်အယှက်ရှိမှာ မဟုတ်တော့ ဘူး“ ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာခြင်းကို ပလက်ဝမှ ဟားခါးမြို့သို့ တက္ကသိုလ်တက်ရောက်ကြသည့် ကျောင်းသားများစုကာ ရန်ပုံငွေ ရှာခြင်းဖြစ်ပြီး ဟားခါးမြို့တွင် ပလက်ဝကျောင်းသားဦးရေ ၅ဝကျော် ရှိကြောင်းသိရသည်။

လက်ရှိတွင် AA နှင့် မြန်မာ့တပ်မတော်ကြားတိုက်ပွဲပြင်းထန်လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများရှိနေသကဲ့သို့ ဒဏ်ရာရဒေသခံအချို့မှာလည်း မတူပီ၊ မင်းတပ်၊ မန္တလေးတို့တွင် ဆေးရုံတက်ရောက်ရလျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း စစ်ပွဲကြောင့် ကျေးရွာစွန့်ကာ ဆမီးမြို့တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိသူ ဒုက္ခသည် ၂၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိနေသည်။

Zawgyi

စစ္ေရွာင္မ်ားကို ဟားခါးၿမိဳ႕ရွိ ပလက္ဝတကၠသိုလ္ေက်ာင္းသူ/သားမ်ားမွ ဆန္အိတ္လႉဒါန္းမည္

ပလက္ဝစစ္ေဘးဒုကၡသည္မ်ားအတြက္ ဟားခါးၿမိဳ႕ရွိ ပလက္ဝတကၠသိုလ္ ေက်ာင္းသူ/သားမ်ားမွ စုေပါင္းရန္ပုံေငြရွာမႈမွရရွိလာသည့္ ေငြေၾကးျဖင့္ ဆန္အိတ္ ၇၀ ဝယ္ယူလႉဒါန္းသြားမည္ ျဖစ္ေၾကာင္းသိရသည္။

“ ကၽြန္ေတာ္တို႔ ကိုယ္တိုင္သြားၿပီး ကူညီမွာျဖစ္တယ္၊ ပစၥည္းထိန္းရင္းနဲ႔ကၽြန္ေတာ္တို႔ အေရာက္ပို႔မွာျဖစ္တယ္၊အစိုးရနဲ႔ အျမဲတမ္းအခ်ိတ္ဆက္ရွိေနတဲ့ကားနဲ႔ ဆမီးထိအေရာက္ပို႔မွာျဖစ္တယ္” ဟု ဆန္အိတ္ပို႔ေဆာင္ရာတြင္ လိုက္ပါမည့္ ဆလိုင္းေအာင္လင္းမွ ေျပာသည္။

ဆန္အိတ္မ်ားကို ပခုကၠဴတြင္ဝယ္ယူကာ မင္းတပ္ၿမိဳ႕သို႔ အစိုးရအခ်ိတ္အဆက္ျဖင့္ ကားႏွင့္ပို႔ေဆာင္ထားၿပီးျဖစ္ၿပီး ဟားခါးတြင္ တကၠသိုလ္တက္ေနသည့္ ေက်ာင္းသားမ်ားမွ ယေန႔တြင္ မတူပီသို႔ ဟားခါးမွဆိုင္ကယ္ျဖင့္ ထြက္ခြါမည္ျဖစ္သည္။
ပလက္ဝစစ္ေဘး ဒုကၡသည္မ်ားအတြက္ ဟားခါးၿမိဳ႕ရွိ ပလက္ဝေက်ာင္းသားမ်ားမွ ဆိုင္ကယ္ေရေဆးျခင္းႏွင့္ Coffee Night ျပဳလုပ္ကာ ရန္ပုံရွာေဖြခဲ့ၿပီး ရရွိသည့္ ပိုက္ဆံျဖင့္ ဆန္အိတ္မ်ားဝယ္ယူျခင္းျဖစ္သည္။

ဆမီးၿမိဳ႕စစ္ေဘးကယ္ဆယ္ေရးေကာ္မတီ ဥကၠဌ မွ “ ဒီမွာ ခ်ိတ္ဆက္ထားတာေတြရွိပါတယ္၊ သူတို႔ကို ဗိုလ္မႉးတစ္ေယာက္ရဲ့ ဖုန္းနံပါတ္ေပးဖို႔ေျပာထားတယ္၊ အဲလိုေပးလိုက္ၿပီဆိုရင္ သူတို႔အတြက္ ဂိတ္တို႔ဘာတို႔မွာ အေႏွာက္အယွက္ရွိမွာ မဟုတ္ေတာ့ ဘူး“ ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ဒုကၡသည္မ်ားအတြက္ ရန္ပုံေငြရွာျခင္းကို ပလက္ဝမွ ဟားခါးၿမိဳ႕သို႔ တကၠသိုလ္တက္ေရာက္ၾကသည့္ ေက်ာင္းသားမ်ားစုကာ ရန္ပုံေငြ ရွာျခင္းျဖစ္ၿပီး ဟားခါးၿမိဳ႕တြင္ ပလက္ဝေက်ာင္းသားဦးေရ ၅ဝေက်ာ္ ရွိေၾကာင္းသိရသည္။

လက္ရွိတြင္ AA ႏွင့္ ျမန္မာ့တပ္မေတာ္ၾကားတိုက္ပြဲျပင္းထန္လ်က္ရွိၿပီး ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားေသဆုံးမႈမ်ားရွိေနသကဲ့သို႔ ဒဏ္ရာရေဒသခံအခ်ိဳ႕မွာလည္း မတူပီ၊ မင္းတပ္၊ မႏၲေလးတို႔တြင္ ေဆး႐ုံတက္ေရာက္ရလ်က္ရွိသည္။

ယခုရက္ပိုင္းအတြင္း စစ္ပြဲေၾကာင့္ ေက်းရြာစြန႔္ကာ ဆမီးၿမိဳ႕တြင္ စစ္ေဘးတိမ္းေရွာင္လ်က္ရွိသူ ဒုကၡသည္ ၂၀၀၀ ဝန္းက်င္ရွိေနၿပီျဖစ္ၿပီး စားနပ္ရိကၡာႏွင့္ ေဆးဝါးမ်ားအေရးေပၚလိုအပ္လ်က္ရွိေနသည္။

photo; Khumi Media FB page