Input your search keywords and press Enter.

ဆမီးမြို့ဖက်သို့ စစ်ဘေးရှောင်လာသူ ၂ ထောင်ကျော် ငှက်ပျောဖူးနှင့် အစာရောစားနေရ

Salai Khup Khup

ပလက်ဝမြို့နယ် ကျေးရွာများမှ ဆမီးမြို့ဖက်သို့ စစ်ဘေးရှောင်လာသည့် လူဦးရေ ၂၄၀၀ ဦးမှာ ငှက်ပျောဖူးနှင့် အခြားစားစရာများ ရောပြီး စားသောက်နေကြရခြင်းကြောင့် အစာဟာရ ပြတ်လပ်နေကြောင်း ဆမီးမြို့သို့ ရောက်ရှိနေသည့် လူမှုရေးအဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆမီးမြို့သို့ ရောက်ရှိနေသည့် လူမှုရေးအဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက “ဒီမှာလိုအပ်နေတာက အိမ်သာလည်းမရှိဘူး စုပေါင်းသုံးနေရတယ်။ ရေလည်းအခက်အခဲ တော်တော်ရှိတဲ့ အနေအထားဖြစ်တယ်။ အစားအသောက် တွေကလည်း ငှက်ပျောဖူးတွေကို တခြားဟာတွေနဲ့ ရောပြီးတော့ စားနေရတဲ့အတွက် ကလေးတွေဖြစ်ဖြစ် လူကြီးတွေဖြစ်ဖြစ် အာဟာရချို့တဲ့နေတဲ့ အနေအထားမှာရှိတယ်”ဟုပြောသည်။

ဆမီးမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည် လူဦးရေမှာ ၂၄၀၀ သာမကဘဲ ဆမီးမြို့ရှိ ဆွေမျိုးများ အိမ်နှင့် မိတ်ဆွေအိမ်များတွင် ခိုလှုံနေကြသည့် စာရင်းများတွင် မပါသေးဘဲ ခန့်မှန်းခြေအားဖြင့် ဆမီးမြို့ပေါ်သို့ စစ်ဘေးရှောင်လာသည့် လူဦးရေ နှစ်ထောင်ကျော် ဝန်းကျင်ရှိနိုင်ကြောင်း ဆမီးမြို့သို့ ရောက်ရှိနေသည့် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးပြေမင်းက “အဓိကအခက်အခဲတာကတော့ မြို့ဖြစ်တာကသိပ်မကြာသေးတဲ့ အခါကျတော့ အဆောက်အဦးပိုင်းဆိုင်ရာမှာသူတို့ရဲ့ လူအင်အားနဲ့ အဆောင်တွေဘာတွေထားတဲ့အခါမှာအခက််အခဲတွေ ကြုံတွေ့ရပါတယ်၊ လက်တလောပြဿနာကတော့ စားဖို့သောက်ဖို့အတွက်နဲ့ ချက်ပြုတ်တဲ့ အချိန်မှာအခက်အခဲကြုံရပါတယ်၊ အခုကလူနှစ်ထောင်ကျော်ဆိုတော့ ဆမီးမြို့အနေနဲ့ အရမ်းများတဲ့ ပမာဏဖြစ်တယ်၊ လူများတဲ့အတွက် ကျန်းမာရေးပိုင်းမှာဝမ်းလျှောဝမ်းပျက် တွေဖြစ်လာတဲ့ အခါကျရင် ဆေးဝါးတွေ လိုအပ်လာမယ်၊ အဓိကတော့ စားဖို့နဲ့ ဆေးဝါးလိုအပ်နေတယ်”ဟုပြောသည်။

ဆမီးမြို့သို့ ပြောင်းရွှေ့လာသည့် ဦးလိုင်ပက “အခုပြောင်းလာတဲ့ အထဲမှာကမန်းကတန်းနဲ့ ထွက်ပြေးလာတဲ့ ကျေးရွာကငါးရွာရှိတယ်၊ လူဦးရေကတစ်ထောင်ကျော် ရှိပါတယ်၊ ကျတော်တိုှ့ မိတာဝ ၂ကျေးရွာကတော့ လူဦးရေက ၃၁ဝဦးဖြစ်တယ် အိမ်ခြေကတော့ ၇၀ ရှိပါတယ်”ဟုပြောသည်။

ဆမီးမြို့သို့ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင် ဒုက္ခသည် နှစ်ထောင်ကျော် အတွက် ဆန်အိတ် တစ်ထောင် ကို လူမှုအဖွဲ့အစည်းများမှ ထပ်မံပို့မည်ဟု သိရသော်လည်း မည်သည့်ရက်တွင် ပို့မည်ကို မသိရှိရသေးဘဲ လက်ရှိ ဒေသခံ လူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်နေပြီး စစ်ဘေးရှောင်သည့် လူဦးရေမှာ များလွန်းသဖြင့် စီမံခန့်ခွဲမှုပိုင်းတွင်လည်း အားနည်းနေကြောင်း လူူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။

Zawgyi





ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးပြေမင်းက “အဓိကအခက်အခဲတာကတော့ မြို့ဖြစ်တာကသိပ်မကြာသေးတဲ့ အခါကျတော့ အဆောက်အဦးပိုင်းဆိုင်ရာမှာသူတို့ရဲ့ လူအင်အားနဲ့ အဆောင်တွေဘာတွေထားတဲ့အခါမှာအခက်အခဲတွေ ကြုံတွေ့ရပါတယ်၊ လက်တလောပြဿနာကတော့ စားဖို့သောက်ဖို့အတွက်နဲ့ ချက်ပြုတ်တဲ့ အချိန်မှာအခက်အခဲကြုံရပါတယ်၊ အခုကလူနှစ်ထောင်ကျော်ဆိုတော့ ဆမီးမြို့အနေနဲ့ အရမ်းများတဲ့ ပမာဏဖြစ်တယ်၊ လူများတဲ့အတွက် ကျန်းမာရေးပိုင်းမှာဝမ်းလျှောဝမ်းပျက် တွေဖြစ်လာတဲ့ အခါကျရင် ဆေးဝါးတွေ လိုအပ်လာမယ်၊ အဓိကတော့ စားဖို့နဲ့ ဆေးဝါးလိုအပ်နေတယ်”ဟုပြောသည်။

ဆမီးမြို့သို့ ပြောင်းရွှေ့လာသည့် ဦးလိုင်ပက “အခုပြောင်းလာတဲ့ အထဲမှာကမန်းကတန်းနဲ့ ထွက်ပြေးလာတဲ့ ကျေးရွာကငါးရွာရှိတယ်၊ လူဦးရေကတစ်ထောင်ကျော် ရှိပါတယ်၊ ကျတော်တှို့ မိတာဝ ၂ကျေးရွာကတော့ လူဦးရေက ၃၁ဝဦးဖြစ်တယ် အိမ်ခြေကတော့ ၇၀ ရှိပါတယ်”ဟုပြောသည်။

ဆမီးမြို့သို့ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင် ဒုက္ခသည် နှစ်ထောင်ကျော် အတွက် ဆန်အိတ် တစ်ထောင် ကို လူမှုအဖွဲ့အစည်းများမှ ထပ်မံပို့မည်ဟု သိရသော်လည်း မည်သည့်ရက်တွင် ပို့မည်ကို မသိရှိရသေးဘဲ လက်ရှိ ဒေသခံ လူငယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်နေပြီး စစ်ဘေးရှောင်သည့် လူဦးရေမှာ များလွန်းသဖြင့် စီမံခန့်ခွဲမှုပိုင်းတွင်လည်း အားနည်းနေကြောင်း လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။

photo; Khumi Media Group