Input your search keywords and press Enter.

ပလက်ဝအတွင်း တိုက်ပွဲပိုမိုပြင်းထန်လာပါက ဆမီးမြို့တွင် တိုက်ပွဲရှောင်များ တိုးလာဖွယ်ရှိပြီး လိုအပ်ချက်ပိုများလာမည်

Salai Khup Khup

ပလက်ဝမြို့နယ်တွင် စစ်ပွဲများ ဆက်လက် ပြင်းထန်နေပါက ဆမီးမြို့တွင် တိုက်ပွဲရှောင်ပြည်သူ ပိုမိုတိုးလာမည်ဖြစ်ပြီး ဦးရေသုံးထောင်ဝန်းကျင် အထိရှိလာနိုင်ကြောင်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောသည်။

ဆလိုင်းမျိုးထိုက်က “ပြိုင်တိန်းရွာ အထက်က ရွာတော်တော်များက လာဖို့ရှိတယ်။ နှစ်ထောင်နဲ့ သုံးထောင်ကြား ရှိလာနိုင်တဲ့ အနေထားမှာ ရှိနေတယ်။ အခုတောင် နှစ်ထောင်ကျော်နေပြီ။ အခုလာနေဆဲလည်း ရှိတယ်။ နှစ်ထောင်ကျော်ဖို့ သေချာပြီ။ ထွေအုပ်ကို စာရင်းအတိအကျ တောင်းတော့ စာရင်းအတိအကျ ပေးလို့ မရသေးဘူးတဲ့။ နှစ်ထောင်နဲ့ တစ်ရာကျော်ရှိပြီလို့ သိရတယ်”ဟုပြောသည်။

မတ်လ ၁၇ ရက်နေ့က ပလက်ဝမြို့နယ်ရှိ ကျေးရွာပေါင်း ကိုးရွာမှ နယ်မြေလုံခြုံမှုမရှိတော့ သဖြင့် ပလက်ဝမြို့နှင့် မတူပီမြို့ကြားရှိ ဆမီးမြို့သို့ ပြောင်းရွှေ့လာကြသည့် နေရပ်စွန့်ခွာသူ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိရာမှ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် လူဦးရေ ၂၁၀၀ ပြည့်နေပြီ ဖြစ်ပြီး ၎င်းတို့၏ စားနပ်ရိက္ခာကို ပြည်နယ်အစိုးရမှ ပလက်ဝမြို့သို့ လှူတန်းထားသည့် ဆန်များကို အသုံးပြု၍ စားသုံးနေကြကြောင်းသိရသည်။

အမျိုးသားလွှတ််တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ပလက်ဝမြို့ကို ပို့လို့မရတဲ့ ဆန်အိတ်ပေါင်း ငါးရာလောက်ရှိတယ် အဲဒါသုံးနေတယ်။ ပြည်နယ်အစိုးရ ကလည်း သုံးလစာ စားနပ်ရိက္ခာကို ကူညီပံ့ပိုးပေးဖို့ လုပ်နေတယ်။ ဆီ၊ ဆား၊ စတဲ့ အသုံးဆောင်တွေကိုတော့ မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကူညီပေးတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ နေမြေလုံခြုံမှု မရှိသဖြင့် ဆမီးမြို့ဖက်သို့ ထွက်ပြေးလာ ကြရသဖြင့် အဝတ်စား မပါခဲ့သူများလည်းရှိနေကြောင်း မတူပီချင်းလူငယ် အဖွဲ့ ဥပဒေရေးရာနှင့် ပြန်ကြားရေး တာဝန်ခံ ဆလိုင်းထန်းကီးကပြောသည်။
ဆလိုင်းထန်းကီးက “အဲဒီမှာ လိုအပ်တာအများကြီးဘဲ။ အရေးပေါ်က ဆန်လိုအပ်တယ်။ အဲဒီမှာ ဆန်အိတ် ၃၀၀ ဘဲရှိတယ်။ တစ်နေ့ကို အိတ်ပေါင်း ၄၀ စားမှာဆိုတော့ နောက်ပြီး သူတို့ ကျောင်းဝန်းထဲမှာလည်းနေတယ် ။ အခုလောလောဆယ်က ကလေးတွေစာမေးပွဲ ဖြေနေတယ်ဆိုတော့ နေ့ခင်းပိုင်း ဆိုရင် လေဟာပြင်မှာနေကြတယ်။ တချို့လူတွေဆိုရင် ဒီတိုင်းထွက်ပြေးလာတယ် ဆိုတော့ အဝတ်စားတွေလည်း ပါမလာကြဘူး။ အဝတ်စားလည်း တော်တော်လေး လိုအပ်တယ်လို့ သိရတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် စစ်ပွဲများ ပြင်းထန်နေသဖြင့် စစ်ဘေးရှောင်နေရသည့် ထောင်ချီရှိ စစ်ဘေးရှောင် ပြည်သူများ အတွက် ချင်းပြည်နယ် အစိုးရအနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ဖြေရှင်းရန် တိုင်ပင်ဆွေးနွေးနေကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ကပြောသည်။

ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “နေ့ရက်တိုင်း ဒီကိစ္စနဲ့ပက်သက်ပြီး တိုင်ပင်ဆွေးနွေးနေတယ်။ သတင်းမီဒီယာမှာလည်း လွှင့်စရာမလိုဘူး။ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနဲ့လည်း အချိန်တိုင်းနီးပါး တိုင်ပင်ဆွေးနွေးနေတယ်”ဟုပြောသည်။

ချင်းပြည်နယ်အစိုးရ အနေဖြင့် စစ်ဘေးရှောင်ပြည်သူများ နှင့်ပတ်သက်ပြီး ထိရောက်သည့် ကူညီပေးမှုပိုင်းတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများကဲ့သို့ မလုပ်နိုင်သေးကြောင်း မတူပီ ချင်းလူငယ်အဖွဲ့ ဥပဒေရေးရာနှင့် ပြန်ကြားရေး တာဝန်ခံ ဆလိုင်းထန်းကီးကပြောသည်။

ဥပဒေရေးရာနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထန်းကီးက “ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာ ကူညီပေးတဲ့ အပိုင်းမှာ တော်တော်အားနည်းတယ်။ အရပ်ဖက်အဖွဲ့အစည်း တွေထက်တောင်မှ ကူညီပ့ံပိုးတဲ့အပိုင်းမှာ ပိုမိုမြန်ဆန်ရမယ်။ အခုက CSO တွေ NGO, INGO တွေဘဲအရင်ရောက်နေတယ် ။ အစိုးရမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ အဓိကတော့ ခေါင်းဆောင်မှုရဲ့ အားနည်းချက်ဖြစ်တယ်လို့ မှတ်ချက်ပေးချင်တယ်”ဟုပြောသည်။

လက်ရှိ ဆမီးမြို့သို့ စစ်ဘေးရှောင်ကြသည့် သူများထဲမှ ဒဏ်ရာအပြင်းထန် ရရှိသည့် လူနာ မတူပီ ဆေးရုံတွင် ၁၉ ဦးရှိပြီး ၎င်းတို့အတွက် ဆေးရုံမှ အလှူခံရာ ၈၄ သိန်းရရှိကြောင်းသိရသည်။

ဆလိုင်းထန်းကီးက “ငွေသားနဲ့ ၈၄ သိန်းရတယ် ဆေးရုံမှာ လောလောဆယ် ၁၉ ယောက် အရေးပေါ် ဆေးကုသနေသူတွေအတွက် ၈၄ သိန်းရတယ်။ အဖွဲ့အစည်းအသီးသီးက လာလှူတာရှိတယ်။ ပုဂ္ဂိုလ် တစ်ဦးခြင်း လာလှူတာတွေလည်းရှိတယ် မန္တလေးဖက် မပို့လို့မရတဲ့ လူနာတွေလည်း ဒီ ၈၄ သိန်း ထဲက အသုံးပြုသွားမယ်။ ဟိုုတနေ့ကလည်း ငါးယောက်လောက်ပို့တယ်”ဟုပြောသည်။

 

Zawgyi

ပလက္ဝအတြင္း တိုက္ပြဲပိုမိုျပင္းထန္လာပါက ဆမီးၿမိဳ႕တြင္ တိုက္ပြဲေရွာင္မ်ား တိုးလာဖြယ္ရွိၿပီး လိုအပ္ခ်က္ပိုမ်ားလာမည္

ပလက္ဝၿမိဳ႕နယ္တြင္ စစ္ပြဲမ်ား ဆက္လက္ ျပင္းထန္ေနပါက ဆမီးၿမိဳ႕တြင္ တိုက္ပြဲေရွာင္ျပည္သူ ပိုမိုတိုးလာမည္ျဖစ္ၿပီး ဦးေရသုံးေထာင္ဝန္းက်င္ အထိရွိလာနိုင္ေၾကာင္း ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ကေျပာသည္။

ဆလိုင္းမ်ိဳးထိုက္က “ၿပိဳင္တိန္းရြာ အထက္က ရြာေတာ္ေတာ္မ်ားက လာဖို႔ရွိတယ္။ ႏွစ္ေထာင္နဲ႔ သုံးေထာင္ၾကား ရွိလာနိုင္တဲ့ အေနထားမွာ ရွိေနတယ္။ အခုေတာင္ ႏွစ္ေထာင္ေက်ာ္ေနၿပီ။ အခုလာေနဆဲလည္း ရွိတယ္။ ႏွစ္ေထာင္ေက်ာ္ဖို႔ ေသခ်ာၿပီ။ ေထြအုပ္ကို စာရင္းအတိအက် ေတာင္းေတာ့ စာရင္းအတိအက် ေပးလို႔ မရေသးဘူးတဲ့။ ႏွစ္ေထာင္နဲ႔ တစ္ရာေက်ာ္ရွိၿပီလို႔ သိရတယ္”ဟုေျပာသည္။

မတ္လ ၁၇ ရက္ေန႔က ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာေပါင္း ကိုးရြာမွ နယ္ေျမလုံျခဳံမႈမရွိေတာ့ သျဖင့္ ပလက္ဝၿမိဳ႕ႏွင့္ မတူပီၿမိဳ႕ၾကားရွိ ဆမီးၿမိဳ႕သို႔ ေျပာင္းေရႊ႕လာၾကသည့္ ေနရပ္စြန႔္ခြာသူ လူဦးေရ ၁၅၀၀ ဝန္းက်င္ရွိရာမွ ယေန႔ မတ္လ ၁၈ ရက္ေန႔တြင္ လူဦးေရ ၂၁၀၀ ျပည့္ေနၿပီ ျဖစ္ၿပီး ၎တို႔၏ စားနပ္ရိကၡာကို ျပည္နယ္အစိုးရမွ ပလက္ဝၿမိဳ႕သို႔ လႉတန္းထားသည့္ ဆန္မ်ားကို အသုံးျပဳ၍ စားသုံးေနၾကေၾကာင္းသိရသည္။

အမ်ိဳးသားလႊတ္္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က “ပလက္ဝၿမိဳ႕ကို ပို႔လို႔မရတဲ့ ဆန္အိတ္ေပါင္း ငါးရာေလာက္ရွိတယ္ အဲဒါသုံးေနတယ္။ ျပည္နယ္အစိုးရ ကလည္း သုံးလစာ စားနပ္ရိကၡာကို ကူညီပံ့ပိုးေပးဖို႔ လုပ္ေနတယ္။ ဆီ၊ ဆား၊ စတဲ့ အသုံးေဆာင္ေတြကိုေတာ့ ၿမိဳ႕ေပၚမွာရွိတဲ့ ျပည္သူေတြ အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြ ကူညီေပးတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာမ်ားမွ ေဒသခံမ်ားမွာ ေနေျမလုံျခဳံမႈ မရွိသျဖင့္ ဆမီးၿမိဳ႕ဖက္သို႔ ထြက္ေျပးလာ ၾကရသျဖင့္ အဝတ္စား မပါခဲ့သူမ်ားလည္းရွိေနေၾကာင္း မတူပီခ်င္းလူငယ္ အဖြဲ႕ ဥပေဒေရးရာႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဆလိုင္းထန္းကီးကေျပာသည္။
ဆလိုင္းထန္းကီးက “အဲဒီမွာ လိုအပ္တာအမ်ားႀကီးဘဲ။ အေရးေပၚက ဆန္လိုအပ္တယ္။ အဲဒီမွာ ဆန္အိတ္ ၃၀၀ ဘဲရွိတယ္။ တစ္ေန႔ကို အိတ္ေပါင္း ၄၀ စားမွာဆိုေတာ့ ေနာက္ၿပီး သူတို႔ ေက်ာင္းဝန္းထဲမွာလည္းေနတယ္ ။ အခုေလာေလာဆယ္က ကေလးေတြစာေမးပြဲ ေျဖေနတယ္ဆိုေတာ့ ေန႔ခင္းပိုင္း ဆိုရင္ ေလဟာျပင္မွာေနၾကတယ္။ တခ်ိဳ႕လူေတြဆိုရင္ ဒီတိုင္းထြက္ေျပးလာတယ္ ဆိုေတာ့ အဝတ္စားေတြလည္း ပါမလာၾကဘူး။ အဝတ္စားလည္း ေတာ္ေတာ္ေလး လိုအပ္တယ္လို႔ သိရတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ စစ္ပြဲမ်ား ျပင္းထန္ေနသျဖင့္ စစ္ေဘးေရွာင္ေနရသည့္ ေထာင္ခ်ီရွိ စစ္ေဘးေရွာင္ ျပည္သူမ်ား အတြက္ ခ်င္းျပည္နယ္ အစိုးရအေနျဖင့္ ျပည္ေထာင္စု အစိုးရႏွင့္ ေျဖရွင္းရန္ တိုင္ပင္ေဆြးေႏြးေနေၾကာင္း ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ကေျပာသည္။

ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္က “ေန႔ရက္တိုင္း ဒီကိစၥနဲ႔ပက္သက္ၿပီး တိုင္ပင္ေဆြးေႏြးေနတယ္။ သတင္းမီဒီယာမွာလည္း လႊင့္စရာမလိုဘူး။ စစ္ေဘးေရွာင္ေတြနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စု အစိုးရနဲ႔လည္း အခ်ိန္တိုင္းနီးပါး တိုင္ပင္ေဆြးေႏြးေနတယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္အစိုးရ အေနျဖင့္ စစ္ေဘးေရွာင္ျပည္သူမ်ား ႏွင့္ပတ္သက္ၿပီး ထိေရာက္သည့္ ကူညီေပးမႈပိုင္းတြင္ အရပ္ဖက္ လူမႈအဖြဲ႕အစည္းမ်ားကဲ့သို႔ မလုပ္နိုင္ေသးေၾကာင္း မတူပီ ခ်င္းလူငယ္အဖြဲ႕ ဥပေဒေရးရာႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဆလိုင္းထန္းကီးကေျပာသည္။

ဥပေဒေရးရာႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဆလိုင္းထန္းကီးက “ျပည္နယ္အစိုးရအေနနဲ႔ ထိေရာက္စြာ ကူညီေပးတဲ့ အပိုင္းမွာ ေတာ္ေတာ္အားနည္းတယ္။ အရပ္ဖက္အဖြဲ႕အစည္း ေတြထက္ေတာင္မွ ကူညီပ့ံပိုးတဲ့အပိုင္းမွာ ပိုမိုျမန္ဆန္ရမယ္။ အခုက CSO ေတြ NGO, INGO ေတြဘဲအရင္ေရာက္ေနတယ္ ။ အစိုးရမွာ အားနည္းခ်က္ေတြ အမ်ားႀကီးရွိတယ္။ အဓိကေတာ့ ေခါင္းေဆာင္မႈရဲ့ အားနည္းခ်က္ျဖစ္တယ္လို႔ မွတ္ခ်က္ေပးခ်င္တယ္”ဟုေျပာသည္။

လက္ရွိ ဆမီးၿမိဳ႕သို႔ စစ္ေဘးေရွာင္ၾကသည့္ သူမ်ားထဲမွ ဒဏ္ရာအျပင္းထန္ ရရွိသည့္ လူနာ မတူပီ ေဆး႐ုံတြင္ ၁၉ ဦးရွိၿပီး ၎တို႔အတြက္ ေဆး႐ုံမွ အလႉခံရာ ၈၄ သိန္းရရွိေၾကာင္းသိရသည္။

ဆလိုင္းထန္းကီးက “ေငြသားနဲ႔ ၈၄ သိန္းရတယ္ ေဆး႐ုံမွာ ေလာေလာဆယ္ ၁၉ ေယာက္ အေရးေပၚ ေဆးကုသေနသူေတြအတြက္ ၈၄ သိန္းရတယ္။ အဖြဲ႕အစည္းအသီးသီးက လာလႉတာရွိတယ္။ ပုဂၢိဳလ္ တစ္ဦးျခင္း လာလႉတာေတြလည္းရွိတယ္ မႏၲေလးဖက္ မပို႔လို႔မရတဲ့ လူနာေတြလည္း ဒီ ၈၄ သိန္း ထဲက အသုံးျပဳသြားမယ္။ ဟိုုတေန႔ကလည္း ငါးေယာက္ေလာက္ပို႔တယ္”ဟုေျပာသည္။

 

Photo; Khumi Media Group