Input your search keywords and press Enter.

COVID 19 ကြောင့် ရိခေါဒါရ်နယ်စပ် အိန္ဒိယဖက်မှ နှစ်လပိတ်မည်

Salai Khup Khup

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံဖက်မှ မတ်လ(၁၅) ရက်နေ့က စတင်ပိတ်ပြီး နှစ်လအကြာ ပိတ်မည်ဖြစ်ကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့ အမှတ်(၂) အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက “မီဇိုရမ်မှာနေပြီး ပြန်မယ့် ဧည့်သည်တွေတော့ ခွင့်ပြုတယ်၊ ဒီဖက်နိုင်ငံကနေ ဟိုဖက်ကိုတော့ ဖြက်သန်းသွားလာဖို့ ခွင့်မပြုတော့ဘူး၊ နယ်စပ်မှာ နေတဲ့သူတွေအတွက်ကတော့ စားနပ်ရိက္ခာ ကိစ္စရော အထူးကိစ္စရှိလို့ရှိရင် ထောက်ခံချက်လေးတွေနဲ့ ဝင်ထွက်သွားလို့ရတယ် ။ ဒါပေမယ့် ဆေးစစ်တာတွေ အကုန်လုံး လုပ်ပြီးမှဘဲ သွားလာခွင့်ပြုတယ်လို့ သိရတယ်။ နောက်ပြီး ဂိတ်ကို နှစ်လပိတ်ပြီး အခြေအနေ စောင့်ကြည့်မယ်လို့ သိရတယ်”ဟုပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ် အားလုံးကို အိန္ဒိယ အစိုးရဖက်မှ မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး ပိတ်ဆို့လိုက်ပြီး နယ်စပ်တွင် အလုပ်လုပ်ကိုင်နေကျသူများ စားဝတ်နေရေးတွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်ကြောင်း ဦးချန်လျန်မာက ပြောသည်။

ဦးချန်လျန်မာက “အဓိက ရိခေါ်ဒါရ် အမှတ်(၂)ရပ်ကွက် နဲ့ ဟိုဖက်ခြမ်းက ဇိုခေါ်ဒါရ် အဲဒီနှစ်ရွာကတော့ ဒီနယ်စပ်မှာဘဲ အလုပ်လုပ်ကိုင်ရတာဆိုတော့ သူတို့တော်တော် ဒုက္ခရောက်မယ်။ ဇိုခေါ်ဒါရ် ဆိုရင် စီးပွာရေးပို်င်းမှာ ဒီဖက်လောက် အဆင်မပြေကြတော့ သာမန်စီးပွားရေး မလုပ်တဲ့သူကော အားလုံးခက်ခဲမယ်။ နောက်ပြီး စီးပွားရေးသမားတွေ နဲ့ ကုန်တင်ကုန်ချလုပ်နေတဲ့ အလုပ်သမားတွေ အတွက်တော့ စားဝတ်နေရေး အခက်အခဲ ဖြစ်လိမ့်မယ်”ဟုပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်မှု ပိုင်းတွင်များစွာ ထိခိုက်နစ်နာမှုရှိသော်လည်း ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းဖြစ်သည့်အတွက် ဂိတ်များပိတ်လိုက်ခြင်းမှာ ရောဂါကာကွယ်မှုပိုင်းတွင် ပိုမိုကောင်းမွန်ကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ တာဝန်ရှိသူ ပက်ကာကပြောသည်။

Zawgyi

COVID 19 ေၾကာင့္ ရိေခါဒါရ္နယ္စပ္ အိႏၵိယဖက္မွ ႏွစ္လပိတ္မည္

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ခ်င္းျပည္နယ္ႏွင့္ အိႏၵိယနယ္စပ္ရွိ ရိေခၚဒါရ္ၿမိဳ႕ နယ္စပ္ဂိတ္ကို အိႏၵိယနိုင္ငံဖက္မွ မတ္လ(၁၅) ရက္ေန႔က စတင္ပိတ္ၿပီး ႏွစ္လအၾကာ ပိတ္မည္ျဖစ္ေၾကာင္းသိရသည္။

ရိေခၚဒါရ္ၿမိဳ႕ အမွတ္(၂) အုပ္ခ်ဳပ္ေရးမႉး ဦးခ်န္လ်န္မာက “မီဇိုရမ္မွာေနၿပီး ျပန္မယ့္ ဧည့္သည္ေတြေတာ့ ခြင့္ျပဳတယ္၊ ဒီဖက္နိုင္ငံကေန ဟိုဖက္ကိုေတာ့ ျဖက္သန္းသြားလာဖို႔ ခြင့္မျပဳေတာ့ဘူး၊ နယ္စပ္မွာ ေနတဲ့သူေတြအတြက္ကေတာ့ စားနပ္ရိကၡာ ကိစၥေရာ အထူးကိစၥရွိလို႔ရွိရင္ ေထာက္ခံခ်က္ေလးေတြနဲ႔ ဝင္ထြက္သြားလို႔ရတယ္ ။ ဒါေပမယ့္ ေဆးစစ္တာေတြ အကုန္လုံး လုပ္ၿပီးမွဘဲ သြားလာခြင့္ျပဳတယ္လို႔ သိရတယ္။ ေနာက္ၿပီး ဂိတ္ကို ႏွစ္လပိတ္ၿပီး အေျခအေန ေစာင့္ၾကည့္မယ္လို႔ သိရတယ္”ဟုေျပာသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ-အိႏၵိယနယ္စပ္ဂိတ္ အားလုံးကို အိႏၵိယ အစိုးရဖက္မွ မတ္လ ၁၅ ရက္ေန႔မွ စတင္ၿပီး ပိတ္ဆို႔လိုက္ၿပီး နယ္စပ္တြင္ အလုပ္လုပ္ကိုင္ေနက်သူမ်ား စားဝတ္ေနေရးတြင္ အခက္အခဲမ်ားႏွင့္ ၾကဳံေတြ႕နိုင္ေၾကာင္း ဦးခ်န္လ်န္မာက ေျပာသည္။

ဦးခ်န္လ်န္မာက “အဓိက ရိေခၚဒါရ္ အမွတ္(၂)ရပ္ကြက္ နဲ႔ ဟိုဖက္ျခမ္းက ဇိုေခၚဒါရ္ အဲဒီႏွစ္ရြာကေတာ့ ဒီနယ္စပ္မွာဘဲ အလုပ္လုပ္ကိုင္ရတာဆိုေတာ့ သူတို႔ေတာ္ေတာ္ ဒုကၡေရာက္မယ္။ ဇိုေခၚဒါရ္ ဆိုရင္ စီးပြာေရးပို္င္းမွာ ဒီဖက္ေလာက္ အဆင္မေျပၾကေတာ့ သာမန္စီးပြားေရး မလုပ္တဲ့သူေကာ အားလုံးခက္ခဲမယ္။ ေနာက္ၿပီး စီးပြားေရးသမားေတြ နဲ႔ ကုန္တင္ကုန္ခ်လုပ္ေနတဲ့ အလုပ္သမားေတြ အတြက္ေတာ့ စားဝတ္ေနေရး အခက္အခဲ ျဖစ္လိမ့္မယ္”ဟုေျပာသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ နယ္စပ္ဂိတ္မ်ား ပိတ္လိုက္ျခင္းမွာ တစ္နိုင္ငံႏွင့္ တစ္နိုင္ငံ ကုန္သြယ္မႈ ပိုင္းတြင္မ်ားစြာ ထိခိုက္နစ္နာမႈရွိေသာ္လည္း က်န္းမာေရးအတြက္ ႀကိဳတင္ကာကြယ္ျခင္းျဖစ္သည့္အတြက္ ဂိတ္မ်ားပိတ္လိုက္ျခင္းမွာ ေရာဂါကာကြယ္မႈပိုင္းတြင္ ပိုမိုေကာင္းမြန္ေၾကာင္း ရိေခၚဒါရ္ ျပန္/ဆက္မွ တာဝန္ရွိသူ ပက္ကာကေျပာသည္။