Input your search keywords and press Enter.

ပလက်ဝမြို့နယ်တွင် လေကြောင်းဖြင့်ပစ်ခတ်မှုကြောင့် လူရှစ်ဦးသေဆုံး ခြောက်ဦးဒဏ်ရာရ

Salai Benazar

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိိ မိတ်စားကျေးရွာအား မတ်လ ၁၄ ရက်နေ့နံနက် ၁၁ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုများပြီး လက်ရှိအချိန်ထိ စာရင်းရရှိထားမှုအရ ခြောက်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိထားကြောင်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

“မနက် ၁၁နာရီလောက်က တိုက်လေယာဉ်တစ်စီးက မိတ်စာဝ အမှတ် ၃ ကိုလာပစ်တယ်၊ အဲဒါပြီးတော့ သိပ်မကြာဘူး မိတ်စာဝ အမှတ် ၂ ကို ထပ်ပြီးတော့၊ အဲတော့ အိိမ်တွေလည်း မီးလောင်သွားတယ်၊ လူတွေလည်းသေတယ်၊ ဒဏ်ရာရတဲ့သူလည်းများတယ်၊ ခုထိစားရင်းအတိအကျမရနိုင်သေးဘူး၊ အခုလောလောဆယ်စာရင်းအရ ၆ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူက ၆ယောက်ရှိတယ်၊ မိတ်စာဝ အမှတ် ၃ မှာက ဘယ်လောက်ထိလည်းမသိရသေး ခုက ဘုန်းကြီးကျောင်းနှင့် အထကကျောင်းမှာ ခိုနေကြတယ်၊ ရုတ်တရတ် လာပစ်တာဆိုတော့ လူတွေက သတိမထားမိတော့ သေတာတွေ ဒဏ်ရာရတာတွေများကုန်တာ”ဟု ဒေသခံ ဦးလိုင်ပ မှပြောသည်။

လေကြောင်း ပစ်ခတ်ခံရသည့် မိတ်စာဝ ကျေးရွာမှာ အိမ်ခြေ ရဝကျော်နေထိုင်သည့်နေရာဖြစ်ပြီး လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အတိအကျမသိရသေးဘဲ မီးလောင်နေသည့် အိမ်များ လိုက်လံငြိမ်းသတ်နေကြောင်း ဦးလိုင်ပမှ ပြောသည်။

လေကြောင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် လူ၈ဦးတွင် ကလေးတစ်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ ၆ဦးတွင် ၃ဦးမှာ စိုးရိမ်ရသဖြင့် ဆမီးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဆလိုင်းမျိုးထိုက်မှ “အဲဒီ မိတ်စာဝကျေးရွာပတ်ဝန်းကျင်က ချင်းရွာတွေဘဲရှိတယ်၊ ရခိုင်လည်းမရှိဘူး၊ သူတို့ကမှားပစ်တာလား စစ်ဆင်ရေးတာလားဆိုတာ ကျနော်တို့ကတော့ ပြောဖို့ခက်တယ်၊ ကိုယ့်ညီအစ်ကိုတွေဆိုတော့ စိတ်မကောင်းဘူး၊ ပြည်နယ်အစိုးရဆီကိုလည်း တင်ပြထားတယ်၊ အဲလိုမျိုးရွာထဲမှာ မပစ်ဖို့ အကူအညီတော့တောင်းထားတယ်”ဟု ပြောသည်။

လေကြောင့်ဖြင့် အပစ်ခံရသည့် မိတ်စာဝကျေးရွာမှာ ရပ်ကွက် ၃ခုရှိပြီး ချင်းလူမျိုးများသာနေထိုင်ကာ အဆိုပါရွာ ပတ်ဝန်းကျင်တွင် ချင်းလူမျိုးများသာ နေထိုင်ပြီး ရက္ခိုင့်တပ်မတော်(AA)မှ အဆိုပါကျေးရွာ နားတွင်လှုပ်ရှားမှု မရှိကြောင်းသိရသည်။

ဦးလိုင်ပမှ လေကြောင်းဖြင့် အပစ်ခံရသည့်အပေါ် “ကျနော်တို့ရွာက ရန်သူနယ်မြေမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ကို ငဲ့ငြာခွင့်လွှတ်ပေးပါ၊ ထပ်မပစ်ဖို့တောင်းပန်ချင်ပါတယ်၊ အခုက ဆုံးရှုံးနစ်နာမှုတွေလဲ အများကြီး ဖြစ်နေပြီ၊ နောက်တစ်ခါ ထပ်ပစ်ရင် အကုန်လုံးသေရုံဘဲရှိတော့တယ်”ဟု ပြောသည်။

Zawgyi

ပလက္ဝၿမိဳ႕နယ္တြင္ ေလေၾကာင္းျဖင့္ပစ္ခတ္မႈေၾကာင့္ လူရွစ္ဦးေသဆုံး ေျခာက္ဦးဒဏ္ရာရ

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ရွိိ မိတ္စားေက်းရြာအား မတ္လ ၁၄ ရက္ေန႔နံနက္ ၁၁ နာရီဝန္းက်င္တြင္ ေလေၾကာင္းျဖင့္ ဗုံးၾကဲခံရမႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားၿပီး လက္ရွိအခ်ိန္ထိ စာရင္းရရွိထားမႈအရ ေျခာက္ဦးေသဆုံးၿပီး ေျခာက္ဦးဒဏ္ရာရရွိထားေၾကာင္း ေဒသခံ၏ ေျပာဆိုခ်က္အရ သိရသည္။

“မနက္ ၁၁နာရီေလာက္က တိုက္ေလယာဥ္တစ္စီးက မိတ္စာဝ အမွတ္ ၃ ကိုလာပစ္တယ္၊ အဲဒါၿပီးေတာ့ သိပ္မၾကာဘူး မိတ္စာဝ အမွတ္ ၂ ကို ထပ္ၿပီးေတာ့၊ အဲေတာ့ အိိမ္ေတြလည္း မီးေလာင္သြားတယ္၊ လူေတြလည္းေသတယ္၊ ဒဏ္ရာရတဲ့သူလည္းမ်ားတယ္၊ ခုထိစားရင္းအတိအက်မရနိုင္ေသးဘူး၊ အခုေလာေလာဆယ္စာရင္းအရ ၆ေယာက္ေသတယ္၊ ဒဏ္ရာရတဲ့သူက ၆ေယာက္ရွိတယ္၊ မိတ္စာဝ အမွတ္ ၃ မွာက ဘယ္ေလာက္ထိလည္းမသိရေသး ခုက ဘုန္းႀကီးေက်ာင္းႏွင့္ အထကေက်ာင္းမွာ ခိုေနၾကတယ္၊ ႐ုတ္တရတ္ လာပစ္တာဆိုေတာ့ လူေတြက သတိမထားမိေတာ့ ေသတာေတြ ဒဏ္ရာရတာေတြမ်ားကုန္တာ”ဟု ေဒသခံ ဦးလိုင္ပ မွေျပာသည္။

ေလေၾကာင္း ပစ္ခတ္ခံရသည့္ မိတ္စာဝ ေက်းရြာမွာ အိမ္ေၿခ ရဝေက်ာ္ေနထိုင္သည့္ေနရာျဖစ္ၿပီး ေလေၾကာင္းျဖင့္ ပစ္ခတ္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ အတိအက်မသိရေသးဘဲ မီးေလာင္ေနသည့္ အိမ္မ်ား လိုက္လံၿငိမ္းသတ္ေနေၾကာင္း ဦးလိုင္ပမွ ေျပာသည္။

ေလေၾကာင္း ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးသြားသည့္ လူ၈ဦးတြင္ ကေလးတစ္ဦးပါဝင္ၿပီး ဒဏ္ရာရရွိသူ ၆ဦးတြင္ ၃ဦးမွာ စိုးရိမ္ရသျဖင့္ ဆမီးေဆး႐ုံသို႔ ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စာလွယ္ ဆလိုင္းမ်ိဳးထိုက္မွ “အဲဒီ မိတ္စာဝေက်းရြာပတ္ဝန္းက်င္က ခ်င္းရြာေတြဘဲရွိတယ္၊ ရခိုင္လည္းမရွိဘူး၊ သူတို႔ကမွားပစ္တာလား စစ္ဆင္ေရးတာလားဆိုတာ က်ေနာ္တို႔ကေတာ့ ေျပာဖို႔ခက္တယ္၊ ကိုယ့္ညီအစ္ကိုေတြဆိုေတာ့ စိတ္မေကာင္းဘူး၊ ျပည္နယ္အစိုးရဆီကိုလည္း တင္ျပထားတယ္၊ အဲလိုမ်ိဳးရြာထဲမွာ မပစ္ဖို႔ အကူအညီေတာ့ေတာင္းထားတယ္”ဟု ေျပာသည္။

ေလေၾကာင့္ျဖင့္ အပစ္ခံရသည့္ မိတ္စာဝေက်းရြာမွာ ရပ္ကြက္ ၃ခုရွိၿပီး ခ်င္းလူမ်ိဳးမ်ားသာေနထိုင္ကာ အဆိုပါရြာ ပတ္ဝန္းက်င္တြင္ ခ်င္းလူမ်ိဳးမ်ားသာ ေနထိုင္ၿပီး ရကၡိဳင့္တပ္မေတာ္(AA)မွ အဆိုပါေက်းရြာ နားတြင္လႈပ္ရွားမႈ မရွိေၾကာင္းသိရသည္။

ဦးလိုင္ပမွ ေလေၾကာင္းျဖင့္ အပစ္ခံရသည့္အေပၚ “က်ေနာ္တို႔ရြာက ရန္သူနယ္ေျမမဟုတ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ကို ငဲ့ျငာခြင့္လႊတ္ေပးပါ၊ ထပ္မပစ္ဖို႔ေတာင္းပန္ခ်င္ပါတယ္၊ အခုက ဆုံးရႈံးနစ္နာမႈေတြလဲ အမ်ားႀကီး ျဖစ္ေနၿပီ၊ ေနာက္တစ္ခါ ထပ္ပစ္ရင္ အကုန္လုံးေသ႐ုံဘဲရွိေတာ့တယ္”ဟု ေျပာသည္။