Input your search keywords and press Enter.

မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ပါက သွားမည့် လိပ်စာ အဓိအကျတင်ပြရန် အိန္ဒိယနိုင်ငံ ကျန်ဖိုင်းခရိုင်ထုတ်ပြန်

Salai C.Lian

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရန်အတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားရှိ နယ်စပ်တံတားဖြတ်ကျော်မည်ဆိုပါက မိမိသွားမည့် နေရာဒေသ လိပ်စာအပြည့်အစုံ သက်ဆိုင်ရာသို့ တင်ပြရန် အိန္ဒိယနိုင်ငံ ကျန်ဖိုင်းခရိုင်တရားရုံးမှ မတ်လ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်လွှား ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ၊ ကျန်ဖိုင်းခရိုင်မှ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နေရပ်လိပ်စာပေးမှုတွင် ဖုန်းနံပတ်အထိပါ သက်ဆိုင်ရာသို့ပေးရန် ခရိုင်တရားသူကြီး S.L NAVEEN,IAS မှ ထုတ်ပြန််ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ရိခေါ်ဒါရ်မြို့တွင် တာဝန်ကျသည့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ပူးလာလ်ပက်လောမ်အာက “မြန်မာနိုင်ငံဖက်ခြမ်းအနေနဲ့လည်း တိုက်နယ်ဆေးရုံအုပ်ရဲ့ ဦးဆောင်မှုနဲ့ နေ့တိုင်း နယ်စပ်ဂိတ်မှာ စစ်ဆေးမှုလုပ်တယ်။ အခုထိတော့ သံသယလူနာမတွေ့ရသေးဘူး။ အကယ်လို့တွေ့ရှိလို့ဆိုရင်လည်း အမြန်ဆုံးကုသပေးဖို့ ရိခေါ်ဒါရ်ဆေးရုံမှာ သီးသန့်အခန်းတွေလုပ်ထားတာတွေရှိတယ်” ဟုပြောသည်။

ထုတ်ပြန်ချက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ကူးသန်းသွားလာရာတွင် ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ရိခေါ်ဒါရ်မြို့မှ အိန္ဒိယနိုင်ငံဖက်ကူးသည့် ဇိုခေါထာရ် တံတားမှအပ ကျန်ဖိုင်းခရိုင်အတွင်း အခြားနယ်စပ်နယ်နိမိတ်များမှ ဖြတ်ကျော်ဝင်ထွက်မလုပ်ရန်၊ အိန္ဒိယ-မြန်မာ နယ်စပ်ကူးသန်းသွားလာခွင့် (Special Permit) ကိုင်ဆောင်သူများသည်လည်း ဇိုခေါထာရ်တံတားမှသာ ဖြတ်သန်းသွားလာရမည်ဖြစ်ပြီး တံတားဖြတ်ကျော်ဝင်ရောက်သူမှန်သမျှ COVID-19 ရောဂါစစ်ဆေးမှုခံယူရန်၊ အရေးပေါ်လိုအပ်သည့် ကုန်ပစ္စည်းများ (Permissible Items) သယ်ယူပို့ဆောင်သူများ COVID-19 ရောဂါစစ်ဆေးမှုခံယူပြီးမှသာ သယ်ယူပို့ဆောင် သွားလာခွင့်ပြုရန်ထုတ်ပြန်ချက်တွင် ညွှန်ကြားထားသည်။

မတ်လ (၁၀) ရက်နေ့မှစပြီး တံတားဖြတ်သန်းသွားလာသူမှန်သမျှ
အိန္ဒိယနိုင်ငံ မီဇိုရမ် ဘက်ခြမ်းရှိ ဇိုခေါထာရ်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်သို့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မဖြစ်မနေ ပေးအပ်သွားရန် ညွှန်ကြားခြင်းဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်း လက်ရှိကမ္ဘာ့နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ရန် ညွန်ကြားကြောင်း မီဇိုရမ်လွှတ်တော်ကော်မတီမှလည်း ထုတ်ပြန်ထားသည်။

Zawgyi

ျမန္မာ-အိႏၵိယ နယ္စပ္ျဖတ္ေက်ာ္ပါက သြားမည့္ လိပ္စာ အဓိအက်တင္ျပရန္ အိႏၵိယနိုင္ငံ က်န္ဖိုင္းခရိုင္ထုတ္ျပန္

ကိုရိုနာဗိုင္းရပ္စ္ကာကြယ္နိုင္ရန္အတြက္ ျမန္မာ-အိႏၵိယ ႏွစ္နိုင္ငံၾကားရွိ နယ္စပ္တံတားျဖတ္ေက်ာ္မည္ဆိုပါက မိမိသြားမည့္ ေနရာေဒသ လိပ္စာအျပည့္အစုံ သက္ဆိုင္ရာသို႔ တင္ျပရန္ အိႏၵိယနိုင္ငံ က်န္ဖိုင္းခရိုင္တရား႐ုံးမွ မတ္လ (၁၀) ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ကမၻာတစ္လႊား ပ်ံ႕ႏွံ့ေနသည့္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ ေစာင့္ၾကည့္စစ္ေဆးမႈေဆာင္ရြက္နိုင္ရန္အတြက္ အိႏၵိယနိုင္ငံ၊ က်န္ဖိုင္းခရိုင္မွ ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ေနရပ္လိပ္စာေပးမႈတြင္ ဖုန္းနံပတ္အထိပါ သက္ဆိုင္ရာသို႔ေပးရန္ ခရိုင္တရားသူႀကီး S.L NAVEEN,IAS မွ ထုတ္ျပန္္ညႊန္ၾကားခဲ့ျခင္းျဖစ္သည္။

ရိေခၚဒါရ္ၿမိဳ႕တြင္ တာဝန္က်သည့္ ျပန္ၾကားေရးဌာနမွ တာဝန္ရွိသူ ပူးလာလ္ပက္ေလာမ္အာက “ျမန္မာနိုင္ငံဖက္ျခမ္းအေနနဲ႔လည္း တိုက္နယ္ေဆး႐ုံအုပ္ရဲ့ ဦးေဆာင္မႈနဲ႔ ေန႔တိုင္း နယ္စပ္ဂိတ္မွာ စစ္ေဆးမႈလုပ္တယ္။ အခုထိေတာ့ သံသယလူနာမေတြ႕ရေသးဘူး။ အကယ္လို႔ေတြ႕ရွိလို႔ဆိုရင္လည္း အျမန္ဆုံးကုသေပးဖို႔ ရိေခၚဒါရ္ေဆး႐ုံမွာ သီးသန႔္အခန္းေတြလုပ္ထားတာေတြရွိတယ္” ဟုေျပာသည္။

ထုတ္ျပန္ခ်က္တြင္ အိႏၵိယ-ျမန္မာနယ္စပ္ ကူးသန္းသြားလာရာတြင္ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ရွိ ရိေခၚဒါရ္ၿမိဳ႕မွ အိႏၵိယနိုင္ငံဖက္ကူးသည့္ ဇိုေခါထာရ္ တံတားမွအပ က်န္ဖိုင္းခရိုင္အတြင္း အျခားနယ္စပ္နယ္နိမိတ္မ်ားမွ ျဖတ္ေက်ာ္ဝင္ထြက္မလုပ္ရန္၊ အိႏၵိယ-ျမန္မာ နယ္စပ္ကူးသန္းသြားလာခြင့္ (Special Permit) ကိုင္ေဆာင္သူမ်ားသည္လည္း ဇိုေခါထာရ္တံတားမွသာ ျဖတ္သန္းသြားလာရမည္ျဖစ္ၿပီး တံတားျဖတ္ေက်ာ္ဝင္ေရာက္သူမွန္သမၽွ COVID-19 ေရာဂါစစ္ေဆးမႈခံယူရန္၊ အေရးေပၚလိုအပ္သည့္ ကုန္ပစၥည္းမ်ား (Permissible Items) သယ္ယူပို႔ေဆာင္သူမ်ား COVID-19 ေရာဂါစစ္ေဆးမႈခံယူၿပီးမွသာ သယ္ယူပို႔ေဆာင္ သြားလာခြင့္ျပဳရန္ထုတ္ျပန္ခ်က္တြင္ ညႊန္ၾကားထားသည္။

မတ္လ (၁၀) ရက္ေန႔မွစၿပီး တံတားျဖတ္သန္းသြားလာသူမွန္သမၽွ
အိႏၵိယနိုင္ငံ မီဇိုရမ္ ဘက္ျခမ္းရွိ ဇိုေခါထာရ္ရဲတပ္ဖြဲ႕ စစ္ေဆးေရးဂိတ္သို႔ အမည္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္မ်ား မျဖစ္မေန ေပးအပ္သြားရန္ ညႊန္ၾကားျခင္းျဖစ္သည္။

ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္သည့္ အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္တြင္း လက္ရွိကမၻာ့နိုင္ငံတြင္ ျဖစ္ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္နိုင္ရန္အတြက္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ပိတ္ရန္ ညြန္ၾကားေၾကာင္း မီဇိုရမ္လႊတ္ေတာ္ေကာ္မတီမွလည္း ထုတ္ျပန္ထားသည္။

photo; IPRD Rihkhawdar