Input your search keywords and press Enter.

ချင်းပြည်နယ်သည် လက်နက် ကိုင်ပဋိပက္ခများ မရှိသည့်နယ်မြေဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းပိုမိုများပြားဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

 

Salai C Lian

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလေးမြို့နှင့်ချင်းပြည်နယ် တီးတိန်၊ ဟားခါး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံပွဲတွင် ချင်းပြည်နယ်သည် လက်နက် ကိုင်ပဋိပက္ခများ မရှိသည့်နယ်မြေဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းပိုမိုများပြားဟု ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်ထောင်စုဒေသအားလုံးတွင် မိမိတို့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအား ထုတ်မှုရှိမှ၊ အတတ်ပညာအသိပညာများနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရ မည်ဖြစ်တယ်၊ ချင်းပြည်နယ်သည် လက်နက် ကိုင်ပဋိပက္ခများ မရှိသည့်နယ်မြေဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းပိုမိုများပြားတယ်” ဟု ကလေးမြို့နှင့်ချင်းပြည်နယ် တီးတိန်၊ ဟားခါး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် စဉ်းစားပြီးမှသာ ပြောဆိုသင့်ကြောင်း ချင်းအမျိုးသားတပ်ဦး တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ Sui Khar က ပြောပါသည်။ ဒေါက်တာ Sui Khar က “အဲဒါလေးတွေပေါ့ လူကြီးတွေ စကားပြောတဲ့ခါမှာ ချင်းပြည်နယ် ဝန်ကြီးချုပ်ကအစ အဲဒါတွေကြားနေရတယ်၊ အဲဒါကြောင့် လူကြီးတွေ အနေနဲ့ စကားပြောတဲ့ခါ လက်လွှတ်စပယ် မပြောသင့်ဘူး၊ နိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခရှိတဲ့နေရာ ပိုသိသင့်တယ်၊ နိုင်ငံခေါင်းဆောင် တစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွင်း ဖြစ်နေတဲ့ ကိစ္စကို အသေးစိတ်သိသင့်တယ်” ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)အကြား စစ်ရေးတင်းမာနေပြီး၊ ပလက်ဝမြို့နယ်သည် စစ်အုပ်ချုပ်ရေးအရ ချင်းပြည်နယ်အတွင်း မထည့်ထားတာလား မေးခွန်းထုတ်စရာ ဖြစ်သည်ဟု ပလက်ဝဒေသခံ ကျောင်းဆရာ ကျော်ရှိန်းက ပြောသည်။

ဆရာ ကျော်ရှိန်းက “ချင်းပြည်နယ်မှာ အေးချမ်းတယ်လို့ တစ်ချို့က ပြောပေမဲ့ ပလက်ဝမြို့နယ်မှာကတော့ မအေးချမ်းသေးဘူး၊ ပလက်ဝမြို့နယ်က ချင်းပြည်နယ်ထဲက မြို့မဟုတ်ဘူးလားလို့၊ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ရဲ့လက်အောက်မှာ ထားတာဖြစ်တယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲမှာ မထည့်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ မထည့်တာလားအဲလိုပဲပြောချင်တယ်၊ ပြည်နယ်အလိုက်အုပ်ချုပ်ပုံနဲ့ စစ်ဌာနအုပ်ချုပ်ပုံလွှဲသွားတာလားတော့ မသိဘူး” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ချင်းပြည်နယ်အပေါ်မှတ်ချက်ချမူအားထောက်ပြသည်။

Zawgyi

ခ်င္းျပည္နယ္သည္ လက္နက္ ကိုင္ပဋိပကၡမ်ား မရွိသည့္နယ္ေျမျဖစ္သည့္ အတြက္ ေဒသဖြံ့ၿဖိဳးတိုးတက္ရန္ အခြင့္အလမ္းပိုမိုမ်ားျပားဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ေျပာၾကား

Salai C Lian

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ ကေလးျမိဳ့နွင့္ခ်င္းျပည္နယ္ တီးတိန္၊ ဟားခါး တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံပြဲတြင္ ခ်င္းျပည္နယ္သည္ လက္နက္ ကိုင္ပဋိပကၡမ်ား မရွိသည့္နယ္ေျမျဖစ္သည့္ အတြက္ ေဒသဖြံ့ၿဖိဳးတိုးတက္ရန္ အခြင့္အလမ္းပိုမိုမ်ားျပားဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က “ျပည္ေထာင္စုေဒသအားလုံးတြင္ မိမိတို႔၏ ေဒသဖြံ့ၿဖိဳး တိုးတက္ေရးအတြက္ မိမိတို႔ကိုယ္တိုင္ ႀကိဳးစားအား ထုတ္မႈရွိမွ၊ အတတ္ပညာအသိပညာမ်ားႏွင့္ လူမႈဘဝ ဖြံ့ၿဖိဳးတိုးတက္ေအာင္ တည္ေဆာက္ၾကရ မည္ျဖစ္တယ္၊ ခ်င္းျပည္နယ္သည္ လက္နက္ ကိုင္ပဋိပကၡမ်ား မရွိသည့္နယ္ေျမျဖစ္သည့္ အတြက္ ေဒသဖြံ့ၿဖိဳးတိုးတက္ရန္ အခြင့္အလမ္းပိုမိုမ်ားျပားတယ္” ဟု ကေလးျမိဳ့နွင့္ခ်င္းျပည္နယ္ တီးတိန္၊ ဟားခါး တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံပြဲတြင္ ထည့္သြင္းေျပာၿကားခဲ့သည္။

အဆိုပါအေၾကာင္းနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ အေနျဖင့္ စဥ္းစားၿပီးမွသာ ေျပာဆိုသင့္ေၾကာင္း ခ်င္းအမ်ိဳးသားတပ္ဦး တြဲဖက္အေထြေထြအတြင္းေရးမႉး ေဒါက္တာ Sui Khar က ေျပာပါသည္။ ေဒါက္တာ Sui Khar က “အဲဒါေလးေတြေပါ့ လူႀကီးေတြ စကားေျပာတဲ့အခါမွာ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ကအစ အဲဒါေတြၾကားေနရတယ္၊ အဲဒါေၾကာင့္ လူႀကီးေတြ အေနနဲ႔ စကားေျပာတဲ့ခါ လက္လႊတ္စပယ္ မေျပာသင့္ဘူး၊ နိုင္ငံတြင္းမွာ လက္နက္ကိုင္ပဋိပကၡရွိတဲ့ေနရာ ပိုသိသင့္တယ္၊ နိုင္ငံေခါင္းေဆာင္ တစ္ဦးတစ္ေယာက္အေနနဲ႔ ကိုယ့္နိုင္ငံအတြင္း ျဖစ္ေနတဲ့ ကိစၥကို အေသးစိတ္သိသင့္တယ္” ဟု ေျပာသည္။

လက္ရွိအေျခအေနတြင္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရခုိင့္တပ္ေတာ္(AA)အၾကား စစ္ေရးတင္းမာေနၿပီး၊ ပလက္ဝၿမိဳ႕နယ္သည္ စစ္အုပ္ခ်ဳပ္ေရးအရ ခ်င္းျပည္နယ္အတြင္း မထည့္ထားတာလား ေမးခြန္းထုတ္စရာ ျဖစ္သည္ဟု ပလက္ဝေဒသခံ ေက်ာင္းဆရာ ေက်ာ္ရွိန္းက ေျပာသည္။

ဆရာ ေက်ာ္ရွိန္းက “ခ်င္းျပည္နယ္မွာ ေအးခ်မ္းတယ္လို႔ တစ္ခ်ိဳ႕က ေျပာေပမဲ့ ပလက္ဝၿမိဳ႕နယ္မွာကေတာ့ မေအးခ်မ္းေသးဘူး၊ ပလက္ဝၿမိဳ႕နယ္က ခ်င္းျပည္နယ္ထဲက ၿမိဳ႕မဟုတ္ဘူးလားလို႔၊ အေနာက္ပိုင္းတိုင္း စစ္ဌာခ်ဳပ္ရဲ့လက္ေအာက္မွာ ထားတာျဖစ္တယ္၊ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ထဲမွာ မထည့္တဲ့အတြက္ ခ်င္းျပည္နယ္ထဲမွာ မထည့္တာလားအဲလိုပဲေျပာခ်င္တယ္၊ ျပည္နယ္အလိုက္အုပ္ခ်ဳပ္ပုံနဲ႔ စစ္ဌာနအုပ္ခ်ဳပ္ပုံလႊဲသြားတာလားေတာ့ မသိဘူး” ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ခ်င္းျပည္နယ္အေပၚမွတ္ခ်က္ခ်မူအားေထာက္ျပသည္။