Input your search keywords and press Enter.

ပလက်ဝမြို့တွင် မကြာမှီရက်ပိုင်းအတွင်း စားနပ်ရိက္ခာ ပြတ်လပ်နိုင်ချေနဲ့ကြုံနေရ

Salai Khup Khup

ပလက်ဝမြို့တွင် ဆန်တစ်အိတ်ကို ခုနှစ်သောင်းကျပ်အထိ ပေးဝယ်နေရ ပြီဖြစ်ပြီး မကြာမှီရက်ပိုင်းအတွင်း စားနပ်ရိက္ခာ ပြတ်လပ်သွား နိုင်ချေနှင့် ရင်ဆိုင်နိုင်ကြောင်း ပလက်ဝ ခူမီးလူငယ်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်စိုးကပြောသည်။

ပလက်ဝ ခူမီးလူငယ်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးအောင်စိုးက “စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေတော့ဘူး ခါတိုင်းပလက်ဝမြို့ကို တစ်အိတ်ကို နှစ်သောင်းခွဲလောက်နဲ့ ရောက်နေတဲ့ ဆန်အိတ်က ခုနှစ်သောင်းလောက်ရှိနေပြီ ဝယ်ဖို့နေရာတောင် မရှိဘူးလို့ ဆိုရမယ် လူတိုင်းလိုလိုမှာ တစ်ရက် နှစ်ရက်စာ လောက်တော့ စားဖို့ဆန်တော့ ရှိကြပေမဲ့ နောက်အပတ်အတွင်း ဆိုရင် လုံးဝပြတ်လပ်သွားနိုင်တဲ့ အခြေနေဖြစ်တယ်”ဟုပြောသည်။

လက်ရှိပလက်ဝမြို့ ကုန်စျေးနှုန်းတွင် ဆန်အညံ့ တစ်အိတ်တွင် ခုနှစ်သောင်းခွဲကျော် ရှိနေပြီး ကြက်သွန်နီ တစ်ပိသာ တွင် ကျပ်တစ်သောင်း ကျော်ရှိနေပြီး အခြား စားသောက်ကုန်များလည်း အရင်စျေးနှုန်းထက် သုံးလေးဆ တက်သွားကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလေ့ရှိပြီး ဒေသမငြိမ်းချမ်းမှုများကြောင့် ကုန်းလမ်း ရေကြောင်းလမ်းများ ပိတ်ထားရပြီး ကုန်စျေးနှုန်းများ အဆမတန်တတ်နေကာ စားဝတ်နေရေး အခက်ခဲကြုံနေရသည့် ပလက်ဝဒေသအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်နယ်အစိုးရ အနေနဲ့ ပြည်ထောင်စုကို တင်ပြထားတယ် နောက်ပြီးတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်းပြီးတော့ စစ်တွေ၊ ကျောက်တော်ကနေ သယ်နိုင်ဖို့ရယ် ဆမီးဖက်ကနေ သယ်နိုင်ဖို့ရယ် ကြိုစားနေတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ် ဆမီးမြို့နယ်ခွဲတွင် ဆန်အိတ်ပေါင်း ခြောက်ရာဝန်းကျင်ရှိ သော်လည်း နယ်မြေမလုံခြုံမှု များကြောင့် ဒေသခံများ အနေဖြင့် ဆန်များကို အနည်းငယ်ဆီဖြင့် သယ်ယူနေရကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပလက်ဝမြို့ ဒေသခံ ဦးဘူးထန်ပိုင်က “ဆမီးဖက်ကနေ ပေါ်ပေါ်တင်တင်မဟုတ်ဘဲနဲ့ တောင်းလေးတွေနဲ့ သယ်နေရတယ် အခုက ရခိုင်ရော ချင်းရောဒုက္ခရောက်တာဘဲ လမ်းကြောင်းကိုတော့ မနှောက်ယှက်ပေးသင့်ဘူး”ဟုပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီလ ပထမအပတ်တွင် ကျောက်တော်နှင့် ပလက်ဝမြို့ရေလမ်းကြောင်း သွားလာမှု ရပ်ဆိုင်းခဲ့ရပြီး မိုင် ၂၀၀ ခန့်ဝေးသည့် ကုန်းလမ်းဖြင့် စားနပ်ရိက္ခာပို့် ဆောင်နေရခြင်း ဖြစ်သည်။

ပလက်ဝမြို့ပေါ်တွင် စားနပ်ရိက္ခာ ပြတ်လပနသည့်အပြင် လက်နက်ကြီးသံများ နေ့စဉ်ကြားနေရပြီး ဒေသခံများ အနေဖြင့့်် စိုးရိမ်ထိတ်လန့် နေကြကြောင်းလည်း သိရသည်။

Zawgyi Version

ပလက္ဝၿမိဳ႕တြင္ မၾကာမွီရက္ပိုင္းအတြင္း စားနပ္ရိကၡာ ျပတ္လပ္ႏိုင္ေခ်နဲ႔ၾကံဳေနရ

ပလက္ဝၿမိဳ႕တြင္ ဆန္တစ္အိတ္ကို ခုနွစ္ေသာင္းက်ပ္အထိ ေပးဝယ္ေနရ ၿပီျဖစ္ၿပီး မၾကာမွီရက္ပိုင္းအတြင္း စားနပ္ရိကၡာ ျပတ္လပ္သြား နိုင္ေခ်နွင့္ ရင္ဆိုင္ႏုိင္ေၾကာင္း ပလက္ဝ ခူမီးလူငယ္အဖြဲ႔မွ တြဲဖက္အတြင္းေရးမွဴး ဦးေအာင္စုိးကေျပာသည္။

ပလက္ဝ ခူမီးလူငယ္အဖြဲ႔မွ တြဲဖက္အတြင္းေရးမွဴး ဦးေအာင္စိုးက “စားဝတ္ေနေရးက ဘယ္လုိမွ အဆင္မေျပေတာ့ဘူး ခါတိုင္းပလက္ဝၿမိဳ႕ကို တစ္အိတ္ကို ႏွစ္ေသာင္းခဲြေလာက္နဲ႔ ေရာက္ေနတဲ႔ ဆန္အိတ္က ခုႏွစ္ေသာင္းေလာက္ရွိေနၿပီ ဝယ္ဖို႔ေနရာေတာင္ မရွိဘူးလုိ႔ ဆိုရမယ္ လူတိုင္းလုိလိုမွာ တစ္ရက္ ႏွစ္ရက္စာ ေလာက္ေတာ့ စားဖုိ႔ဆန္ေတာ့ ရွိၾကေပမဲ႔ ေနာက္အပတ္အတြင္း ဆိုရင္ လံုးဝျပတ္လပ္သြားႏုိင္တဲ႔ အေျခေနျဖစ္တယ္”ဟုေျပာသည္။

လက္ရွိပလက္ဝၿမိဳ႕ ကုန္ေစ်းနႈန္းတြင္ ဆန္အညံ့ တစ္အိတ္တြင္ ခုႏွစ္ေသာင္းခြဲေက်ာ္ ရွိေနၿပီး ၾကက္သြန္နီ တစ္ပိသာ တြင္ က်ပ္တစ္ေသာင္း ေက်ာ္ရွိေနၿပီး အျခား စားေသာက္ကုန္မ်ားလည္း အရင္ေစ်းႏႈန္းထက္ သံုးေလးဆ တက္သြားေၾကာင္း သိရသည္။

ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္တုိ႔အၾကား တိုက္ပြဲမ်ား ေန႔စဥ္ျဖစ္ပြားေလ႔ရွိၿပီး ေဒသမျငိမ္းခ်မ္းမႈမ်ားေၾကာင့္ ကုန္းလမ္း ေရေၾကာင္းလမ္းမ်ား ပိတ္ထားရၿပီး ကုန္ေစ်းႏႈန္းမ်ား အဆမတန္တတ္ေနကာ စားဝတ္ေနေရး အခက္ခဲၾကံဳေနရသည့္ ပလက္ဝေဒသအတြက္ ခ်င္းျပည္နယ္အစိုးရအေနျဖင့္ အတတ္ႏုိင္ဆံုး ကူညီေဆာင္ရြက္သြားမည္ဟု သိရသည္။

စည္ပင္ဝန္ၾကီး ဦးစိုးထက္က “ျပည္နယ္အစိုးရ အေနနဲ႔ ျပည္ေထာင္စုကို တင္ျပထားတယ္ ေနာက္ၿပီးေတာ့ သက္ဆုိင္ရာ လံုျခံဳေရး အဖြဲ႔အစည္းေတြနဲ႔လည္း ညိွႏႈိင္းၿပီးေတာ့ စစ္ေတြ၊ ေက်ာက္ေတာ္ကေန သယ္ႏုိင္ဖုိ႔ရယ္ ဆမီးဖက္ကေန သယ္ႏုိင္ဖို႔ရယ္ ၾကိဳစားေနတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕နယ္ခြဲတြင္ ဆန္အိတ္ေပါင္း ေျခာက္ရာဝန္းက်င္ရွိ ေသာ္လည္း နယ္ေျမမလံုျခံဳမႈ မ်ားေၾကာင့္ ေဒသခံမ်ား အေနျဖင့္ ဆန္မ်ားကို အနည္းငယ္ဆီျဖင့္ သယ္ယူေနရေၾကာင္းလည္း ေဒသခံမ်ား ေျပာျပခ်က္အရ သိရသည္။

ပလက္ဝၿမိဳ႕ ေဒသခံ ဦးဘူးထန္ပိုင္က “ဆမီးဖက္ကေန ေပၚေပၚတင္တင္မဟုတ္ဘဲနဲ႔ ေတာင္းေလးေတြနဲ႔ သယ္ေနရတယ္ အခုက ရခိုင္ေရာ ခ်င္းေရာဒုကၡေရာက္တာဘဲ လမ္းေၾကာင္းကိုေတာ့ မေႏွာက္ယွက္ေပးသင့္ဘူး”ဟုေျပာသည္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္တုိ႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနမႈေၾကာင့္ ေဖေဖာ္ဝါရီလ ပထမအပတ္တြင္ ေက်ာက္ေတာ္ႏွင့္ ပလက္ဝၿမိဳ႕ေရလမ္းေၾကာင္း သြားလာမႈ ရပ္ဆုိင္းခဲ႔ရၿပီး မိုင္ ၂၀၀ ခန္႔ေဝးသည့္ ကုန္းလမ္းျဖင့္ စားနပ္ရိကၡာပို္႔ ေဆာင္ေနရျခင္း ျဖစ္သည္။

ပလက္ဝၿမိဳ႕ေပၚတြင္ စားနပ္ရိကၡာ ျပတ္လပနသည့္အျပင္ လက္နက္ၾကီးသံမ်ား ေန႔စဥ္ၾကားေနရၿပီး ေဒသခံမ်ား အေနျဖင့့္္ စိုးရိမ္ထိတ္လန္႔ ေနၾကေၾကာင္းလည္း သိရသည္။