Input your search keywords and press Enter.

ပလက်မြို့နယ်အတွက် စားနပ်ရိက္ခာ ပို့ဆောင်နိုင်ရေး အဖွဲ့ (၄) ဖွဲ့ပူပေါင်းစီစဉ်နေဟု ချင်းနယ်လုံဝန်ကြီးပြော

Salai C Lian

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)အကြား စစ်ရေးတင်းမာနေမှုကြောင့် ရေကြောင်း၊ ကုန်းကြောင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်းခံရပြီး စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နိုင်ရန် အဖွဲ့(၄) ဖွဲ့ပေါင်းစပ် စီစဉ်ထားကြောင်း ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ထံမှ သိရသည်။

“ကျွန်တော်တို့ ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ ရခိုင်ပြည်နယ် အစိုးရနှင့် ချင်းပြည်နယ် အစိုးရ ပူးပေါင်းစပ်ပြီး အမြန်ဆုံး ဆောင်ရွက်မယ်၊ ကျွန်တော်တို့ (၄) ဖွဲ့လုံးက ညွှန်ကြားချက်လာပါပြီ အမြန်ဆုံးဆောင်ရွက်မယ်၊ ပြီးတော့ ကျွန်တော်တို့ ဆန်တွေကို စစ်တွေမှ စုပုံထားတယ်၊ ကျောက်တော်မှာ စုပုံထားတယ်၊ ဆမီးမှာလည်း စုပုံထားတယ်၊ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်” ဟု ချင်းပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလမ်မှူးကြီး ဟန်ဝင်းအောင်က ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများနဲ့ အရေးကြီးသည့် စာရွက်စာတမ်းများကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေပြီး၊ စားနပ်ရိက္ခာများ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခွင့် ရှိ/မရှိ ကိုမူ ပြောပိုင်ခွင့် မရှိကြောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင် ကပြောသည်။

ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က “ဒီထက်ပိုအရေးကြီးတဲ့ စားမေးပွဲ မေးခွန်းတွေ၊ ဝန်ထမ်းလစာတွေကိုတော့ ကျွန်တော်တို့ ရဟတ်ယာဉ်နဲ့ လိုက်ပို့ပေးတယ်၊ စားနပ်ရက္ခာကိုတော့ ကျွန်တော်မှာ ဖြေဆိုခွင့်မရှိဘူး” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ် အစိုးရအနေဖြင့် ပလက်ဝမြို့နယ် အခက်ခဲကြုံနေရသော ပြည်သူများအား ထောက်ပံ့မှုပေးနိုင်ရန် လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး၊ နယ်မြေလုံခြုံမှသာ ပို့ဆောင်နိုင်မည်ဟု ချင်းပြည်နယ် ပြောရေးဆိုခွင့် ရှိသူစည်ပင် ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ကျွန်တော်တော်တို့ လက်ရှိအဓိကတော့ ဆန်ပို့နိုင်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ လုံခြုံရေးအခြေအနေအရ သွားလို့မရဘူးဖြစ်နေတယ်၊ တကယ်လို့ ကျွန်တော်တို့ ဆန်ကိုပို့လို့ရှိရင် အေအေတွေက လမ်းမှာဖြတ်ဖြတ်ယူသွားတယ်၊ အရင်ကလည်း ကားတွေမီးရှို့တာတွေရှိတယ်၊ ဆန်တွေကို ပို့နိုင်ဖို့ ပြည်ထောင်စုကို ကျွန်တော်တို့ တင်ထားတယ်၊ ပြည်ထောင်စုက လုံခြုံရေးလုပ်ပေးမှ ရမယ်” ဟု ပြောသည်။

ဝန်ကြီး ဦးစိုးထက်မှ ဆက်ပြီး “ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ လုပ်မဲ့လုပ်ငန်းကို အကုန်လုံးလုပ်ခဲ့ပြီ၊ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်မှာ အရေးကြီး၊ အရေးပေါ်အဆိုတင်သွင်းမှ ရမယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ စစ်းဘေးရှောင်တွေအတွက်နဲ့၊ ရောင်းဖို့အတွက် ဆန်အိပ်တွေကို စစ်တွေမှာ အများကြီးပုံထားတယ်၊ ဆမီးမှာလည်း ဆန်အိတ် ၆၀၀ လောက်ရှိတယ်၊ အဓိကတော့ ဆမီး-ပလက်ဝကြား လုံခြုံရေးမလုပ်ပေးနိုင်လို့ ဖြစ်နေတယ်” ဟု ဆိုသည်။

ယင်းအကြောင်းနဲ့ ပတ်သက်ပြီး ပလက်ဝမြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ပြေမင်းက ပြည်ထောင်စုအစိုးရအနေဖြင့် ထောက်ပံ့ရေးပို့ပေးနိုင်ရန် လိုအပ်ရင် ရဟတ်ယဉ်ကို သုံးသင့်ကြောင်း မှတ်ချက်ပြုလိုက်သည်။

ဦးပြေမင်းမှ “ကျွန်တော်တို့အနေနဲ့ကတော့ တက်နိုင်သလောက် ဖိအားပေးတာတို့ လုပ်တယ်၊ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ချင်းပြည်နယ် အစိုးရကို လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ဆောင်ရွက်သင့်တယ်လို့ ပြောထားပြီးပြီ၊ အရေးကြီးအဆိုကိုတော့ ပြည်ထောင်စုအဆင့်မှာပဲ တင်ပြသင့်တယ်လို့ ထင်တယ်၊ ပြီးတော့ လက်ရှိကြုံနေတဲ့ဟာကို ဖြေရှင်းဖို့ နောက်ဆုံးအခြေအနေနဲ့ လိုအပ်ရင် ရဟတ်ယာဉ်ကိုပါ သုံးသင့်တယ်၊ ပြီးတော့ ကျွန်တော်အနေနဲ့က ဖြစ်နိုင်ရင် ခုဖြစ်နေတဲ့ ကိစ္စတွေကို စားပွဲမှာ ထိုင်ပြီး အမြန်ဆုံးဖြေရှင်းစေချင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် အေအေကြား စစ်းရေးတင်းမာနေမှုကြောင့် ကုန်သွယ်ရေးလမ်းဖြစ်သည့် ကုန်း၊ရေလမ်းကို တစ်လကျော်ပိတ်ခံခဲ့ရပြီး၊ ဒေသအတွင်း စားသောက်ကုန်များ စံချိန်တင်ဈေးတက်နေပြီး ဝယ်ယူဖို့ လိုက်ရှာနေရကြောင်း သိရသည်။

Zawgyi Version

ပလက္ၿမိဳ႕နယ္အတြက္ စားနပ္ရိကၡာ ပို႔ေဆာင္နိုင္ေရး အဖြဲ႕ (၄) ဖြဲ႕ပူေပါင္းစီစဥ္ေနဟု ခ်င္းနယ္လုံဝန္ႀကီးေျပာ

ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္(AA)အၾကား စစ္ေရးတင္းမာေနမႈေၾကာင့္ ေရေၾကာင္း၊ ကုန္းေၾကာင္းႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္း ပိတ္ထားျခင္းခံရၿပီး စားနပ္ရိကၡာမ်ား သယ္ယူပို႔ေဆာင္နိုင္ရန္ အဖြဲ႕(၄) ဖြဲ႕ေပါင္းစပ္ စီစဥ္ထားေၾကာင္း ခ်င္းျပည္နယ္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး ဟန္ဝင္းေအာင္ ထံမွ သိရသည္။

“ကၽြန္ေတာ္တို႔ ပို႔ေဆာင္ေရး၊ ကာကြယ္ေရး၊ ရခိုင္ျပည္နယ္ အစိုးရႏွင့္ ခ်င္းျပည္နယ္ အစိုးရ ပူးေပါင္းစပ္ၿပီး အျမန္ဆုံး ေဆာင္ရြက္မယ္၊ ကၽြန္ေတာ္တို႔ (၄) ဖြဲ႕လုံးက ညႊန္ၾကားခ်က္လာပါၿပီ အျမန္ဆုံးေဆာင္ရြက္မယ္၊ ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဆန္ေတြကို စစ္ေတြမွ စုပုံထားတယ္၊ ေက်ာက္ေတာ္မွာ စုပုံထားတယ္၊ ဆမီးမွာလည္း စုပုံထားတယ္၊ ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ေနပါတယ္” ဟု ခ်င္းျပည္နယ္ နယ္/လုံ ဝန္ႀကီး ဗိုလမ္မႉးႀကီး ဟန္ဝင္းေအာင္က ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ျပည္သူ႔ဝန္ထမ္းမ်ားနဲ႔ အေရးႀကီးသည့္ စာရြက္စာတမ္းမ်ားကို ရဟတ္ယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေနၿပီး၊ စားနပ္ရိကၡာမ်ား ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ခြင့္ ရွိ/မရွိ ကိုမူ ေျပာပိုင္ခြင့္ မရွိေၾကာင္း ဗိုလ္မႉးႀကီး ဟန္ဝင္းေအာင္ ကေျပာသည္။

ဗိုလ္မႉးႀကီး ဟန္ဝင္းေအာင္က “ဒီထက္ပိုအေရးႀကီးတဲ့ စားေမးပြဲ ေမးခြန္းေတြ၊ ဝန္ထမ္းလစာေတြကိုေတာ့ ကၽြန္ေတာ္တို႔ ရဟတ္ယာဥ္နဲ႔ လိုက္ပို႔ေပးတယ္၊ စားနပ္ရကၡာကိုေတာ့ ကၽြန္ေတာ္မွာ ေျဖဆိုခြင့္မရွိဘူး” ဟု ေျပာသည္။

ထို႔ျပင္ ခ်င္းျပည္နယ္ အစိုးရအေနျဖင့္ ပလက္ဝၿမိဳ႕နယ္ အခက္ခဲၾကဳံေနရေသာ ျပည္သူမ်ားအား ေထာက္ပံ့မႈေပးနိုင္ရန္ လုပ္သင့္လုပ္ထိုက္သည့္ လုပ္ငန္းမ်ား ေဆာင္ရြက္ေနၿပီျဖစ္ၿပီး၊ နယ္ေျမလုံျခဳံမွသာ ပို႔ေဆာင္နိုင္မည္ဟု ခ်င္းျပည္နယ္ ေျပာေရးဆိုခြင့္ ရွိသူစည္ပင္ ဝန္ႀကီး ဦးစိုးထက္က ေျပာသည္။

ဝန္ႀကီး ဦး စိုးထက္က “ကၽြန္ေတာ္ေတာ္တို႔ လက္ရွိအဓိကေတာ့ ဆန္ပို႔နိုင္ဖို႔ ႀကိဳးစားတယ္၊ ဒါေပမဲ့ လုံျခဳံေရးအေျခအေနအရ သြားလို႔မရဘူးျဖစ္ေနတယ္၊ တကယ္လို႔ ကၽြန္ေတာ္တို႔ ဆန္ကိုပို႔လို႔ရွိရင္ ေအေအေတြက လမ္းမွာျဖတ္ျဖတ္ယူသြားတယ္၊ အရင္ကလည္း ကားေတြမီးရွို႔တာေတြရွိတယ္၊ ဆန္ေတြကို ပို႔နိုင္ဖို႔ ျပည္ေထာင္စုကို ကၽြန္ေတာ္တို႔ တင္ထားတယ္၊ ျပည္ေထာင္စုက လုံျခဳံေရးလုပ္ေပးမွ ရမယ္” ဟု ေျပာသည္။

၀န္ႀကီး ဦးစိုးထက္မွ ဆက္ၿပီး “ကၽြန္ေတာ္တို႔ ျပည္နယ္အစိုးရအေနနဲ႔ကေတာ့ လုပ္မဲ့လုပ္ငန္းကို အကုန္လုံးလုပ္ခဲ့ၿပီ၊ ၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း လႊတ္ေတာ္မွာ အေရးႀကီး၊ အေရးေပၚအဆိုတင္သြင္းမွ ရမယ္၊ ကၽြန္ေတာ္တို႔ ျပည္နယ္အစိုးရအေနနဲ႔ စစ္းေဘးေရွာင္ေတြအတြက္နဲ႔၊ ေရာင္းဖို႔အတြက္ ဆန္အိပ္ေတြကို စစ္ေတြမွာ အမ်ားႀကီးပုံထားတယ္၊ ဆမီးမွာလည္း ဆန္အိတ္ ၆၀၀ ေလာက္ရွိတယ္၊ အဓိကေတာ့ ဆမီး-ပလက္ဝၾကား လုံျခဳံေရးမလုပ္ေပးနိုင္လို႔ ျဖစ္ေနတယ္” ဟု ဆိုသည္။

ယင္းအေၾကာင္းနဲ႔ ပတ္သက္ၿပီး ပလက္ဝၿမိဳ႕၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦး ေျပမင္းက ျပည္ေထာင္စုအစိုးရအေနျဖင့္ ေထာက္ပံ့ေရးပို႔ေပးနိုင္ရန္ လိုအပ္ရင္ ရဟတ္ယဥ္ကို သုံးသင့္ေၾကာင္း မွတ္ခ်က္ျပဳလိုက္သည္။

ဦးေျပမင္းမွ “ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ တက္နိုင္သေလာက္ ဖိအားေပးတာတို႔ လုပ္တယ္၊ ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ခ်င္းျပည္နယ္ အစိုးရကို လုပ္သင့္လုပ္ထိုက္တဲ့ဟာကို ေဆာင္ရြက္သင့္တယ္လို႔ ေျပာထားၿပီးၿပီ၊ အေရးႀကီးအဆိုကိုေတာ့ ျပည္ေထာင္စုအဆင့္မွာပဲ တင္ျပသင့္တယ္လို႔ ထင္တယ္၊ ၿပီးေတာ့ လက္ရွိၾကဳံေနတဲ့ဟာကို ေျဖရွင္းဖို႔ ေနာက္ဆုံးအေျခအေနနဲ႔ လိုအပ္ရင္ ရဟတ္ယာဥ္ကိုပါ သုံးသင့္တယ္၊ ၿပီးေတာ့ ကၽြန္ေတာ္အေနနဲ႔က ျဖစ္နိုင္ရင္ ခုျဖစ္ေနတဲ့ ကိစၥေတြကို စားပြဲမွာ ထိုင္ၿပီး အျမန္ဆုံးေျဖရွင္းေစခ်င္တယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ေအေအၾကား စစ္းေရးတင္းမာေနမႈေၾကာင့္ ကုန္သြယ္ေရးလမ္းျဖစ္သည့္ ကုန္း၊ေရလမ္းကို တစ္လေက်ာ္ပိတ္ခံခဲ့ရၿပီး၊ ေဒသအတြင္း စားေသာက္ကုန္မ်ား စံခ်ိန္တင္ေဈးတက္ေနၿပီး ဝယ္ယူဖို႔ လိုက္ရွာေနရေၾကာင္း သိရသည္။