Input your search keywords and press Enter.

ပလက်ဝစစ်ဘေးဒုက္ခသည်များကူညီထောက်ပ့ံနိုင်ရေးအတွက် Coffee Night ပြုလုပ်ပြီး ရန်ပုံငွေရှာမည်

Shing Mang

ဟားခါးမြို့တွင် ပလက်ဝကျောင်းသားများဦးဆောင်ပြီး ပလက်ဝစစ်ဘေးဒုက္ခသည်များအတွက် လာမည့်တနင်္ဂနွေနေ့တွင် မြို့သစ်ရပ်ကွက် မိတ်သဟာယ ခရစ်ယာန်ဘုရားကျောင်းတွင် Coffee Night ဖြင့် ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်းသိရသည်။

“ဟားခါးမှာရှိတဲ့ ကျွန်တော်တို့ ကျောင်းသားတွေက ဒီဒုက္ခရောက်တဲ့ သူတွေအတွက် ဒီကနေ ဘာမှလုုပ်ပေးနိုင်တာမရှိဘူး၊ အခုဟာက ဟားခါးမှာရှိတဲ့ ပလက်ဝကျောင်းသားတွေအားလုံးစုပြီး အခုလိုလုပ်ရတာဖြစ်ပါတယ်၊ ရောင်းလို့ရတဲ့ဟာကို ပလက်ဝစစ်ဘေးးဒုက္ခသည်တွေ အတွက်လှူမယ်၊ကျွန်တော်တို့ အဲဒီမှာ ရောင်းပြီး ရသမျှကို ထောက်ပံ့ပေးသွားမှာပါ “ဟု ရန်ပုံငွေရှာဖွေရေးတာဝန်ခံ ဖိုးကာမှပြောသည်။

Coffee Night တွင် Coffee နှင့်မုန့် ရောင်းချ သွားမည်ဖြစ်ပြီး လက်မှတ်အဆောင်ရေ နှစ်ထောင် ရောင်းချထားကြောင်းသိရသည်။ ယခု ရန်ပုံငွေရှာခြင်းသည် ပလက်ဝ စစ်ဘေးဒုက္ခသည် များအတွက် ဒုတိယအကြိမ် ရန်ပုံငွေရှာခြငး် ဖြစ်ကြောင်းလည်း သိရသည်။

ဖိုးကာမှ ဆက်ပြီး “ အရင်တုန်းက ဆိုင်ကယ်ရေဆေး လုပ်ပြီး ရန်ပုံငွေရှာခဲ့တယ် ၊ အခုက ဒုတိယအကြိမ် ရှာတာပါ ကျွန်တော်တို့မှန်းထားသလောက် ရမှ လှူသွားမှာဖြစ်တယ်၊ ကျွန်တော်တို့မှန်းထားတာက သိန်း ၂၀ လောက်ထွက်ဖို့တော့ မှန်းထားတယ် ၊ အဲလောက် ရရင် တစ်ခါတည်း လှူသွားမှာပါ “ ဟု ပြောသည်။

Coffee Night ကို ဟားခါးမြို့သစ် ဘုရားကျောင်း သာသနာ့ ခန်းမတွင် တနင်္ဂနွေနေ့ ညနေပိုင်း ၆နာရီ မှ ည ၉နာရီ ထိပြုလုပ်သွားမှာဖြစ်သည်။ ယခု ဟားခါးမြို့တွင် ပလက်ဝမြို့နယ်မှ ကျောင်းလာတက်သည့် ကျောင်းသားဦးရေ ၇၀ ကျော်ခန့် ရှိကြောင်းလည်း သိရသည်။

Zawgyi Version

ပလက္ဝစစ္ေဘးဒုကၡသည္မ်ားကူညီေထာက္ပ့ံနိုင္ေရးအတြက္ Coffee Night ျပဳလုပ္ျပီး ရန္ပံုေငြရွာမည္

ဟားခါးျမိဳ႕တြင္ ပလက္ဝေက်ာင္းသားမ်ားဦးေဆာင္ျပီး ပလက္ဝစစ္ေဘးဒုကၡသည္မ်ားအတြက္ လာမည့္တနဂၤေႏြေန႔တြင္ ျမိဳ႕သစ္ရပ္ကြက္ မိတ္သဟာယ ခရစ္ယာန္ဘုရားေက်ာင္းတြင္ Coffee Night ျဖင့္ ရန္ပံုေငြရွာေဖြမည္ျဖစ္ေၾကာင္းသိရသည္။

“ဟားခါးမွာရွိတဲ့ ကၽြန္ေတာ္တို႔ ေက်ာင္းသားေတြက ဒီဒုကၡေရာက္တဲ့ သူေတြအတြက္ ဒီကေန ဘာမွလုုပ္ေပးနိုင္တာမရွိဘူး၊ အခုဟာက ဟားခါးမွာရွိတဲ့ ပလက္ဝေက်ာင္းသားေတြအားလံုးစုျပီး အခုလိုလုပ္ရတာျဖစ္ပါတယ္၊ ေရာင္းလို႔ရတဲ့ဟာကို ပလက္ဝစစ္ေဘးးဒုကၡသည္ေတြ အတြက္လွဴမယ္၊ကၽြန္ေတာ္တို႔ အဲဒီမွာ ေရာင္းျပီး ရသမ်ွကို ေထာက္ပံ့ေပးသြားမွာပါ “ဟု ရန္ပံုေငြရွာေဖြေရးတာဝန္ခံ ဖိုးကာမွေျပာသည္။

Coffee Night တြင္ Coffee ႏွင့္မုန္႔ ေရာင္းခ် သြားမည္ျဖစ္ျပီး လက္မွတ္အေဆာင္ေရ နွစ္ေထာင္ ေရာင္းခ်ထားေၾကာင္းသိရသည္။ ယခု ရန္ပံုေငြရွာျခင္းသည္ ပလက္ဝ စစ္ေဘးဒုကၡသည္ မ်ားအတြက္ ဒုတိယအၾကိမ္ ရန္ပံုေငြရွာျခငး္ ျဖစ္ေၾကာင္းလည္း သိရသည္။

ဖိုးကာမွ ဆက္ျပီး “ အရင္တုန္းက ဆိုင္ကယ္ေရေဆး လုပ္ျပီး ရန္ပံုေငြရွာခဲ့တယ္ ၊ အခုက ဒုတိယအၾကိမ္ ရွာတာပါ က်ြန္ေတာ္တို႔မွန္းထားသေလာက္ ရမွ လွဴသြားမွာျဖစ္တယ္၊ ကၽြန္ေတာ္တို႔မွန္းထားတာက သိန္း ၂၀ ေလာက္ထြက္ဖို႔ေတာ့ မွန္းထားတယ္ ၊ အဲေလာက္ ရရင္ တစ္ခါတည္း လွဴသြားမွာပါ “ ဟု ေျပာသည္။

Coffee Night ကို ဟားခါးျမိဳ႕သစ္ ဘုရားေက်ာင္း သာသနာ့ ခန္းမတြင္ တနဂၤေႏြေန႔ ညေနပိုင္း ၆နာရီ မွ ည ၉နာရီ ထိျပဳလုပ္သြားမွာျဖစ္သည္။ ယခု ဟားခါးျမိဳ႕တြင္ ပလက္ဝျမိဳ႕နယ္မွ ေက်ာင္းလာတက္သည့္ ေက်ာင္းသားဦးေရ ၇၀ ေက်ာ္ခန္႔ ရွိေၾကာင္းလည္း သိရသည္။