Input your search keywords and press Enter.

ကလေး-ဟားခါးလမ်းပိုင်း နိုင်လွန်ကတ္တရာလမ်းဖောက်လုပ်ရာတွင် ကမ္ဘာ့ဘဏ်မှ အရေးကြီးသည့်အပိုင်းများကိုသာ တာဝန်ယူမည်ဟုဆို

Salai Khup Khup

ကလေး-ဟားခါးလမ်း နိုင်လွန်ကတ္တရာလမ်းအဖြစ်ဖောက်လုပ်ရာတွင် ကမ္ဘာ့ဘဏ်မှ အရေးကြီးသည့်အပိုင်းများကိုသာ တာဝန်ယူမည်ဖြစ်ပြီး ကျန်သည့်အပိုင်းများကို ပြည်ထောင်စု နှင့် ပြည်နယ်ဘတ်ဂျက်များဖြင့် ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ချင်းတောင်အစပ်ကနေပြီးတော့ ဖောက်မဲ့ဟာက ဖလမ်းထိတောင်မရောက်ဘူး၊ ဒါပေမဲ့ အရေးကြီးတဲ့ နေရာတွေကိုတော့ လုပ်မှာဖြစ်တယ် ကျန်တဲ့အပိုင်းကိုတော့ နိုင်ငံတော် ဘတ်ဂျက်နဲ့လည်း လုပ်မယ် ပြည်နယ် ဘတ်ဂျက်နဲ့လည်း လုပ်မှာဖြစ်တယ် ကမ္ဘာ့ဘဏ်က လုပ်မယ်ဆိုတော့ ပြည်နယ်ဘတ်ဂျက်ကလည်း သိပ်မထည့်ဖြစ်တာဖြစ်တယ်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ဟုပြောသည်။

ကမ္ဘာ့ဘဏ်အကူညီဖြင့် ဖောက်လုပ်မည့် ကလေး-ဟားခါး လမ်းမကြီးကို ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကလေးမြို့အဆုံး ချင်းပြည်နယ်အစမှ ဖောက်လုပ်မည် ဖြစ်ပြီး ဖောက်လုပ်မှု အပိုင်းတွင် ဖလမ်းမြို့မရောက်ရှိဘဲ အရေးကြီးသည့် အပိုင်းများကိုသာ ဖောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘာ့ဘဏ် Department of Highway (DOH)၏ ပြောကြားချက်အရ မတ်လ ၂၀၂ဝခုနှစ်တွင် ကွင်းဆင်းမှုပြုမည်ဖြစ်ပြီး လူထုနားလည်စေရန် နစ်နာသူများ နစ်နာကြေးများတောင်းခံလွှာ ဖောင်များကို အသေအချာ ပြန်လည်ရှင်းပြမည်ဖြစ်ပြီး ဧပြီလ ၂၀၂ဝတွင်လည်း နစ်နာကြေး လျော်ကြေးငွေများကို အပြီးပေးချေဖြေရှင်း သွားမည်ဟုသိရသည်။

ဝန်ကြီး ဦးစိုးထက်က “၂၀၁၆-၁၇ ခုနှစ်ကတည်းက ကမ္ဘာ့ဘဏ်က လုပ်ဖို့ဖြစ်တယ် လမ်းကြောင်းမှာ ရှင်းရမဲ့ လျော်ကြေး ပေးရမှာတို့ လမ်းကြောင်းဖောက်လုပ်တဲ့ အခါ လျော်ကြေးပေးရမှာနဲ့ မြို့ရွာဒေသခံလူထု တွေရဲ့ သဘောထား စစ်တမ်းတွေ ယူတဲ့အခါကျတော့ အကြောင်းရာ တစ်ခုကြောင့် ဒီမှာမလုပ်တော့ဘဲနဲ့ အခြား စီမံကိန်းတစ်ခုဖက်ကို ပြောင်းလိုက်တယ်။ ဒီလိုမဟုတ်ဘူး ဒီဒေသခံတွေက ဒါကိုလိုလားတယ်လို့ ပြန်ချိတ်လိုက်တဲ့အခါကျတော့ ၂၀၁၈ခုနှစ်မှာ လုပ်မယ်ပြောတယ် ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကူညီ လုပ်ထုံးလုပ်နည်းကများတယ်ဆိုတော့ ကြန့်ကြာသွားတယ် အခုတော့လုပ်ဖို့ စီစဉ်နေတဲ့အပိုင်း နောက်ပြီးတော့ နိုင်ငံတော်နဲ့တော့ သဘောတူထားတယ် အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်နဲ့ လုပ်ပေးမယ်လို့ ပြောတယ် နောက်ပြီးတော့ ကမ္ဘာ့ဘဏ်ကလည်း ဒီနှစ်အထဲ ဝင်လိမ့်မယ်လို့ထင်တယ်”ဟုပြောသည်။

ကလေး-ဟားခါးလမ်းမကြီး ဖောက်လုပ်မှု စီမံကိန်းကို ဆောက်လုပ်ရေးအဖွဲ့ ချင်းအရပ်ဖက် အဖွဲ့အစည်း သတင်းမီဒီယာများအပါဝင် ဒေသခံအများစုများမှ ကမ္ဘာ့ဘဏ်မှ အတိုးနှုန်း အနည်းဆုံးဖြင့် ကူညီပုံဖော်မှု အဆင့်ဆင့်ကို အသေးစိတ် မသိသေးကြောင်းနှင့် Cardno နှင့် Department of Highway (DOH)မှ လူထုတွေ့ဆုံပွဲများတွင် လူထုနားလည်ရန် ရှင်းပြမှုအားနည်းခဲ့သည့်အတွက် လက်ရှိ စီမံချက်ကြောင့် အမှန်တကယ်နစ်နာသူ အများအပြားရှိနေသေးကြောင်း Department of Highway (DOH) အမြင်သုံးသပ်ချက် ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version

ကေလး-ဟားခါးလမ္းပိုင္း ႏိုင္လြန္ကတၱရာလမ္းေဖာက္လုပ္ရာတြင္ ကမာၻ႔ဘဏ္မွ အေရးႀကီးသည့္အပိုင္းမ်ားကိုသာ တာ၀န္ယူမည္ဟုဆို

ကေလး-ဟားခါးလမ္း ႏိုင္လြန္ကတၱရာလမ္းအျဖစ္ေဖာက္လုပ္ရာတြင္ ကမာၻ႔ဘဏ္မွ အေရးႀကီးသည့္အပိုင္းမ်ားကိုသာ တာ၀န္ယူမည္ျဖစ္ၿပီး က်န္သည့္အပိုင္းမ်ားကို ျပည္ေထာင္စု နွင့္ ျပည္နယ္ဘတ္ဂ်က္မ်ားျဖင့္ ေဆာင္ရြက္သြားမည္ဟု ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆုိခြင့္ရွိသူ ဝန္ၾကီးဦးစိုးထက္ကေျပာသည္။

“ခ်င္းေတာင္အစပ္ကေနၿပီးေတာ့ ေဖာက္မဲ႔ဟာက ဖလမ္းထိေတာင္မေရာက္ဘူး၊ ဒါေပမဲ႔ အေရးၾကီးတဲ႔ ေနရာေတြကိုေတာ့ လုပ္မွာျဖစ္တယ္ က်န္တဲ႔အပိုင္းကိုေတာ့ ႏုိင္ငံေတာ္ ဘတ္ဂ်က္နဲ႔လည္း လုပ္မယ္ ျပည္နယ္ ဘတ္ဂ်က္နဲ႔လည္း လုပ္မွာျဖစ္တယ္ ကမာၻ႔ဘဏ္က လုပ္မယ္ဆုိေတာ့ ျပည္နယ္ဘတ္ဂ်က္ကလည္း သိပ္မထည့္ျဖစ္တာျဖစ္တယ္”ဟု စည္ပင္ဝန္ၾကီး ဦးစိုးထက္က ဟုေျပာသည္။

ကမာၻ႔ဘဏ္အကူညီျဖင့္ ေဖာက္လုပ္မည့္ ကေလး-ဟားခါး လမ္းမၾကီးကို ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနေသာ ကေလးၿမိဳ႕အဆံုး ခ်င္းျပည္နယ္အစမွ ေဖာက္လုပ္မည္ ျဖစ္ၿပီး ေဖာက္လုပ္မႈ အပိုင္းတြင္ ဖလမ္းၿမိဳ႕မေရာက္ရွိဘဲ အေရးၾကီးသည့္ အပိုင္းမ်ားကိုသာ ေဖာက္လုပ္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

ကမာၻ႔ဘဏ္ Department of Highway (DOH)၏ ေျပာၾကားခ်က္အရ မတ္လ ၂၀၂၀ခုႏွစ္တြင္ ကြင္းဆင္းမႈျပဳမည္ျဖစ္ၿပီး လူထုနားလည္ေစရန္ နစ္နာသူမ်ား နစ္နာေၾကးမ်ားေတာင္းခံလႊာ ေဖာင္မ်ားကို အေသအခ်ာ ျပန္လည္ရွင္းျပမည္ျဖစ္ၿပီး ဧၿပီလ ၂၀၂၀တြင္လည္း နစ္နာေၾကး ေလ်ာ္ေၾကးေငြမ်ားကို အၿပီးေပးေခ်ေျဖရွင္း သြားမည္ဟုသိရသည္။

ဝန္ၾကီး ဦးစိုးထက္က “၂၀၁၆-၁၇ ခုႏွစ္ကတည္းက ကမာၻ႔ဘဏ္က လုပ္ဖို႔ျဖစ္တယ္ လမ္းေၾကာင္းမွာ ရွင္းရမဲ႔ ေလ်ာ္ေၾကး ေပးရမွာတုိ႔ လမ္းေၾကာင္းေဖာက္လုပ္တဲ႔ အခါ ေလ်ာ္ေၾကးေပးရမွာနဲ႔ ၿမိဳ႕ရြာေဒသခံလူထု ေတြရဲ႕ သေဘာထား စစ္တမ္းေတြ ယူတဲ႔အခါက်ေတာ့ အေၾကာင္းရာ တစ္ခုေၾကာင့္ ဒီမွာမလုပ္ေတာ့ဘဲနဲ႔ အျခား စီမံကိန္းတစ္ခုဖက္ကို ေျပာင္းလုိက္တယ္။ ဒီလုိမဟုတ္ဘူး ဒီေဒသခံေတြက ဒါကိုလိုလားတယ္လို႔ ျပန္ခ်ိတ္လုိက္တဲ႔အခါက်ေတာ့ ၂၀၁၈ခုႏွစ္မွာ လုပ္မယ္ေျပာတယ္ ဒါေပမဲ႔ ကမာၻ႔ဘဏ္ရဲ႕ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ အကူညီ လုပ္ထံုးလုပ္နည္းကမ်ားတယ္ဆိုေတာ့ ၾကန္႔ၾကာသြားတယ္ အခုေတာ့လုပ္ဖုိ႔ စီစဥ္ေနတဲ႔အပိုင္း ေနာက္ၿပီးေတာ့ ႏုိင္ငံေတာ္နဲ႔ေတာ့ သေဘာတူထားတယ္ အေမရိကန္ေဒၚလာ သန္းေျခာက္ဆယ္နဲ႔ လုပ္ေပးမယ္လုိ႔ ေျပာတယ္ ေနာက္ၿပီးေတာ့ ကမာၻ႔ဘဏ္ကလည္း ဒီႏွစ္အထဲ ဝင္လိမ္႔မယ္လုိ႔ထင္တယ္”ဟုေျပာသည္။

ကေလး-ဟားခါးလမ္းမၾကီး ေဖာက္လုပ္မႈ စီမံကိန္းကို ေဆာက္လုပ္ေရးအဖြဲ႔ ခ်င္းအရပ္ဖက္ အဖြဲ႔အစည္း သတင္းမီဒီယာမ်ားအပါဝင္ ေဒသခံအမ်ားစုမ်ားမွ ကမာၻ႔ဘဏ္မွ အတိုးႏႈန္း အနည္းဆံုးျဖင့္ ကူညီပံုေဖာ္မႈ အဆင့္ဆင့္ကို အေသးစိတ္ မသိေသးေၾကာင္းႏွင့္ Cardno ႏွင့္ Department of Highway (DOH)မွ လူထုေတြ႔ဆံုပြဲမ်ားတြင္ လူထုနားလည္ရန္ ရွင္းျပမႈအားနည္းခဲ႔သည့္အတြက္ လက္ရွိ စီမံခ်က္ေၾကာင့္ အမွန္တကယ္နစ္နာသူ အမ်ားအျပားရွိေနေသးေၾကာင္း Department of Highway (DOH) အျမင္သံုးသပ္ခ်က္ ထုတ္ျပန္ခ်က္အရ သိရသည္။