Input your search keywords and press Enter.

ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်ကြောင့် ဘာသာရေးပွဲများ မလုပ်ရန် စာထုတ်မည်ဟုဆို

Salai Benezer

တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်(စပ်) အန္တရာယ်ကြောင့် ချင်းပြည်နယ်အတွင်းတွင်လည်း ဘာသာရေးပွဲများ မလုပ်ရန် စာထုတ်အသိပေးသွားမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှပြောသည်။

“ပြည်သူပညာပေးကတော့ သီးသန့်ပေးတာတော့မရှိဘူး၊ မိုဘိုင်းလ်အသိပညာပေးတာတွေ ပိုစတာကပ်တာတွေလုပ်တယ်၊ အခုလမ်းညွှန်ချက်က လူအများစုဝေးတဲ့ပွဲလေးတွေ မလုပ်ဖို့ပေါ့၊ အခုလက်ရှိမှာဆိုရင် တပ်မတော်နေ့မလုပ်တော့ဘူး၊ လုပ်ဖို့တာကတော့ ဘာသာရေးဘက်ပေါ့၊ ခုကာလက ကျနော်တို့ခရစ်ယာန်ဆိုင် ပွဲလုပ်တဲ့ရာသီဖြစ်တယ်၊ ဒါကလည်းကျနော်တို့ စာထုတ်ဖို့ရှိတယ်၊ ပိတ်တာတော့မဟုတ်ဘူး၊ ကျန်းမာရေးရှုထောင့်အရမလုပ်သင့်ဘူး စာထုတ်ဖို့ရှိပါတယ်”ဟု လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှပြောသည်။

ချင်းပြည်အတွင်းရှိ နယ်စပ်ဂိတ်ရှိသည့်နေရာများရှိ အဝင်အထွက်ဂိတ်များတွင် ရောဂါ ရှိမရှိ တိုင်းတာမှုများကိုလည်း ဆောင်ရွက်နေပြီး သံသယရှိလူနာများတွေ့ရှိပါက ချက်ချင်းအသိပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
လက်ရှိကြုံတွေ့နေရသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှုမှ ကင်းဝေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ သရုပ်ပြခြင်းများကို ပြည်နယ်ကျန်းမားရေးဌာနမှ နေ့စဉ်ဆောင်ရွက်နေကြောင်းသိရပြီး မတ်လ ၂ရက်နေ့တွင်လည်း ဟားခါးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူများအား အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှ ဆက်ပြီး “ဒီလိုရောဂါတွေဖြစ်ရင် အားလုံးပါဝင်ပြီးတော့ လူမှုကွန်ယက်မှာ ဝေမျှရင်လည်း ဝေမျှ၊ အသင်းတော်တွေ ဘုရားကျောင်းတွေမှာဘဲပြောပြော၊ လဘ္ဘက်ရည်ဆိုင်မှာဘဲဖြစ်ဖြစ် သတင်းအချက်အလက်တွေ အားလုံးပေးနိုင်ဖို့ အရေးကြီးတယ်၊ ဒါက တစ်ဦးတစ်ယောက် ဌာနတစ်ခုတည်းရဲ့ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး အားလုံးပူးပေါင်းဆောင်ရွက်မှဘဲ အဆင်ပြေနိုင်မယ့် အနေအထားဖြစ်တယ်”ဟု ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမတွေ့ရှိသေးသော်လည်း သံသယရှိလူနာအဖြစ် စောင့်ကြည့်နေရာသူ ၄ဝကျော်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်မှာ တစ်ရုတ်နိုင်ငံမှ စတင်ကူးဖြစ်ပွား ကူးစက်လာသည့် ရောဂါဖြစ်ညပီး နိုင်ငံပေါင်း၈၇ နိုင်ငံသို့ ပြန့်နှံ့နေပြီဖြစ်ပြီး လူဦးရေ ၉၈၁၀၂ဦးအထိ ကူးစက်ခံရပြီး သေဆုံးသူ ၃၃၈၆အထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။

Zawgyi Version

ကိုရုိနာဗိုင္းရပ္(စ္)အႏၱရာယ္ေၾကာင့္ ဘာသာေရးပြဲမ်ား မလုပ္ရန္ စာထုတ္မည္ဟုဆို

တစ္ကမာၻလံုးတြင္ ကူးစက္ျပန္႔ပြားေနသည့္ ကိုရိုနာဗိုင္းရပ္(စပ္) အႏၱရာယ္ေၾကာင့္ ခ်င္းျပည္နယ္အတြင္းတြင္လည္း ဘာသာေရးပြဲမ်ား မလုပ္ရန္ စာထုတ္အသိေပးသြားမည္ဟု ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ေပါင္လြန္မင္းထန္မွေျပာသည္။

“ျပည္သူပညာေပးကေတာ့ သီးသန္႔ေပးတာေတာ့မရွိဘူး၊ မိုဘိုင္းလ္အသိပညာေပးတာေတြ ပိုစတာကပ္တာေတြလုပ္တယ္၊ အခုလမ္းညႊန္ခ်က္က လူအမ်ားစုေ၀းတဲ့ပြဲေလးေတြ မလုပ္ဖို႔ေပါ့၊ အခုလက္ရွိမွာဆိုရင္ တပ္မေတာ္ေန႔မလုပ္ေတာ့ဘူး၊ လုပ္ဖို႔တာကေတာ့ ဘာသာေရးဘက္ေပါ့၊ ခုကာလက က်ေနာ္တို႔ခရစ္ယာန္ဆိုင္ ပြဲလုပ္တဲ့ရာသီျဖစ္တယ္၊ ဒါကလည္းက်ေနာ္တုိ႔ စာထုတ္ဖို႔ရွိတယ္၊ ပိတ္တာေတာ့မဟုတ္ဘူး၊ က်န္းမာေရးရႈေထာင့္အရမလုပ္သင့္ဘူး စာထုတ္ဖို႔ရွိပါတယ္”ဟု လူမႈေရး၀န္ႀကီး ေပါင္လြန္မင္းထန္မွေျပာသည္။

ခ်င္းျပည္အတြင္းရွိ နယ္စပ္ဂိတ္ရွိသည့္ေနရာမ်ားရွိ အ၀င္အထြက္ဂိတ္မ်ားတြင္ ေရာဂါ ရွိမရွိ တိုင္းတာမႈမ်ားကိုလည္း ေဆာင္ရြက္ေနၿပီး သံသယရွိလူနာမ်ားေတြ႔ရွိပါက ခ်က္ခ်င္းအသိေပးရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။
လက္ရွိၾကံဳေတြ႔ေနရသည့္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရမႈမွ ကင္းေ၀းႏိုင္ေရး အသိပညာေပးေဆြးေႏြးပြဲႏွင့္ လက္ေတြ႔ သရုပ္ျပျခင္းမ်ားကို ျပည္နယ္က်န္းမားေရးဌာနမွ ေန႔စဥ္ေဆာင္ရြက္ေနေၾကာင္းသိရၿပီး မတ္လ ၂ရက္ေန႔တြင္လည္း ဟားခါးၿမဳိ႕ အေ၀းေျပးယာဥ္ရပ္နားစခန္းတြင္ ယာဥ္ေမာင္းမ်ား၊ ယာဥ္ေနာက္လိုက္မ်ားနွင့္ ခရီးသြားျပည္သူမ်ားအား အသိပညာေပးေဆြးေႏြးျခင္းနွင့္ လက္ေတြ႔သရုပ္ျပျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

လူမႈေရး၀န္ႀကီး ေပါင္လြန္မင္းထန္မွ ဆက္ၿပီး “ဒီလိုေရာဂါေတြျဖစ္ရင္ အားလံုးပါ၀င္ၿပီးေတာ့ လူမႈကြန္ယက္မွာ ေ၀မွ်ရင္လည္း ေ၀မွ်၊ အသင္းေတာ္ေတြ ဘုရားေက်ာင္းေတြမွာဘဲေျပာေျပာ၊ လဘၻက္ရည္ဆိုင္မွာဘဲျဖစ္ျဖစ္ သတင္းအခ်က္အလက္ေတြ အားလံုးေပးႏိုင္ဖို႔ အေရးႀကီးတယ္၊ ဒါက တစ္ဦးတစ္ေယာက္ ဌာနတစ္ခုတည္းရဲ႕ လုပ္ႏိုင္တဲ့ ကိစၥမဟုတ္ဘူး အားလံုးပူးေပါင္းေဆာင္ရြက္မွဘဲ အဆင္ေျပႏိုင္မယ့္ အေနအထားျဖစ္တယ္”ဟု ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမေတြ႔ရွိေသးေသာ္လည္း သံသယရွိလူနာအျဖစ္ ေစာင့္ၾကည့္ေနရာသူ ၄၀ေက်ာ္ရွိေၾကာင္း သိရသည္။

ကိုရိုနာဗိုင္းရပ္စ္မွာ တစ္ရုတ္ႏိုင္ငံမွ စတင္ကူးျဖစ္ပြား ကူးစက္လာသည့္ ေရာဂါျဖစ္ညပီး နိုင္ငံေပါင္း၈၇ ႏိုင္ငံသို႔ ျပန္႔ႏွံ႔ေနၿပီျဖစ္ၿပီး လူဦးေရ ၉၈၁၀၂ဦးအထိ ကူးစက္ခံရၿပီး ေသဆံုးသူ ၃၃၈၆အထိ ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။