Input your search keywords and press Enter.

ချင်းပြည်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ယခင်နှစ်များထက် ကျောင်းသား/သူ ၂၀၀၀ ကျော်တိုးလာ

Salai C Lian

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ချင်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်တိုးကြောင်း ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ပြောသည်။

ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးက ဒေါ်နှင်းကြည်က “၂၀၁၉ ခုနှစ် ချင်းပြည်နယ် တက္ကသိုယ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ စာရင်းအရ ကျား ၅၁၇၃၊ မ ၆၉၁၄ စုစုပေါင်း ၁၂၀၀၄ ရှိတယ်၊ ဒီနစ်ကတော့ ဖြေဆိုမည့်သူ စာရင်း ၁၄၁၆၅ ရှိတဲ့အတွက် ဖြေဆိုမည့် လူဦးရေကတော့ မနှစ်ကထက် ၂၀၀၀ ကျော်တိုးလာတယ်” ဟုပြောသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်း အောင်ချက်အနေဖြင့် ၁၉.၅၉ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် ဒုတိယအနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အောင်ချက် ၂၅ ရာခိုင်နှုန်းထိ မျှော်လင့်ထားကြောင်း ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ပေါင်လွင်မင်ထန်က ပြောသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွင်မင်ထန်က “၂၀၁၉-၂၀၂၀ ပညာသင်မှာကတော့ ကျွန်တော်တို့ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်းနှုန်းလောက်ကိုတော့ မျှော်မှန်းထားတယ်၊ တွန်းဇံမြို့နယ်မျိုးမှာဆိုရင် စာစစ်ဌာနတွေ (၅) ကျောင်းထိတိုးပေးတယ်၊ ဒါပေမဲ့ မနှစ်ကလိုမျိုးဆိုရင် ပလက်ဝက ဒေသအတွင်း အခြေအနေကြောင့် အောက်ချက်ဆွဲကျတာတွေရှိတယ်” ဟု ပြောသည်။

ချင်းပြည်တွင် မြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်း အောက်ချက်အများဆုံးရရှိသည့် မြို့နယ်မှာ ၂၉.၄၃ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိပြီး၊ အနည်းဆုံးရရှိသည့် ပလက်ဝမြို့နယ်မှာ၆.၈၄ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ဆက်ပြီးသူက “ပလက်ဝမြို့နယ်မှာလည်း စာစစ်ဌာန (၅) ခုရှိတယ်၊ တက္ကသိုလ်ဝင်တန်းတွေလည်း ဖြေဆိုနိုင််တဲ့ အနေအထားမှာရှိတယ်၊ ဆမီးတို့ဆိုလည်း အဆင်ပြေတယ်၊ ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ရဟတ်ယာဉ်နဲ့ မေးခွန်းတွေပို့ပေးမယ်” ဟု ပြောသည်။

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း နှစ်အလိုက် ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၁၇.၈၅၊ ၂၀၁၆ ခုနှစ်တွင် ၁၄.၃၆၊ ၂၀၁၇ ခုနှစ်တွင် ၁၉.၀၄၊ ၂၀၁၈ ခုနှစ်တွင် ၁၆.၆၄ အသီးသီးရရှိသည်။

Zawgyi Version

ခ်င္းျပည္တြင္ တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုရန္ ယခင္ႏွစ္မ်ားထက္ ေက်ာင္းသား/သူ ၂၀၀၀ ေက်ာ္တိုးလာ

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ခ်င္းျပည္နယ္အတြင္း တကၠသိုလ္ဝင္တန္း စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူ ၂၀၀၀ ေက်ာ္တိုးေၾကာင္း ခ်င္းျပည္နယ္ ျပည္နယ္ပညာေရးမႉး ေဒၚႏွင္းၾကည္က ေျပာသည္။

ခ်င္းျပည္နယ္ ျပည္နယ္ပညာေရးမႉးက ေဒၚႏွင္းၾကည္က “၂၀၁၉ ခုႏွစ္ ခ်င္းျပည္နယ္ တကၠသိုယ္ဝင္တန္း စာေမးပြဲေျဖဆိုဖို႔ စာရင္းအရ က်ား ၅၁၇၃၊ မ ၆၉၁၄ စုစုေပါင္း ၁၂၀၀၄ ရွိတယ္၊ ဒီနစ္ကေတာ့ ေျဖဆိုမည့္သူ စာရင္း ၁၄၁၆၅ ရွိတဲ့အတြက္ ေျဖဆိုမည့္ လူဦးေရကေတာ့ မႏွစ္ကထက္ ၂၀၀၀ ေက်ာ္တိုးလာတယ္” ဟုေျပာသည္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ခ်င္းျပည္နယ္သည္ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္အေနျဖင့္ ၁၉.၅၉ ရာခိုင္ႏႈန္းျဖင့္ တစ္နိုင္ငံလုံးတြင္ ဒုတိယအနိမ့္ဆုံးျဖစ္ခဲ့ၿပီး၊ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ေအာင္ခ်က္ ၂၅ ရာခိုင္ႏႈန္းထိ ေမွ်ာ္လင့္ထားေၾကာင္း ခ်င္းျပည္နယ္ လူမႈေရး ဝန္ႀကီး ေပါင္လြင္မင္ထန္က ေျပာသည္။

ခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီး ေပါင္လြင္မင္ထန္က “၂၀၁၉-၂၀၂၀ ပညာသင္မွာကေတာ့ ကၽြန္ေတာ္တို႔ ရာခိုင္ႏႈန္းအားျဖင့္ ၂၅ ရာခုိင္းႏႈန္းေလာက္ကိုေတာ့ ေမွ်ာ္မွန္းထားတယ္၊ တြန္းဇံၿမိဳ႕နယ္မ်ိဳးမွာဆိုရင္ စာစစ္ဌာနေတြ (၅) ေက်ာင္းထိတိုးေပးတယ္၊ ဒါေပမဲ့ မႏွစ္ကလိုမ်ိဳးဆိုရင္ ပလက္ဝက ေဒသအတြင္း အေျခအေနေၾကာင့္ ေအာက္ခ်က္ဆြဲက်တာေတြရွိတယ္” ဟု ေျပာသည္။

ခ်င္းျပည္တြင္ ၿမိဳ႕နယ္အလိုက္ တကၠသိုလ္ဝင္တန္း ေအာက္ခ်က္အမ်ားဆုံးရရွိသည့္ ၿမိဳ႕နယ္မွာ ၂၉.၄၃ ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးရရွိၿပီး၊ အနည္းဆုံးရရွိသည့္ ပလက္ဝၿမိဳ႕နယ္မွာ၆.၈၄ ရာခိုင္ႏႈန္းျဖစ္ေၾကာင္းသိရသည္။

ဆက္ၿပီးသူက “ပလက္ဝၿမိဳ႕နယ္မွာလည္း စာစစ္ဌာန (၅) ခုရွိတယ္၊ တကၠသိုလ္ဝင္တန္းေတြလည္း ေျဖဆိုႏိုင္္တဲ့ အေနအထားမွာရွိတယ္၊ ဆမီးတို႔ဆိုလည္း အဆင္ေျပတယ္၊ ၿပီးေတာ့ လိုအပ္တဲ့ေနရာေတြမွာ ရဟတ္ယာဥ္နဲ႔ ေမးခြန္းေတြပို႔ေပးမယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၏ တကၠသိုလ္ဝင္တန္း ႏွစ္အလိုက္ ရာခိုင္ႏႈန္းမွာ ၂၀၁၅ ခုႏွစ္တြင္ ၁၇.၈၅၊ ၂၀၁၆ ခုႏွစ္တြင္ ၁၄.၃၆၊ ၂၀၁၇ ခုႏွစ္တြင္ ၁၉.၀၄၊ ၂၀၁၈ ခုႏွစ္တြင္ ၁၆.၆၄ အသီးသီးရရွိသည္။