Input your search keywords and press Enter.

ချင်းပြည်နယ်၏ ပထမဆုံး ဘိလပ်မြေစက်ရုံအဖြစ် ဘုံဇုံးတွင်စတင်တည်ဆောက်ကြောင်းသိရ

Salai C Lian

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဘုန်းဇုံးကျေးရွာတွင် ပထမဆုံးအဖြစ် ဘုန်ဇုံး ဘိလပ်မြေစက်ရုံ စီမံကိန်း တည်ဆောက်မှုလုပ်ငန်း စတင်ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်က ပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ဘုန်ဇုံးစက်မှုဇုန်လုပ်ငန်းကတော့ အခုစနေပြီ၊ ဒီလထဲမှာ လမ်းဖောက်တာတို့ ပြီးမယ်၊ ပြီးတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေလည်း တော်တော်လေးပြီးနေပြီ၊ ကုန်ချောအဆင့်ထုတ်နိုင်ဖို့ရန်အတွက်တော့ စက်ရုံတည်တာနဲ့ အနည်းဆုံး (၂) နှစ် လောက်တော့ အချိန်ပေးရမယ်၊ လုပ်ကွက်တွေကို ABCD နဲ့ထားပြီး ကုန်ကြမ်းရနိုင်တဲ့နေရာတွေကို သက်မှတ်ထားတယ်၊ လက်ရှိတွက်ချက်အရကတော့ တစ်ရက်ကို တန်ချိန် ၅၀၀၀ (အိတ် ၁၀၀၀၀၀) ထုတ်နိုင်တဲ့ စက်ရုံ (၂)ခု တည်မယ်၊ အဲဒါတောင်မှ နှစ် ၂၀၀ ကျော်ထိထုတ်ယူလို့ရမယ်” ဟု ပြောသည်။

ဘုံဇုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအနေဖြင့် ဒေသခံပြည်သူများ ကြိုတင်အသိပေးခြင်း၊ အချက်အလက်ရှင်းလင်းခြင်း၊ ဆိုးကျိုးကောင်းကျိုးများ ရှင်းပြခြင်းမရှိသောကြောင့် မကျေနပ်မှုများ ရှိနေကြောင်း ဘုံဇုံးဒေသခံ ဦး မြင့်အောင်က ပြောသည်။

သူက “တစ်ချို့တွေကတော့ အစိုးဘက်ကနေ ဆိုးကျိုး၊ကောင်းကျိုးတွေ မရှင်းပြတော့ မကြေနပ်ကြဘူးပေါ့၊ ဒေသခံအတွက် အကျိုးဘာတွေရှိမယ်၊ နိုင်ငံတော်အစိုးရက ဒေသခံပြည်သူတွေကို တာဝန်ယူမယ်၊ ကာကွယ်ပေးမယ်၊ စောင့်ရှောက်ပေးမယ်ဆိုတဲ့ဟာတွေ ကြိုတင်ပြီး ဟောပြောပွဲ၊ ရှင်းလင်းချက်တွေမရှိတော့ တစ်ဝက်ကျော်က လက်မှတ်မထိုးပေးကြဘူး၊ အရင်က ထိုးတဲ့သူတွေ နောင်တရနေတဲ့သူတွေလည်းရှိတယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ် အစိုးရအနေဖြင့် ဘိလပ်မြေ စီမံကိန်းမစမှီတွင် ဘုံဇုံးဒေသခံပြည်သူများအား သဘောတူလက်မှတ်ရေးထိုးပေးရန် ကြိုတင်စာပို့နေကြောင်း သိရသည်။

ဦးအောင်မြင့်က “လုပ်ငန်းမစခင်တုန်းက ဝန်ကြီးချုပ်နဲ့အဖွဲ့လာပြီးတော့ ဟောပြောပွဲတော့လုပ်ပေးတယ်၊ သူတို့မလာခင်မှာ သဘောတူလက်မှတ်ထိုးဖို့ စာရွတ်ကိုအရင်ပို့ပြီး အုပ်ချုပ်ရေးအဖွဲ့တွေက တစ်အိမ်တက်တစ်အိမ်ဆင်းပြီး လက်မှတ်ရေးထိုးခိုင်းတယ်၊ လူပေါင်း ၂၀၀ ကျော်လောက်က သဘောတူလက်ခံကြောင်း လက်မှတ်ရေးထိုးကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရွာအခြေအနေအရ အိမ်ခြေ ၂၀၀ လောက်ရှိတော့ အနည်းဆုံး လူပေါင်း ၇၀၀ လောက်တော့ရှိမယ်၊ အဲဒီထဲမှာ လက်မှတ်ရေးထိုးနိုင်တဲ့ ၁၆ နှစ်အထက် အနည်းဆုံး ၄၀၀ ကျော်လောက်တော့ရှိမယ်၊ ဆိုတော့ လက်မှတ်ထိုးတဲ့သူတွေက တစ်ဝက်တောင်မပြည့်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

ဘုံဇုံး ဘိလပ်မြေစက်ရုံ စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို မတ်လ (၂) ရက်နေ့တွင် နိုင်ငံတော်ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူမှ ကြည့်ရှုလေ့လာမှုများလုပ်ခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်ညွှန်ကြားရေးမှူးဟောင်း ဦးထလာဟရဲက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

သူက “ပညာရှင်တွေက လေ့လာမှုတစ်လအတွင်းပြီးမယ်၊ လုပ်ကွက်တွေကို ABCD ဆိုပြီးခွဲထားတယ်၊ D လုပ်ကွက်မှာ တစ်ရက်ကို တန် ၅၀၀၀ ထုတ်နိုင်တဲ့ စက်ရုံတစ်ခုတည်ဆောက်ပြီး၊ နှစ် (၃၀) ထိထုတ်လုပ်နိုင်မယ်၊ တစ်ခြားနေရာတွေမှာလည်း ဆက်လက်လေ့လာဖို့ရှိတယ်၊ ဒီလုပ်ကွက်တစ်ခုထဲမှာတောင် Massive unit Limestone 56.00million Tons ကနေ 61.00 million Tons ကြားထုတ်လုပ်နိုင်မယ်၊ ဘင်္ဂလားဒစ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တင်ပို့နိုင်ရန် တံတားကို ကျပ် ၇၅၅.၀၀ သန်းကုန်ကျခံပြီး တည်ဆောက်နေတယ်” ဟု ဖော်ပြထားသည်။

Zawgyi Version

ခ်င္းျပည္နယ္၏ ပထမဆုံး ဘိလပ္ေျမစက္ရုံအျဖစ္ ဘုံဇုံးတြင္စတင္တည္ေဆာက္ေၾကာင္းသိရ

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္ရွိ ဘုန္းဇုံးေက်းရြာတြင္ ပထမဆုံးအျဖစ္ ဘုန္ဇုံး ဘိလပ္ေျမစက္ရုံ စီမံကိန္း တည္ေဆာက္မႈလုပ္ငန္း စတင္ေဆာင္ရြက္ေနေၾကာင္း ခ်င္းျပည္နယ္ အစုိးရ ေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦး စုိးထက္က ေျပာသည္။

၀န္ႀကီး ဦး စုိးထက္က “ဘုန္ဇုံးစက္မႈဇုန္လုပ္ငန္းကေတာ့ အခုစေနၿပီ၊ ဒီလထဲမွာ လမ္းေဖာက္တာတုိ႔ ၿပီးမယ္၊ ၿပီးေတာ့ ဒီလုပ္ငန္းနဲ႔ ပတ္သက္တဲ့ ေလ့လာမႈေတြလည္း ေတာ္ေတာ္ေလးၿပီးေနၿပီ၊ ကုန္ေခ်ာအဆင့္ထုတ္ႏုိင္ဖုိ႔ရန္အတြက္ေတာ့ စက္ရုံတည္တာနဲ႔ အနည္းဆုံး (၂) ႏွစ္ ေလာက္ေတာ့ အခ်ိန္ေပးရမယ္၊ လုပ္ကြက္ေတြကုိ ABCD နဲ႔ထားၿပီး ကုန္ၾကမ္းရႏုိင္တဲ့ေနရာေတြကုိ သက္မွတ္ထားတယ္၊ လက္ရွိတြက္ခ်က္အရကေတာ့ တစ္ရက္ကုိ တန္ခ်ိန္ ၅၀၀၀ (အိတ္ ၁၀၀၀၀၀) ထုတ္ႏုိင္တဲ့ စက္ရုံ (၂)ခု တည္မယ္၊ အဲဒါေတာင္မွ ႏွစ္ ၂၀၀ ေက်ာ္ထိထုတ္ယူလုိ႔ရမယ္” ဟု ေျပာသည္။

ဘုံဇုံး ဘိလပ္ေျမစက္ရုံ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ခ်င္းျပည္နယ္ အစုိးရအေနျဖင့္ ေဒသခံျပည္သူမ်ား ႀကိဳတင္အသိေပးျခင္း၊ အခ်က္အလက္ရွင္းလင္းျခင္း၊ ဆုိးက်ဳိးေကာင္းက်ဳိးမ်ား ရွင္းျပျခင္းမရွိေသာေၾကာင့္ မေက်နပ္မႈမ်ား ရွိေနေၾကာင္း ဘုံဇုံးေဒသခံ ဦး ျမင့္ေအာင္က ေျပာသည္။

သူက “တစ္ခ်ဳိ႕ေတြကေတာ့ အစုိးဘက္ကေန ဆုိးက်ဳိး၊ေကာင္းက်ဳိးေတြ မရွင္းျပေတာ့ မေၾကနပ္ၾကဘူးေပါ့၊ ေဒသခံအတြက္ အက်ဳိးဘာေတြရွိမယ္၊ ႏုိင္ငံေတာ္အစုိးရက ေဒသခံျပည္သူေတြကုိ တာ၀န္ယူမယ္၊ ကာကြယ္ေပးမယ္၊ ေစာင့္ေရွာက္ေပးမယ္ဆုိတဲ့ဟာေတြ ႀကိဳတင္ၿပီး ေဟာေျပာပြဲ၊ ရွင္းလင္းခ်က္ေတြမရွိေတာ့ တစ္၀က္ေက်ာ္က လက္မွတ္မထုိးေပးၾကဘူး၊ အရင္က ထုိးတဲ့သူေတြ ေနာင္တရေနတဲ့သူေတြလည္းရွိတယ္” ဟု ေျပာသည္။

ထုိ႔ျပင္ ခ်င္းျပည္နယ္ အစုိးရအေနျဖင့္ ဘိလပ္ေျမ စီမံကိန္းမစမွီတြင္ ဘုံဇုံးေဒသခံျပည္သူမ်ားအား သေဘာတူလက္မွတ္ေရးထုိးေပးရန္ ႀကိဳတင္စာပုိ႔ေနေၾကာင္း သိရသည္။

ဦးေအာင္ျမင့္က “လုပ္ငန္းမစခင္တုန္းက ၀န္ႀကီးခ်ဳပ္နဲ႔အဖြဲ႔လာၿပီးေတာ့ ေဟာေျပာပြဲေတာ့လုပ္ေပးတယ္၊ သူတုိ႔မလာခင္မွာ သေဘာတူလက္မွတ္ထုိးဖုိ႔ စာရြတ္ကုိအရင္ပုိ႔ၿပီး အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြက တစ္အိမ္တက္တစ္အိမ္ဆင္းၿပီး လက္မွတ္ေရးထုိးခုိင္းတယ္၊ လူေပါင္း ၂၀၀ ေက်ာ္ေလာက္က သေဘာတူလက္ခံေၾကာင္း လက္မွတ္ေရးထုိးၾကတယ္၊ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ရြာအေျခအေနအရ အိမ္ေျခ ၂၀၀ ေလာက္ရွိေတာ့ အနည္းဆုံး လူေပါင္း ၇၀၀ ေလာက္ေတာ့ရွိမယ္၊ အဲဒီထဲမွာ လက္မွတ္ေရးထုိးနုိင္တဲ့ ၁၆ ႏွစ္အထက္ အနည္းဆုံး ၄၀၀ ေက်ာ္ေလာက္ေတာ့ရွိမယ္၊ ဆုိေတာ့ လက္မွတ္ထုိးတဲ့သူေတြက တစ္၀က္ေတာင္မျပည္႔ဘူးျဖစ္ေနတယ္” ဟု ေျပာသည္။

ဘုံဇုံး ဘိလပ္ေျမစက္ရုံ စီမံကိန္း တည္ေဆာက္ေရးလုပ္ငန္းမ်ားကုိ မတ္လ (၂) ရက္ေန႔တြင္ ႏုိင္ငံေတာ္ဒုသမၼတ ဦး ဟင္နရီဗန္ထီးယူမွ ၾကည္႔ရႈေလ့လာမႈမ်ားလုပ္ခဲ့ေၾကာင္း ခ်င္းျပည္နယ္ စည္ပင္ညႊန္ၾကားေရးမွဴးေဟာင္း ဦးထလာဟရဲက ၄င္း၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပခဲ့သည္။

သူက “ပညာရွင္ေတြက ေလ့လာမႈတစ္လအတြင္းၿပီးမယ္၊ လုပ္ကြက္ေတြကုိ ABCD ဆုိၿပီးခြဲထားတယ္၊ D လုပ္ကြက္မွာ တစ္ရက္ကုိ တန္ ၅၀၀၀ ထုတ္ႏုိင္တဲ့ စက္ရုံတစ္ခုတည္ေဆာက္ၿပီး၊ ႏွစ္ (၃၀) ထိထုတ္လုပ္ႏုိင္မယ္၊ တစ္ျခားေနရာေတြမွာလည္း ဆက္လက္ေလ့လာဖုိ႔ရွိတယ္၊ ဒီလုပ္ကြက္တစ္ခုထဲမွာေတာင္ Massive unit Limestone 56.00million Tons ကေန 61.00 million Tons ၾကားထုတ္လုပ္ႏုိင္မယ္၊ ဘဂၤလားဒစ္ႏုိင္ငံႏွင့္ အိႏၵိယႏုိင္ငံ တင္ပုိ႔ႏုိင္ရန္ တံတားကုိ က်ပ္ ၇၅၅.၀၀ သန္းကုန္က်ခံၿပီး တည္ေဆာက္ေနတယ္” ဟု ေဖာ္ျပထားသည္။