Input your search keywords and press Enter.

မကွေးတိုင်းသို့ စစ်ဘေးရှောင်နေရသည့် အရှိုချင်းများ ဒေသခံများမှ လက်မခံသဖြင့် နေရပ်သို့ ပြန်ရမည့် အခြေအနေနဲ့ ရင်ဆိုင်နေရ

Salai Khup Khup

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ မကွေးတိုင်းဖက်သို့ စစ်ဘေးရှောင်လာသည့် အရှိုချင်းများကို ဒေသခံများ လက်မခံပါက မှုရင်းနေရပ်ဒေသသို့ ပြန်ရမည်ဖြစ်ကြောင်း မကွေးတိုင်း ချင်းရေးရာဝန်ကြီး ဦးလှထွန်းကပြောသည်။

မကွေးတိုင်း ချင်းရေးရာဝန်ကြီး ဦးလှထွန်းက “ကျနော်ကြားရသလောက်တော့ ဒေသခံတွေက လက်မခံရင် သူတို့မူရင်းနေရာကို ပြန်သွားရမဲ့ ပုံစံဖြစ်တယ်။ ဒေသခံတွေ လက်ခံရင် တစ်မျိုးပေါ့ ဒေသခံတွေ လက်မခံရင် သူတို့မူရင်းဒေသကို ပြန်သွားရမှာဖြစ်တယ်”ဟုပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ စစ်ဘေးရှောင်လာသည့် လူဦးရေ (၁၅၀)ဦးခန့်မှာ မကွေးတိုင်း ဒေသရှိ ကျေးရွာများတွင် နေထိုင်နေကြပြီး ၎င်းတို့ထဲတွင် အများစုမှာ ရခိုင်ပြည်နယ်ဘက်မှ အပြီးပြောင်းရွေ့လာကြသူများဖြစ်ကြောင်း သိရသည်။

လက်ရှိမကွေးတိုင်းဘက်သို့ ပြောင်းရွေ့လာသည့် အရှိုးချင်း (၁၅၀)ဦးခန့်မှာ ဘုရားကျောင်းများနှင့် အချို့နေအိမ်များတွင် ကပ်နေရပြီး စားဝတ်နေရေးကိုလည်း အဖွဲ့အစည်းအချို့နှင့် ပရဟိတအသင်းများမှ ကူညီထောက်ပံ့ပေးလျှက် ရှိကြောင်း မကွေးတိုင်းအရှိုချင်း လူငယ်အဖွဲ့ဥက္ကဌ ရိုးမောင်က ပြောသည်။

မကွေးအရှိုချင်း လူငယ်ဥက္ကဌ ဆလိုင်းရိုးမောင်က “မကွေးကနေ ရခိုင်ဘက်ကို ပြန်ပြီး ပြန်သွားတဲ့ လူတွေလည်းရှိတယ်။ လက်ရှိ ရှိတဲ့သူတွေကလည်း ဘုရားကျောင်းတို့ တချို့အိမ်တွေမှာ ကပ်နေကျတယ်။ ဒါကို တချို့လူတွေက မနေချင်ကြတော့ ပြန်ပြီး ပြန်သွားတာတွေလည်း ရှိတယ်”ဟုပြောသည်။

မကွေးတိုင်းရှိ အရှိုချင်းအဖွဲ့အစည်း အသီးသီးမှလည်း ရခိုင်ပြည်ဘက်မှ မကွေးတိုင်းဖက်သို့ စစ်ဘေးရှောင် လာသည့် လူများအတွက် နေရာအတည်အတကျ ဆောင်ရွက်ပေးရန် မကွေးတိုင်းအစိုးရတွင် တင်ပြထားသည်များ ရှိသော်လည်း ဒေသခံအချို့မှ သဘောမတူညီသည့် အခက်ခဲများလည်း ရှိနေကြောင်း သိရသည်။

မကွေးတိုင်းအရှိုချင်း လူငယ်အဖွဲ့ဥက္ကဌ ဆလိုင်းရိုးမောင်က “မကွေးတိုင်းအစိုးရနဲ့ မကွေးချင်းရေးရာ ဝန်ကြီးဆီကိုလည်း မကွေးတိုင်းမှာ ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ စာတင်ပြီးပြီ ကျတော်တို့ဘက် အနေနဲ့တော့ ရခိုင်ပြည်ဘက်ကနေ ပြောင်းရွေ့လာတဲ့ သူတွေအတွက် နေထိုင်ဖို့ နေရာကို အတည်တကျ သတ်မှတ်ပေးစေချင်တယ်။ အဲဒါမှလည်း ကျတော်တို့ဖက်ကရော တခြားအဖွဲ့အစည်းတွေအတွက်ပါ ကူညီပေးလို့ရမှာ အခုက ဟိုမှာ သုံးအိမ် ဟိုဘက်မှာ ငါးအိမ်နဲ့ ဘာမှလုပ်လို့မရဘူး။ မကွေးတိုင်းအစိုးရအနေနဲ့ ဒီမှာ အကုန်လုံးလာနေ ဆိုရင် အကုန်လုံးအဆင်ပြေ သွားတာပေါ့”ဟုပြောသည်။

ဇန်နဝါရီလ အစောပိုင်းက ရက္ခိုင့်တပ်မတော်AAအဖွဲ့နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲများပြင်းထန်ခဲ့ သောကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်၊ မက်လမောင်းနှင့် ကဇုကိုင်းကျေးရွာ အုပ်စုမှ အရှိုချင်းရွာသားများသည် အမ်းမြို့ပေါ်နှင့် မကွေးတိုင်း ဒေသကြီးဘက်သို့ ပြောင်းရွေ့ လာခဲ့ကြသည်။

Zawgyi Version

မေကြးတိုင္းသို႔ စစ္ေဘးေရွာင္ေနရသည့္ အရႈိခ်င္းမ်ား ေဒသခံမ်ားမွ လက္မခံသျဖင့္ ေနရပ္သို႔ ျပန္ရမည့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရ

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဘက္မွ မေကြးတုိင္းဖက္သို႔ စစ္ေဘးေရွာင္လာသည့္ အရိႈခ်င္းမ်ားကို ေဒသခံမ်ား လက္မခံပါက မႈရင္းေနရပ္ေဒသသို႔ ျပန္ရမည္ျဖစ္ေၾကာင္း မေကြးတုိင္း ခ်င္းေရးရာဝန္ၾကီး ဦးလွထြန္းကေျပာသည္။

မေကြးတုိင္း ခ်င္းေရးရာဝန္ၾကီး ဦးလွထြန္းက “က်ေနာ္ၾကားရသေလာက္ေတာ့ ေဒသခံေတြက လက္မခံရင္ သူတုိ႔မူရင္းေနရာကို ျပန္သြားရမဲ႔ ပံုစံျဖစ္တယ္။ ေဒသခံေတြ လက္ခံရင္ တစ္မ်ိဳးေပါ႔ ေဒသခံေတြ လက္မခံရင္ သူတို႔မူရင္းေဒသကို ျပန္သြားရမွာျဖစ္တယ္”ဟုေျပာသည္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဘက္မွ စစ္ေဘးေရွာင္လာသည့္ လူဦးေရ (၁၅၀)ဦးခန႔္မွာ မေကြးတုိင္း ေဒသရွိ ေက်းရြာမ်ားတြင္ ေနထုိင္ေနၾကၿပီး ၎တို႔ထဲတြင္ အမ်ားစုမွာ ရခိုင္ျပည္နယ္ဘက္မွ အၿပီးေျပာင္းေရြ႕လာၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။

လက္ရွိမေကြးတုိင္းဘက္သုိ႔ ေျပာင္းေရြ႕လာသည့္ အရိႈးခ်င္း (၁၅၀)ဦးခန္႔မွာ ဘုရားေက်ာင္းမ်ားႏွင့္ အခ်ိဳ႕ေနအိမ္မ်ားတြင္ ကပ္ေနရၿပီး စားဝတ္ေနေရးကိုလည္း အဖြဲ႔အစည္းအခ်ိဳ႕ႏွင့္ ပရဟိတအသင္းမ်ားမွ ကူညီေထာက္ပံ႔ေပးလွ်က္ ရွိေၾကာင္း မေကြးတုိင္းအရိႈခ်င္း လူငယ္အဖြဲ႔ဥကၠဌ ရိုးေမာင္က ေျပာသည္။

မေကြးအရိႈခ်င္း လူငယ္ဥကၠဌ ဆလုိင္းရိုးေမာင္က “မေကြးကေန ရခိုင္ဘက္ကို ျပန္ၿပီး ျပန္သြားတဲ႔ လူေတြလည္းရွိတယ္။ လက္ရွိ ရွိတဲ႔သူေတြကလည္း ဘုရားေက်ာင္းတို႔ တခ်ိဳ႕အိမ္ေတြမွာ ကပ္ေနက်တယ္။ ဒါကို တခ်ိဳ႕လူေတြက မေနခ်င္ၾကေတာ့ ျပန္ၿပီး ျပန္သြားတာေတြလည္း ရွိတယ္”ဟုေျပာသည္။

မေကြးတုိင္းရွိ အရိႈခ်င္းအဖြဲ႔အစည္း အသီးသီးမွလည္း ရခုိင္ျပည္ဘက္မွ မေကြးတိုင္းဖက္သို႔ စစ္ေဘးေရွာင္ လာသည့္ လူမ်ားအတြက္ ေနရာအတည္အတက် ေဆာင္ရြက္ေပးရန္ မေကြးတုိင္းအစိုးရတြင္ တင္ျပထားသည္မ်ား ရွိေသာ္လည္း ေဒသခံအခ်ိဳ႕မွ သေဘာမတူညီသည့္ အခက္ခဲမ်ားလည္း ရွိေနေၾကာင္း သိရသည္။

မေကြးတုိင္းအရိႈခ်င္း လူငယ္အဖြဲ႔ဥကၠဌ ဆလုိင္းရိုးေမာင္က “မေကြးတုိင္းအစိုးရနဲ႔ မေကြးခ်င္းေရးရာ ဝန္ၾကီးဆီကိုလည္း မေကြးတုိင္းမွာ ဒုကၡသည္စခန္း ဖြင့္ေပးဖုိ႔ စာတင္ၿပီးၿပီ က်ေတာ္တုိ႔ဘက္ အေနနဲ႔ေတာ့ ရခိုင္ျပည္ဘက္ကေန ေျပာင္းေရြ႕လာတဲ႔ သူေတြအတြက္ ေနထိုင္ဖုိ႔ ေနရာကို အတည္တက် သတ္မွတ္ေပးေစခ်င္တယ္။ အဲဒါမွလည္း က်ေတာ္တုိ႔ဖက္ကေရာ တျခားအဖြဲ႔အစည္းေတြအတြက္ပါ ကူညီေပးလုိ႔ရမွာ အခုက ဟုိမွာ သံုးအိမ္ ဟိုဘက္မွာ ငါးအိမ္နဲ႔ ဘာမွလုပ္လုိ႔မရဘူး။ မေကြးတုိင္းအစိုးရအေနနဲ႔ ဒီမွာ အကုန္လံုးလာေန ဆိုရင္ အကုန္လံုးအဆင္ေျပ သြားတာေပါ့”ဟုေျပာသည္။

ဇန္နဝါရီလ အေစာပိုင္းက ရကၡိဳင့္တပ္မေတာ္AAအဖြဲ႔ႏွင့္ ျမန္မာတပ္မေတာ္တုိ႔ အၾကား တုိက္ပြဲမ်ားျပင္းထန္ခဲ႔ ေသာေၾကာင့္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ရွိ ဒါးလက္၊ မက္လေမာင္းႏွင့္ ကဇုကိုင္းေက်းရြာ အုပ္စုမွ အရိႈခ်င္းရြာသားမ်ားသည္ အမ္းၿမိဳ႕ေပၚႏွင့္ မေကြးတုိင္း ေဒသၾကီးဘက္သို႔ ေျပာင္းေရြ႕ လာခဲ႔ၾကသည္။