Input your search keywords and press Enter.

ပလက်ဝမြို့နယ်သည် လှောင်ပိတ်ခံရသည့် ဘဝရောက်သည်ဟု KACC ဥက္ကဌပြော

Salai C Lian

မြန်မာတပ်မတော်နှင့် အေအေကြား စစ်ရေးတင်းမာနေမှုကြောင့် ရေကြောင်းလမ်း၊ ကုန်းလမ်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်းခံရပြီး မည်သည့်လူသုံးကုန် စားဝတ်နေရေးပစ္စည်းမှ သယ်ယူ သယ်ယူပို့ဆောင်ခွင့်မရှိသောကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် လှောင်ပိတ်ခံရသည့် ဘဝရောက်နေကြောင်း KACC ဥက္ကဌ ဦး ကျော်ငြိမ်းက ပြောသည်။

KACC ဥက္ကဌ ဦး ကျော်ငြိမ်းက “ပလက်ဝမြို့နယ်ကတော့ ရေလမ်းလည်းပိတ်ထားတယ်၊ ကုန်းလမ်းလည်းပိတ်ထားတယ်ဆိုတော့ စားဝတ်နေရေးကတော့ တော်တော်ခက်ခဲနေတယ်၊ ကျွန်တော်တို့မြို့နယ်အဆင့်နဲ့ လုံခြုံမှုမရှိတဲ့အတွက် နိုင်ငံတော်အဆင့်ထိသိအောင် လုပ်ဖို့စီစဉ်တော့ရှိတယ်၊ နိုင်ငံတော်အကြီးအကဲတွေ သိနိုင်အောင်စာတန်းပြုစုပြီး တင်ပြဖို့ရှိတယ်၊ အခုက ကျွန်တော်တို့က လှောင်ပိတ်ခံရတဲ့ ဘဝရောက်နေတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စားဝတ်နေရေး ပြေလည်စေရန် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံရေးပိုမိုလိုအပ်သောကြောင့် ပြည်ထောင်စုအဆင့်ထိ တင်ပြလျှက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦး စိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်မှ“ကျွန်တော်တို့အခုရနိုင်တဲ့နည်းလမ်းကတော့ စစ်တွေ-ကျောက်တော်ဖက်ကနေပြီးတော့ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ ဒီဇယ်ဆီတို့၊ တာဝန်တိုင်တွေအတွက်အသုံးပြုမဲ့ဆီ၊ စက်လှေအတွက်အသုံးပြုမဲ့ဆီတွေ၊ ပို့ဆောင်ပေးဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်၊ ကုလားတန်မြစ်ကြောင်းမှာ တပ်စခန်းတွေလည်းရှိတယ်၊ အေအေ ကင်းစခန်းတွေလည်းရှိတယ်၊ ရေကြောင်းတွေက ပိတ်တော့ ကျွန်တော်တို့ ပခုက္ကူကနေပြီးတော့ ကုန်းလမ်းနဲ့ မိုင်ပေါင်း ရာနဲ့ချီပြီးသယ်တာဆိုတော့ ပလက်ဝရောက်ဖို့ ၁၅ မိုင်အလိုမှာ ကားမီးရှို့ခံရတော့ ဒေသခံအတွက်လည်း အရမ်းနစ်နာတယ်၊ ဒါတွေမဖြစ်အောင် လုံခြုံရေးကောင်းမွန်ဖို့ လုပ်ဖို့လိုတယ်၊ အဲဒါကြောင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်နေတယ်၊ ပြည်ထောင်စုကိုလည်း တင်ပြထားတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့သည် ဖေဖော်ဝါရီ ၄ရက်ကတည်းက ရေကြောင်းလမ်း၊ ကုန်းလမ်းနှင့် အင်တာနက်လိုင်းများပိတ်ထားခြင်း မှာ ယနေ့ဆိုလျှင်တစ်လတိတိပြည့်ပြီဖြစ်ကြောင်း သိရသည်။

KACC ဥက္ကဌ ဦး ကျော်ငြိမ်းက “မြို့နယ်အသီးသီးက ကူညီတဲ့အလှူငွေ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းက လှူတဲ့ငွေတွေ၊ ပခုက္ကူကနေပြီးတော့ ကျွန်တော်တို့ ဆန်အိတ် (၃၀၀) ၊ နောက်ပြည်နယ် အစိုးရကနေပေးတဲ့ ထောက်ပံ့ရေးအတွက် ဆန်အိတ် (၃၀၀)၊ ရေလမ်းကနေသွားလို့ မရတော့ ပခုက္ကူ-မင်းတပ်-မတူပီ-ဆမီး-ပလက်ဝဆိုပြီး သွားပို့ဖို့ စီစဉ်ထားတာ၊ ဆီးမီးရောက်တော့ ဆမီး-ပလက်ဝကြား လုံခြုံရေးမကောင်းတဲ့အတွက် ကားသမားတွေလည်း မသွားရဲတော့ ဆမီးမှာပုံထားတယ်” ဟု ပြောသည်။

ထို့အပြင် အစိုးရ စာမေးပွဲစစ်ဖြစ်သော လေးတန်း၊ ရှစ်တန်းအတန်းများ စာမေးပွဲမဖြေရသေးသော ကျောင်းများစွာလည်း ရှိနေသေးပြီး ကျောင်းသူ/သားများအတွက် နစ်နာမှုများစွာရှိကြောင်း ဦးကျော်ငြိမ်းက ဆိုသည်။

သူက ဆက်ပြီး “အခုပလက်ဝမှာက ဆန်တွေက အရမ်းစျေးကြီးနေပြီ၊ တစ်ချို့က ဆန်အပါအဝင် စက်သုံးဆီတွေပေါ့၊ စားမေးပွဲကလည်း နီးလာပြီ၊ ဒီဇယ်ဆီကလည်း ပြတ်လပ်နေပြီ၊ လျှပ်စစ်ဓါတ်အားကလည်း မဟာဓါတ်အားမရသေးတော့ အခက်ကြုံနေရတာပေါ့၊ ပြီးတော့ အခုကျွန်တော်တို့သုံးနေတဲ့ ဖုန်းတွေကလည်း ဆီမရှိရင်တော့ ပျက်တော့မယ်” ဟု ပြောသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပလက်ဝ-မီဇိုရမ် လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် တံတားသံဘောင်ချိန်တန် ၃၀၀ နီးပါး AA အဖွဲ့မှ ပစ်ခတ်မီးရှို့ဖျက်ဆီးပြီး၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်လည်း စားသောက်ကုန်နှင့် ဆီတင်ဆောင်လာသည့် ၁၂ ဘီးတစ်စီး ပစ်ခတ်ကြောင်း သိရသည်။

Zawgyi Version

ပလက္၀ၿမိဳ႕နယ္သည္ ေလွာင္ပိတ္ခံရသည္႔ ဘ၀ေရာက္သည္ဟု KACC ဥကၠဌေျပာ

ျမန္မာတပ္မေတာ္ႏွင့္ ေအေအၾကား စစ္ေရးတင္းမာေနမႈေၾကာင့္ ေရေၾကာင္းလမ္း၊ ကုန္းလမ္းႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္း ပိတ္ထားျခင္းခံရၿပီး မည္သည့္လူသုံးကုန္ စား၀တ္ေနေရးပစၥည္းမွ သယ္ယူ သယ္ယူပုိ႔ေဆာင္ခြင့္မရွိေသာေၾကာင့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္သည္ ေလွာင္ပိတ္ခံရသည္႔ ဘ၀ေရာက္ေနေၾကာင္း KACC ဥကၠဌ ဦး ေက်ာ္ၿငိမ္းက ေျပာသည္။

KACC ဥကၠဌ ဦး ေက်ာ္ၿငိမ္းက “ပလက္၀ၿမိဳ႕နယ္ကေတာ့ ေရလမ္းလည္းပိတ္ထားတယ္၊ ကုန္းလမ္းလည္းပိတ္ထားတယ္ဆုိေတာ့ စား၀တ္ေနေရးကေတာ့ ေတာ္ေတာ္ခက္ခဲေနတယ္၊ ကၽြန္ေတာ္တုိ႔ၿမိဳ႕နယ္အဆင့္နဲ႔ လုံၿခံဳမႈမရွိတဲ့အတြက္ ႏုိင္ငံေတာ္အဆင့္ထိသိေအာင္ လုပ္ဖုိ႔စီစဥ္ေတာ့ရွိတယ္၊ ႏုိင္ငံေတာ္အႀကီးအကဲေတြ သိႏုိင္ေအာင္စာတန္းျပဳစုၿပီး တင္ျပဖုိ႔ရွိတယ္၊ အခုက ကၽြန္ေတာ္တုိ႔က ေလွာင္ပိတ္ခံရတဲ့ ဘ၀ေရာက္ေနတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ စား၀တ္ေနေရး ေျပလည္ေစရန္ သယ္ယူပုိ႔ေဆာင္ေရးအတြက္ လုံၿခံဳေရးပုိမုိလုိအပ္ေသာေၾကာင့္ ျပည္ေထာင္စုအဆင့္ထိ တင္ျပလွ်က္ရွိေၾကာင္း ခ်င္းျပည္နယ္ အစုိးရအဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ ၀န္ႀကီး ဦး စုိးထက္က ေျပာသည္။

စည္ပင္၀န္ႀကီး ဦးစိုးထက္မွ“ကၽြန္ေတာ္တုိ႔အခုရႏုိင္တဲ့နည္းလမ္းကေတာ့ စစ္ေတြ-ေက်ာက္ေတာ္ဖက္ကေနၿပီးေတာ့ စားနပ္ရိကၡာ၊ စက္သုံးဆီ၊ ဒီဇယ္ဆီတုိ႔၊ တာ၀န္တုိင္ေတြအတြက္အသုံးျပဳမဲ့ဆီ၊ စက္ေလွအတြက္အသုံးျပဳမဲ့ဆီေတြ၊ ပုိ႔ေဆာင္ေပးဖုိ႔ ကၽြန္ေတာ္တုိ႔ ႀကိဳးစားေနတယ္၊ ကုလားတန္ျမစ္ေၾကာင္းမွာ တပ္စခန္းေတြလည္းရွိတယ္၊ ေအေအ ကင္းစခန္းေတြလည္းရွိတယ္၊ ေရေၾကာင္းေတြက ပိတ္ေတာ့ ကၽြန္ေတာ္တုိ႔ ပခုကၠဴကေနၿပီးေတာ့ ကုန္းလမ္းနဲ႔ မုိင္ေပါင္း ရာနဲ႕ခ်ီၿပီးသယ္တာဆုိေတာ့ ပလက္၀ေရာက္ဖုိ႔ ၁၅ မုိင္အလုိမွာ ကားမီးရႈိ႕ခံရေတာ့ ေဒသခံအတြက္လည္း အရမ္းနစ္နာတယ္၊ ဒါေတြမျဖစ္ေအာင္ လုံၿခံဳေရးေကာင္းမြန္ဖုိ႔ လုပ္ဖုိ႔လုိတယ္၊ အဲဒါေၾကာင့္ သယ္ယူပုိ႔ေဆာင္ေရးအတြက္ အခက္အခဲျဖစ္ေနတယ္၊ ျပည္ေထာင္စုကုိလည္း တင္ျပထားတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕သည္ ေဖေဖာ္ဝါရီ ၄ရက္ကတည္းက ေရေၾကာင္းလမ္း၊ ကုန္းလမ္းႏွင့္ အင္တာနက္လိုင္းမ်ားပိတ္ထားျခင္း မွာ ယေန႔ဆုိလွ်င္တစ္လတိတိျပည့္ၿပီျဖစ္ေၾကာင္း သိရသည္။

KACC ဥကၠဌ ဦး ေက်ာ္ၿငိမ္းက “ၿမိဳ႕နယ္အသီးသီးက ကူညီတဲ့အလွဴေငြ၊ ခ်င္းအရပ္ဘက္အဖြဲ႔အစည္းက လွဴတဲ့ေငြေတြ၊ ပခုကၠဴကေနၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ဆန္အိတ္ (၃၀၀) ၊ ေနာက္ျပည္နယ္ အစုိးရကေနေပးတဲ့ ေထာက္ပံ့ေရးအတြက္ ဆန္အိတ္ (၃၀၀)၊ ေရလမ္းကေနသြားလုိ႔ မရေတာ့ ပခုကၠဴ-မင္းတပ္-မတူပီ-ဆမီး-ပလက္၀ဆုိၿပီး သြားပုိ႔ဖုိ႔ စီစဥ္ထားတာ၊ ဆီးမီးေရာက္ေတာ့ ဆမီး-ပလက္၀ၾကား လုံၿခံဳေရးမေကာင္းတဲ့အတြက္ ကားသမားေတြလည္း မသြားရဲေတာ့ ဆမီးမွာပုံထားတယ္” ဟု ေျပာသည္။

ထို႔အျပင္ အစိုးရ စာေမးပြဲစစ္ျဖစ္ေသာ ေလးတန္း၊ ရွစ္တန္းအတန္းမ်ား စာေမးပြဲမေျဖရေသးေသာ ေက်ာင္းမ်ားစြာလည္း ရွိေနေသးၿပီး ေက်ာင္းသူ/သားမ်ားအတြက္ နစ္နာမႈမ်ားစြာရွိေၾကာင္း ဦးေက်ာ္ၿငိမ္းက ဆုိသည္။

သူက ဆက္ၿပီး “အခုပလက္၀မွာက ဆန္ေတြက အရမ္းေစ်းႀကီးေနၿပီ၊ တစ္ခ်ဳိ႕က ဆန္အပါအ၀င္ စက္သုံးဆီေတြေပါ့၊ စားေမးပြဲကလည္း နီးလာၿပီ၊ ဒီဇယ္ဆီကလည္း ျပတ္လပ္ေနၿပီ၊ လွ်ပ္စစ္ဓါတ္အားကလည္း မဟာဓါတ္အားမရေသးေတာ့ အခက္ႀကံဳေနရတာေပါ့၊ ၿပီးေတာ့ အခုကၽြန္ေတာ္တုိ႔သုံးေနတဲ့ ဖုန္းေတြကလည္း ဆီမရွိရင္ေတာ့ ပ်က္ေတာ့မယ္” ဟု ေျပာသည္။

၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာလ ၃၀ ရက္ေန႔မွာ ပလက္ဝ-မီဇိုရမ္ လမ္းစီမံကိန္းအတြက္ သယ္ေဆာင္လာသည္႔ တံတားသံေဘာင္ခ်ိန္တန္ ၃၀၀ နီးပါး AA အဖြဲ႔မွ ပစ္ခတ္မီးရႈိ႕ဖ်က္ဆီးၿပီး၊ ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႔တြင္လည္း စားေသာက္ကုန္ႏွင့္ ဆီတင္ေဆာင္လာသည္႔ ၁၂ ဘီးတစ္စီး ပစ္ခတ္ေၾကာင္း သိရသည္။