Input your search keywords and press Enter.

ဟားခါးတွင် ပညာရေးဝန်ထမ်းအိမ်ရာဆောက်ရန် သင်းချိုင်းအုတ်ဂူများ အသိမပေးဘဲ ဖြိုချမှုကြောင့် ဒေသခံများမေ​ကျနပ်

Salai Khup Khup

ဟားခါးမြို့ မြို့သစ်ရပ်ကွက် ဘိုးဘွားသုသာန်ကို ဝန်ထမ်းအိမ်ရာ ခရိုင်ပညာရေးမှုးရုံး အတွက် သင်းချိုင်း အုတ်ဂူများ ဖယ်ရှားခဲ့သော်လည်း ဒေသခံများနှင့် သင်းချိုင်းအုတ်ဂူနှင့် သက်ဆိုင်သူများကို အသိပေးခြင်း မရှိဘဲ ဖယ်ရှားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့သစ်ရပ်ကွက် ဒုဥက္ကဌ Cross Thang “ကျတော်တို့ ချင်းတွေက အုတ်ဂူတစ်လုံးကို အိမ်တစ်လုံးလို မြတ်နိုးတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုမျိုးနဲ့ သေသေ ကျတော်တို့ အလောင်းကို သေသေချာချာလေး အုတ်ဂူလုပ်ပေးလေ့ရှိတယ်။ ဒီလိုမြတ်နိုးတဲ့ ကြားထဲ အဖျက်ဆီးပါခံရတယ် ဆိုတော့ ကျတော်တို့ စိတ်ကိုလာစွနေသလိုဖြစ်တယ်”ဟုပြောသည်။

အုတ်ဂူဖျက်ဆီး ခံရသည့် (၁၇)လုံးထဲတွင် (၄)လုံးမှာ ပျောက်ဆုံးသွားသည်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေချိန်တွင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများအပေါ် ရက်စက်သည်ဟု မြင်မိကြောင်း ဟားခါးမြို့သစ်ရပ်ကွက် ဒုဥက္ကဌ Cross Thang ကပြောသည်။

မြို့သစ်ရပ်ကွက် လူငယ်ဥက္ကဌ ဆလိုင်းကျုံးပီးမှ “သင်းချိုင်းကုန်း မြေနေရာဆိုတာ သူတို့အစကတည်းက သူတို့သိပြီးသား အုတ်ဂူ (၁၇)လုံးလောက်တော့ ဖော်လိုက်တယ် အဲဒီမှာ အုတ်ဂှု (၄)လုံး လောက်ကတော့ ပျက်စီးသွားတယ်။ အဲဒီလိုဖြစ်တာကို သူတို့က မမြင်လို့ လုပ်မိတယ်လို့ ပြောတာကလည်း ရုပ်တိမရှိဘူး”ဟုပြောသည်။

မြို့သစ် ဘိုးဘွားသုသာန်ကို ခရိုင်ပညာရေးဖက်မှ တာဝန်ရှိသူများမှ အဖျက်ဆီးခံ အုတ်ဂူနှင့် သက်ဆိုင်သူများကို တောင်းပန်ခဲ့သော်လည်း ဒေသခံအများပြည်သူကို တောင်းပန်ခဲ့ခြင်း မရှိကြောင်းလည်း ဆလိုင်းကျုံးပီးကပြောသည်။

သူကဆက်ပြီး “ဒီလိုမျိုးအသိမပေးဘဲ ဒေသခံတွေနဲ့လည်း ညှိနှိုင်းမှုမရှိဘဲနဲ့ ဒီလိုမျိုးလုပ်တာတော့ ကျတော်တို့ အနေနဲ့ အဆော်ကားခံရတယ်လို့ သက်မှတ်တယ်။ သူတို့ဖက်ကလည်း ကျတော်တို့မှားပါတယ် ခွင့်လွှတ်ပါဆိုပြီး သချိုင်းအဖျက်ဆီးခံရသူတွေကိုသာ တောင်းပန်တယ် ဒေသခံတွေကို တောင်းပန်တာမျိုးလည်း မရှိဘူး”ဟုပြောသည်။

ဟားခါးမြို့ ခရိုင်ပညာရေးရုံး တည်ဆောက်ရန် အစိုးရဖက်မှ ခွင့်ပြုထားသည့် မြေဧက (၂)ဧက ထဲတွင် ဘိုးဘွားသုသာန် ပါရှိနေပြီး အဆိုပါ သုသာန်များကို ခရိုင်ပညာရေးဖက်မှ သော်လည်းကောင်း တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္မဏီဖက်မှ လုပ်ထုံးလုပ်နည်းနှင့် သချိုင်းအုတ်ဂှုနှင့် သက်ဆိုင်သူများကို ဆက်သွယ်ရန် အခက်ခဲများကြောင့် ဖြစ်နိုင်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “အစိုးရနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ဘူး ကျောင်းဧရိယာက ဧက(၂၀)ကျော်ရှိတယ် အဲဒီအထဲမှာမှ ခရိုင်ပညာရေးရုံး ဆောက်လုပ်ဖို့ (၂)ဧက ခရိုင်ပညာရေးကို ပေးထားတာ သူတို့လည်း ဘတ်ဂျက်ရတဲ့ အခါကျတော့ အဆောက်ဦး ဆောက်လုပ်ဖို့ မြေညှိတာတွေ လုပ်ကျတယ် အဲဒီမှာ အရင်က သချိုင်းဟောင်းက ပါနေတယ် ထင်တယ် ဆောက်လုပ်ရေးနဲ့ ပညာရေးဖက်က လုပ်ထုံးလုပ်နည်း နားမလည်လို့ဖြစ်တယ် နောက်ပြီး ကံယကံရှင် ဘယ်သူ့ကို ဆက်သွယ်ရမှန်း မသိတာလည်း ဖြစ်နိုင်တယ်”ဟုပြောသည်။

ဟားခါးမြို့သစ် ဘိုးဘွားသုသာန်တွင် ပြောင်းရွေ့ရမည့် အုတ်ဂူများအတွက် ကာယံကံရှင်များကို ခရိုင်ပညာရေးရုံး တည်ဆောက်နေသည့် ဆောက်လုပ်ရေးကုမ္မဏီဖက်မှ အကုန်ကျများကို တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version

ဟားခါးတွင် ပညာရေးဝန်ထမ်းအိမ်ရာဆောက်ရန် သင်းချိုင်းအုတ်ဂူများ အသိမပေးဘဲ ဖြိုချမှုကြောင့် ဒေသခံများမကျေနပ်
================
Salai Khup Khup

ဟားခါးမြို့ မြို့သစ်ရပ်ကွက် ဘိုးဘွားသုသာန်ကို ဝန်ထမ်းအိမ်ရာ ခရိုင်ပညာရေးမှုးရုံး အတွက် သင်းချိုင်း အုတ်ဂူများ ဖယ်ရှားခဲ့သော်လည်း ဒေသခံများနှင့် သင်းချိုင်းအုတ်ဂူနှင့် သက်ဆိုင်သူများကို အသိပေးခြင်း မရှိဘဲ ဖယ်ရှားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့သစ်ရပ်ကွက် ဒုဥက္ကဌ Cross Thang “ကျတော်တို့ ချင်းတွေက အုတ်ဂူတစ်လုံးကို အိမ်တစ်လုံးလို မြတ်နိုးတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုမျိုးနဲ့ သေသေ ကျတော်တို့ အလောင်းကို သေသေချာချာလေး အုတ်ဂူလုပ်ပေးလေ့ရှိတယ်။ ဒီလိုမြတ်နိုးတဲ့ ကြားထဲ အဖျက်ဆီးပါခံရတယ် ဆိုတော့ ကျတော်တို့ စိတ်ကိုလာစွနေသလိုဖြစ်တယ်”ဟုပြောသည်။

အုတ်ဂူဖျက်ဆီး ခံရသည့် (၁၇)လုံးထဲတွင် (၄)လုံးမှာ ပျောက်ဆုံးသွားသည်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်နေချိန်တွင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများအပေါ် ရက်စက်သည်ဟု မြင်မိကြောင်း ဟားခါးမြို့သစ်ရပ်ကွက် ဒုဥက္ကဌ Cross Thang ကပြောသည်။

မြို့သစ်ရပ်ကွက် လူငယ်ဥက္ကဌ ဆလိုင်းကျုံးပီးမှ “သင်းချိုင်းကုန်း မြေနေရာဆိုတာ သူတို့အစကတည်းက သူတို့သိပြီးသား အုတ်ဂူ (၁၇)လုံးလောက်တော့ ဖော်လိုက်တယ် အဲဒီမှာ အုတ်ဂှု (၄)လုံး လောက်ကတော့ ပျက်စီးသွားတယ်။ အဲဒီလိုဖြစ်တာကို သူတို့က မမြင်လို့ လုပ်မိတယ်လို့ ပြောတာကလည်း ရုပ်တိမရှိဘူး”ဟုပြောသည်။

မြို့သစ် ဘိုးဘွားသုသာန်ကို ခရိုင်ပညာရေးဖက်မှ တာဝန်ရှိသူများမှ အဖျက်ဆီးခံ အုတ်ဂူနှင့် သက်ဆိုင်သူများကို တောင်းပန်ခဲ့သော်လည်း ဒေသခံအများပြည်သူကို တောင်းပန်ခဲ့ခြင်း မရှိကြောင်းလည်း ဆလိုင်းကျုံးပီးကပြောသည်။

သူကဆက်ပြီး “ဒီလိုမျိုးအသိမပေးဘဲ ဒေသခံတွေနဲ့လည်း ညှိနှိုင်းမှုမရှိဘဲနဲ့ ဒီလိုမျိုးလုပ်တာတော့ ကျတော်တို့ အနေနဲ့ အဆော်ကားခံရတယ်လို့ သက်မှတ်တယ်။ သူတို့ဖက်ကလည်း ကျတော်တို့မှားပါတယ် ခွင့်လွှတ်ပါဆိုပြီး သချိုင်းအဖျက်ဆီးခံရသူတွေကိုသာ တောင်းပန်တယ် ဒေသခံတွေကို တောင်းပန်တာမျိုးလည်း မရှိဘူး”ဟုပြောသည်။

ဟားခါးမြို့ ခရိုင်ပညာရေးရုံး တည်ဆောက်ရန် အစိုးရဖက်မှ ခွင့်ပြုထားသည့် မြေဧက (၂)ဧက ထဲတွင် ဘိုးဘွားသုသာန် ပါရှိနေပြီး အဆိုပါ သုသာန်များကို ခရိုင်ပညာရေးဖက်မှ သော်လည်းကောင်း တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္မဏီဖက်မှ လုပ်ထုံးလုပ်နည်းနှင့် သချိုင်းအုတ်ဂှုနှင့် သက်ဆိုင်သူများကို ဆက်သွယ်ရန် အခက်ခဲများကြောင့် ဖြစ်နိုင်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “အစိုးရနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ဘူး ကျောင်းဧရိယာက ဧက(၂၀)ကျော်ရှိတယ် အဲဒီအထဲမှာမှ ခရိုင်ပညာရေးရုံး ဆောက်လုပ်ဖို့ (၂)ဧက ခရိုင်ပညာရေးကို ပေးထားတာ သူတို့လည်း ဘတ်ဂျက်ရတဲ့ အခါကျတော့ အဆောက်ဦး ဆောက်လုပ်ဖို့ မြေညှိတာတွေ လုပ်ကျတယ် အဲဒီမှာ အရင်က သချိုင်းဟောင်းက ပါနေတယ် ထင်တယ် ဆောက်လုပ်ရေးနဲ့ ပညာရေးဖက်က လုပ်ထုံးလုပ်နည်း နားမလည်လို့ဖြစ်တယ် နောက်ပြီး ကံယကံရှင် ဘယ်သူ့ကို ဆက်သွယ်ရမှန်း မသိတာလည်း ဖြစ်နိုင်တယ်”ဟုပြောသည်။

ဟားခါးမြို့သစ် ဘိုးဘွားသုသာန်တွင် ပြောင်းရွေ့ရမည့် အုတ်ဂူများအတွက် ကာယံကံရှင်များကို ခရိုင်ပညာရေးရုံး တည်ဆောက်နေသည့် ဆောက်လုပ်ရေးကုမ္မဏီဖက်မှ အကုန်ကျများကို တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။