Input your search keywords and press Enter.

ဆမီး-ပလက်ဝ ကြား ၁၂ ဘီးကားတစ်စီးမီးရှို့ခံရမှုကြောင့် သိန်းပေါင်း ၈၅၀ ကျော်ဆုံးရှုံး

Salai C Lian

မြန်မာနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်း လုပ်ငန်းမှာ အသုံးပြုဖို့ လောင်စာဆီနဲ့ စားနပ်ရိက္ခာ တင်ဆောင်တဲ့ ၁၂ ဘီးတပ် ကုန်တင်ကားကို ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီး – ပလက်ဝကြားလမ်းပေါ်တွင်် မတူပီမြို့မှ ကုန်ပစ္စည်းများကိုသယ်ဆောင်လာသော ၁၂ ဘီးကားတစ်စီးသည် ဖေဖော်ဝါရီလ (၂၉) ရက်နေ့ တွင် မီးရှို့ဖျက်စီးခြင်းခံရခြင်းကြောင်း ကျပ်သိန်းပေါင်း ၈၅၀ ကျော်ဆုံးရှုံးကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “အမှန်ကတော့ ကုလားတန်မြစ်ကြောင်း တစ်ဖက်နိုင်ငံ အန္ဒိယမှာလုပ်နေတဲ့ စက်ယန္တယားအတွက်နှင့် သူတို့စားဖို့အတွက်ပဲ ဖြစ်တယ်၊ မီးရှို့လိုက်တဲ့ဟာက မီဇိုရမ်ပြည်နယ် ဇိုရမ်ပိုလမ်းအတွက် ဖြစ်နေတယ်၊ ကားတန်ဖိုးက သိန်းပေါင်း ၆၀၀ လောက်ဆိုတော့ စက်သုံးဆီအောက်တိန်း၊ ဒီဇယ်၊ ဆန်၊ ကြက်သွန်တွေ လက်ရှိတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၅၀ လောက်ဆိုတော့ သိန်း ၈၅၀ လောက်တော့ ဆုံးရှုံးရတယ်လို့ သိရပါတယ်” ဟု ပြောသည်။

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် မြန်မာနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်း လုပ်ငန်း သတ်မှတ်ရက်တွင် ပြီးစီးအောင် မလုပ်ဆောင်နိုင်ခြင်း အခြေအနေဖြစ်နေကြောင်း သိရသည်။

စည်ပင် ဝန်ကြီး ဦး စိုးထက်က “ကားမီးရှို့တာနဲ့ ပတ်သက်ပြီး အဲဒီမှာလည်း ရိုက်ခတ်မှုတော့ရှိမယ် ထင်တယ်၊ ကျွန်တော်တို့ကတော့ ချင်းမျိုးသားနေ့မှာ ဖွင့်ပွဲလုပ်ဖို့ ရည်ရွယ်ထားတယ်၊ ကျွန်တော်တို့ နဂိုသက်မှတ်တဲ့ချိန်မှာ မဖွင့်နိုင်တော့ဘူးပေါ့၊ အရင်တုန်းက သံဘောင်တွေ မီးရှို့ခံရတာတွေနဲ့ အဲ့ဒီနား မကြာမကြာ တို်က်ပွဲတွေဖြစ်နေတော့ နောက်ကျနေတယ်၊ မတ်လကုန်မှာတော့ အပြီးစီးလုပ်ဆောင်နိုင်မယ်၊ ကုလားတန်တံတားကတော့ ပြီးခါနီးပြီ၊ လက်စသတ်နေပြီ အချောကိုင်နေတယ်” ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီ ပထမအပတ်မှ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း သွားလာမှု ရပ်ဆိုင်းခဲ့ပြီး မိုင် ၂၀၀ ခန့်ဝေးသည့် ကုန်းလမ်းဖြင့် စားနပ်ရိက္ခာပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပလက်ဝအတွက်ဒီဇယ် ပေပါ အလုံး ၄၀ ၊ အောက်တိမ်း အလုံး ၄၀ ၊ဆန်ဆီဆားတွေသယ်လာတဲ့ ၁၂ ဘီးကားကို စစ်တပ်ရဲ့ရိက္ခာသယ်ဆောင်လာတယ်ဆိုပြီး မီးရှို့လိုက်ကြတာ။ ပလက်ဝနှင့် ဆမီးက ၄၂ မိုင်ဝေးပြီးတော့ ပလက်ဝရောက်ဖို့ ၁၆ မိုင်အလိုမှာ အခုလို မီးရှို့ဖျက်စီးခံရတာဖြစ်တယ်” ဆမီးဒေသခံတစ်ဦးက ပြောဆိုခဲ့ကြောင်း Taugzalat Times ကဖော်ပြထားသည်။

ပလက်ဝတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ပြီး ဒုတိယအကြိမ် အင်တာနက်များဖြတ်တောက်ထားပြီးမြို့တွင်းကို ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးနှင့် ရေပေးဝေရေးအတွက်အသုံးပြုသည့်စက်များ အတွက်စက်သုံးဆီများပြတ်လပ် လျက်ရှိကြောင်းသိရသည်။

Zawgyi Version

ဆမီး-ပလက္၀ ၾကား ၁၂ ဘီးကားတစ္စီးမီးရိႈ႕ခံရမႈေၾကာင့္ သိန္းေပါင္း ၈၅၀ ေက်ာ္ဆုံးရႈံး

ျမန္မာနဲ႔ အိႏၵိယႏုိင္ငံ အစိုးရတို႔ ပူးေပါင္းေဆာင္ရြက္ေနသည္႔ ကုလားတန္စီမံကိန္း လုပ္ငန္းမွာ အသုံးျပဳဖို႔ ေလာင္စာဆီနဲ႔ စားနပ္ရိကၡာ တင္ေဆာင္တဲ့ ၁၂ ဘီးတပ္ ကုန္တင္ကားကို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္၊ ဆမီး – ပလက္၀ၾကားလမ္းေပၚတြင္္ မတူပီၿမိဳ႕မွ ကုန္ပစၥည္းမ်ားကိုသယ္ေဆာင္လာေသာ ၁၂ ဘီးကားတစ္စီးသည္ ေဖေဖာ္၀ါရီလ (၂၉) ရက္ေန႔ တြင္ မီးရိႈ႕ဖ်က္စီးျခင္းခံရျခင္းေၾကာင္း က်ပ္သိန္းေပါင္း ၈၅၀ ေက်ာ္ဆုံးရႈံးေၾကာင္း ခ်င္းျပည္နယ္ အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦး စုိးထက္ကေျပာသည္။

၀န္ႀကီး ဦး စုိးထက္က “အမွန္ကေတာ့ ကုလားတန္ျမစ္ေၾကာင္း တစ္ဖက္ႏုိင္ငံ အႏၵိယမွာလုပ္ေနတဲ့ စက္ယႏၱယားအတြက္ႏွင့္ သူတုိ႔စားဖုိ႔အတြက္ပဲ ျဖစ္တယ္၊ မီးရႈိ႕လုိက္တဲ့ဟာက မီဇုိရမ္ျပည္နယ္ ဇုိရမ္ပုိလမ္းအတြက္ ျဖစ္ေနတယ္၊ ကားတန္ဖုိးက သိန္းေပါင္း ၆၀၀ ေလာက္ဆုိေတာ့ စက္သုံးဆီေအာက္တိန္း၊ ဒီဇယ္၊ ဆန္၊ ၾကက္သြန္ေတြ လက္ရွိတန္ဖုိးေငြ က်ပ္သိန္းေပါင္း ၂၅၀ ေလာက္ဆုိေတာ့ သိန္း ၈၅၀ ေလာက္ေတာ့ ဆုံးရႈံးရတယ္လုိ႔ သိရပါတယ္” ဟု ေျပာသည္။

ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔အၾကား စစ္ေရးတင္းမာေနဆဲ အေျခအေနေၾကာင့္ ျမန္မာႏွင့္ အိႏၵိယႏုိင္ငံ အစိုးရတို႔ ပူးေပါင္းေဆာင္ရြက္ေနသည္႔ ကုလားတန္စီမံကိန္း လုပ္ငန္း သတ္မွတ္ရက္တြင္ ၿပီးစီးေအာင္ မလုပ္ေဆာင္ႏုိင္ျခင္း အေျခအေနျဖစ္ေနေၾကာင္း သိရသည္။

စည္ပင္ ၀န္ႀကီး ဦး စုိးထက္က “ကားမီးရႈိ႕တာနဲ႔ ပတ္သက္ၿပီး အဲဒီမွာလည္း ရုိက္ခတ္မႈေတာ့ရွိမယ္ ထင္တယ္၊ ကၽြန္ေတာ္တုိ႔ကေတာ့ ခ်င္းမ်ဳိးသားေန႔မွာ ဖြင့္ပြဲလုပ္ဖုိ႔ ရည္ရြယ္ထားတယ္၊ ကၽြန္ေတာ္တုိ႔ နဂုိသက္မွတ္တဲ့ခ်ိန္မွာ မဖြင့္ႏုိင္ေတာ့ဘူးေပါ့၊ အရင္တုန္းက သံေဘာင္ေတြ မီးရႈိ႕ခံရတာေတြနဲ႔ အဲ့ဒီနား မၾကာမၾကာ တုိ္က္ပြဲေတြျဖစ္ေနေတာ့ ေနာက္က်ေနတယ္၊ မတ္လကုန္မွာေတာ့ အၿပီးစီးလုပ္ေဆာင္ႏုိင္မယ္၊ ကုလားတန္တံတားကေတာ့ ၿပီးခါနီးၿပီ၊ လက္စသတ္ေနၿပီ အေခ်ာကုိင္ေနတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ေဖေဖာ္၀ါရီ ပထမအပတ္မွ ေက်ာက္ေတာ္-ပလက္၀ ေရလမ္းေၾကာင္း သြားလာမႈ ရပ္ဆိုင္းခဲ့ၿပီး မုိင္ ၂၀၀ ခန္႔ေ၀းသည္႔ ကုန္းလမ္းျဖင့္ စားနပ္ရိကၡာပုိ႔ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ပလက္၀အတြက္ဒီဇယ္ ေပပါ အလံုး ၄၀ ၊ ေအာက္တိမ္း အလံုး ၄၀ ၊ဆန္ဆီဆားေတြသယ္လာတဲ့ ၁၂ ဘီးကားကို စစ္တပ္ရဲ႕ရိကၡာသယ္ေဆာင္လာတယ္ဆိုၿပီး မီးရိႈ႕လိုက္ၾကတာ။ ပလက္၀ႏွင့္ ဆမီးက ၄၂ မိုင္ေ၀းၿပီးေတာ့ ပလက္၀ေရာက္ဖို႕ ၁၆ မိုင္အလိုမွာ အခုလို မီးရိႈ႕ဖ်က္စီးခံရတာျဖစ္တယ္” ဆမီးေဒသခံတစ္ဦးက ေျပာဆုိခဲ့ေၾကာင္း Taugzalat Times ကေဖာ္ျပထားသည္။

ပလက္၀တြင္ ေဖေဖာ္၀ါရီလ ၄ ရက္ေန႕မွစတင္ၿပီး ဒုတိယအႀကိမ္ အင္တာနက္မ်ားျဖတ္ေတာက္ထားၿပီးၿမိဳ႕တြင္းကို ျဖန္႕ျဖဴးေပးေနေသာ လွ်ပ္စစ္မီးႏွင့္ ေရေပးေ၀ေရးအတြက္အသံုးျပဳသည့္စက္မ်ား အတြက္စက္သံုးဆီမ်ားျပတ္လပ္ လ်က္ရွိေၾကာင္းသိရသည္။