Input your search keywords and press Enter.

၂၀၂၀ ခုနှစ် ကြပ်ကြာကုသ် ပွဲတော်သို့ မီဇိုရမ်ဝန်ကြီးချုပ် တက်ရောက်မည်ဟု သိရ

Salai C Lian

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် လာမည့် ဧပြီလ (၉/၁၀) ရက်နေ့တွင် မီဇိုးချင်းမျိုးနွယ်များဦးဆောင်မှုဖြင့် ကြပ်ကြာကုသ် ပွဲတော်ကျင်းပမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မီဇိုးချင်းမျိုးနွယ်များ ကြပ်ကြာကုသ် ပွဲတော်ကို မီဇိုးမျိုးနွယ်စုပွဲအဖြစ် မတ်လနှင့် ဧပြီလအတွင်း သင့်တော်ရာနေ့ရက်တွေကို ရွေးချယ်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကြပ်ကြာကုသ် ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်သူ Pu Thangliana က “ကျွန်တော်တို့ ဒီနှစ်ကြပ်ကြာကုသ်ပွဲတော်မှာ အထူးဧည့်သည်တော်အနေနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နှင့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်တို့ကို ဖိတ်ထားတယ်၊ သူတို့ကလည်း တက်ရောက်ဖို့ အတည်ပြုခဲ့ပြီးပြီ” ဟု ပြောသည်။

ယင်းကြပ်ကြာကုသ်ပွဲတော် ကျင်းပရခြင်းသည် မျိုးဆက်သစ်လူများအနေဖြင့် ဘိုဘွားအမွေပေးခဲ့သည့် ရိုးရာဓလေ့များကို ထိန်းသိမ်းထားတက်ဖို့နှင့် တန်ဖိုးထားတက်ဖို့ ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း Pu Thanglianaက ရှင်းပြသည်။

သူက “ကျွန်တော်တို့ ဒီကြပ်ကြာကုသ်ပွဲတော်အတွက် ဆောင်ပုဒ်အနေဖြင့် မီဇိုးတို့ရဲ့ ဘိုးဘွားအမွေအနှစ် ကြပ်ကြာကုသ်ဆိုပြီး ထားတယ်၊ ဆိုလိုရင်းကတော့ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေက ဘိုးဘွားအမွေအနှစ်တွေကို ထိန်းသိမ်းတန်ဖိုးထားတတ်ဖို့နှင့် နောက်နောင်တွေမှာလည်း ထိန်းသိမ်းဖို့ ကျင်းပရခြင်းဖြစ်တယ်၊ ဒီမှာလည်း ရိုးရာဓလေ့ထဲက အကမျိုးဆုံနဲ့လည်း ဖော်ထုတ်သွားမယ်” ဟု ပြောသည်။

ထို့ပြင် ၂၀၂၀ ခုနှစ် ကြပ်ကြာကုသ်ပွဲတော်တွင် အစိုးရအကြီးအကဲများအပြင် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးနှင့် အနုပညာ စတဲ့ကဏ္ဍအသီးသီးတွင် နာမည်ကြီးနေသည့် အဆိုတော်ကို ထွဏ်းခမ်၊ Lalnunsanga, Hlutea, Fred, Billy, Rualthana [Oxygen], Benjamin Sum နှင့် မီဇိုရမ်ပြည်နယ်မှ အဆိုများမှ ဖျော်ဖြေသွားမည်ဖြစ်သည်။

Zawgyi Version

၂၀၂၀ ခုႏွစ္ ၾကပ္ၾကာကုသ္ ပြဲေတာ္သုိ႔ မီဇုိရမ္၀န္ႀကီးခ်ဳပ္ တက္ေရာက္မည္ဟု သိရ

စစ္ကုိင္းတုိင္းေဒသႀကီး၊ ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္တြင္ လာမည္႔ ဧၿပီလ (၉/၁၀) ရက္ေန႔တြင္ မီဇိုးခ်င္းမ်ိဳးႏြယ္မ်ားဦးေဆာင္မႈျဖင့္ ၾကပ္ၾကာကုသ္ ပြဲေတာ္က်င္းပမည္ျဖစ္ၿပီး အိႏၵိယႏုိင္ငံ၊ မီဇုိရမ္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ Pu Zoramthanga တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

မီဇိုးခ်င္းမ်ိဳးႏြယ္မ်ား ၾကပ္ၾကာကုသ္ ပြဲေတာ္ကို မီဇုိးမ်ိဳးႏြယ္စုပြဲအျဖစ္ မတ္လႏွင့္ ဧၿပီလအတြင္း သင့္ေတာ္ရာေန႔ရက္ေတြကို ေ႐ြးခ်ယ္ၿပီး ႏွစ္စဥ္က်င္းပျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

ၾကပ္ၾကာကုသ္ ပြဲေတာ္ျဖစ္ေျမာက္ေရး ဦးေဆာင္သူ Pu Thangliana က “ကၽြန္ေတာ္တုိ႔ ဒီႏွစ္ၾကပ္ၾကာကုသ္ပြဲေတာ္မွာ အထူးဧည္႔သည္ေတာ္အေနနဲ႔ စစ္ကုိင္းတုိင္း ၀န္ႀကီးခ်ဳပ္ႏွင့္ မီဇုိရမ္ျပည္နယ္ ၀န္ႀကီးခ်ဳပ္တုိ႔ကုိ ဖိတ္ထားတယ္၊ သူတုိ႔ကလည္း တက္ေရာက္ဖုိ႔ အတည္ျပဳခဲ့ၿပီးၿပီ” ဟု ေျပာသည္။

ယင္းၾကပ္ၾကာကုသ္ပြဲေတာ္ က်င္းပရျခင္းသည္ မ်ဳိးဆက္သစ္လူမ်ားအေနျဖင့္ ဘုိဘြားအေမြေပးခဲ့သည္႔ ရုိးရာဓေလ့မ်ားကုိ ထိန္းသိမ္းထားတက္ဖုိ႔ႏွင့္ တန္ဖုိးထားတက္ဖုိ႔ ရည္ရြယ္ၿပီး က်င္းပရျခင္းျဖစ္ေၾကာင္း Pu Thanglianaက ရွင္းျပသည္။

သူက “ကၽြန္ေတာ္တုိ႔ ဒီၾကပ္ၾကာကုသ္ပြဲေတာ္အတြက္ ေဆာင္ပုဒ္အေနျဖင့္ မီဇုိးတုိ႔ရဲ႕ ဘိုးဘြားအေမြအႏွစ္ ၾကပ္ၾကာကုသ္ဆုိၿပီး ထားတယ္၊ ဆုိလုိရင္းကေတာ့ ကၽြန္ေတာ္တုိ႔ မ်ဳိးဆက္သစ္လူငယ္ေတြက ဘုိးဘြားအေမြအႏွစ္ေတြကုိ ထိန္းသိမ္းတန္ဖုိးထားတတ္ဖုိ႔ႏွင့္ ေနာက္ေနာင္ေတြမွာလည္း ထိန္းသိမ္းဖုိ႔ က်င္းပရျခင္းျဖစ္တယ္၊ ဒီမွာလည္း ရုိးရာဓေလ့ထဲက အကမ်ဳိးဆုံနဲ႔လည္း ေဖာ္ထုတ္သြားမယ္” ဟု ေျပာသည္။

ထုိ႔ျပင္ ၂၀၂၀ ခုႏွစ္ ၾကပ္ၾကာကုသ္ပြဲေတာ္တြင္ အစုိးရအႀကီးအကဲမ်ားအျပင္ ႏိုင္ငံေရး၊ ဘာသာေရး၊ လူမႈေရးႏွင့္ အႏုပညာ စတဲ့က႑အသီးသီးတြင္ နာမည္ႀကီးေနသည္႔ အဆိုေတာ္ကို ထြဏ္းခမ္၊ Lalnunsanga, Hlutea, Fred, Billy, Rualthana [Oxygen], Benjamin Sum ႏွင့္ မီဇုိရမ္ျပည္နယ္မွ အဆုိမ်ားမွ ေဖ်ာ္ေျဖသြားမည္ျဖစ္သည္။