Input your search keywords and press Enter.

ချင်းပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် မြေဆီ အဓီကလိုအပ်နေဟု MNF ဒုဥက္ကဌ ပြော

Salai C Lian

ချင်းပြည်နယ် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရေးနှင့် စိုက်ပျိုးသီးနှံကောင်းမွန်ဖို့ရန် အဓိက လိုအပ်ချက်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လက်ရှိအနိုင်ရပါတီဖြစ်သည့် Mizo National Front ဒုဥက္ကဌ Vanlalzawma ကပြောဆိုလိုက်ကြောင်း ဒေသသတင်းဌာနဖြစ်သည့် Vanglaini က ဖော်ပြထားသည်။

MNF ဒုဥက္ကဌ Vanlalzawma က “ကျွန်တော် ချင်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အခြားဝန်ကြီးတွေနဲ့လည်း ဖွ့ံဖြိုးရေးအတွက် ဆွေးနွေးတဲ့ဟာတွေရှိတယ်၊ အဲဒီထဲမှာကတော့ ချင်းပြည်နယ် အနေနဲ့က လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နှင့် မြေသြဇာကောင်းရဖို့ အဓိကလိုအပ်ချက်ဖြစ်တယ်” ဟု ပြောသည်။

ထို့ပြင် နှစ်နိုင်ငံချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တို့သည် လူမျိုးချင်းတူနေသော်လည်း နိုင်ငံတကာ နယ်နိမိတ်ကြောင့် နိုင်နိူင်ငံတွင် ခွဲနေရခြင်းဖြစ်ပြီး၊ နောက်နောင်တွင် မီဇိုရမ်ပြည်နယ် အနေဖြင့် Look East Policy မကျင့်သုံးတော့ပဲ ချင်းပြည်နယ်မှ လိုအပ်အသည်များကို မှယူလို့ ရတော့မည်ဖြစ်ကြောင်း MNF ဒုဥက္ကဌ Vanlalzawma က ပြောသည်။

သူက “Farkawn ကျေးရွာနှင့် Sangau ကျေးရွာဖက်ကနေ မြန်မာပြည်ကို အလွယ်တကူ သွားလို့ရတယ်၊ ကုန်သွယ်ရေးအတွက် လက်ရှိအချိန်ထိ အသုံးပြုတဲ့ Look East Policy တွေကို မကြာခင်ကျွန်တော်တို့ လက်လွှတ်လို့ရတော့မယ်၊ Silchar/Gawahati ဖက်ကနေ ပို့ဆောင်လာတဲ့ စားသောကုန်နှင့် ပစ္စည်းတွေကို လက်လွှတ်ထားလို့ရတော့မယ်၊ ကျွန်တော်တို့တွေဟာ အမြဲတမ်းဆင်းရဲနေမှာမဟုတ်ဘူး၊ Akyab, Tlabung နှင့် တီအိုချောင်းဖက်ကနေ ကျွန်တော်တို့ လိုအပ်တဲ့ဟာတွေကို အလွယ်တကူ မှာယူလို့ရတော့မယ်၊ နိုင်ငံတကာ နယ်နိမိတ်က ကျွန်တော်တို့ကို ခွဲခြမ်းခဲ့သော်လည်း ကျွန်တော်တို့ဟာ ညီကိုတွေဖြစ်တဲ့အတွက် ခွဲခြားလို့မရပါဘူး” ဟု ပြောသည်။

ချင်းအမျိုးသားနေ့နဲ့ မီဇိုရမ်ပြည်နယ်နေ့ရက် တူနီခြင်းကလည်း မီဇိုးလူမျိုးနှင့် ချင်းအမျိုးသားတို့ ပိုမိုနီးစေပြီး၊ ညီကိုချင်းဖြစ်သည့် သဏ္ဍာန်ကိုလည်း ပိုမိုပေါ်လွန်စေတယ် ဖြစ်ကြောင်း MNF ဒုဥက္ကဌ Vanlalzawma က ဆက်လက်ရှင်းပြည်။
Mizo National Front ဒုဥက္ကဌ Vanlalzawma သည် ဖေဖဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သော (၇၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် ဧည့်သည်တော်အနေဖြင့် ချင်းပြည်နယ် အစိုးရမှ ဖိတ်ကြားခံရပြီး၊ ချင်းပြည်နယ်အတွင်း ၄င်း၏ လုပ်ငန်းများပြန်လည်ရှင်းပြရာတွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း Vanglaini သတင်းဌာနက ဖော်ပြထားသည်။

Zawgyi Version

ခ်င္းျပည္နယ္အေနျဖင့္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ေရးႏွင့္ ေျမဆီ အဓီကလုိအပ္ေနဟု MNF ဒုဥကၠဌ ေျပာ

ခ်င္းျပည္နယ္ ျပည္သူမ်ားအေနျဖင့္ လမ္းပန္းဆက္သြယ္ေရး ပုိမုိေကာင္းမြန္ေရးႏွင့္ စုိက္ပ်ဳိးသီးႏွံေကာင္းမြန္ဖုိ႔ရန္ အဓိက လုိအပ္ခ်က္ျဖစ္သည္ဟု အိႏိၵယႏုိင္ငံ၊ မီဇုိရမ္ျပည္နယ္ လက္ရွိအႏုိင္ရပါတီျဖစ္သည္႔ Mizo National Front ဒုဥကၠဌ Vanlalzawma ကေျပာဆုိလုိက္ေၾကာင္း ေဒသသတင္းဌာနျဖစ္သည္႔ Vanglaini က ေဖာ္ျပထားသည္။

MNF ဒုဥကၠဌ Vanlalzawma က “ကၽြန္ေတာ္ ခ်င္းျပည္နယ္ ၀န္ႀကီးခ်ဳပ္အပါအ၀င္ အျခား၀န္ႀကီးေတြနဲ႔လည္း ဖြ႔ံၿဖိဳးေရးအတြက္ ေဆြးေႏြးတဲ့ဟာေတြရွိတယ္၊ အဲဒီထဲမွာကေတာ့ ခ်င္းျပည္နယ္ အေနနဲ႔က လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ဖုိ႔ႏွင့္ ေျမၾသဇာေကာင္းရဖုိ႔ အဓိကလုိအပ္ခ်က္ျဖစ္တယ္” ဟု ေျပာသည္။

ထုိ႔ျပင္ ႏွစ္ႏုိင္ငံခ်င္း ထိစပ္ေနသည္႔ အိႏၵိယႏုိင္ငံ၊ မီဇုိရမ္ျပည္နယ္ႏွင့္ ျမန္မာႏုိင္ငံ ခ်င္းျပည္နယ္တုိ႔သည္ လူမ်ဳိးခ်င္းတူေနေသာ္လည္း ႏုိင္ငံတကာ နယ္နိမိတ္ေၾကာင့္ ႏုိင္ႏူိင္ငံတြင္ ခြဲေနရျခင္းျဖစ္ၿပီး၊ ေနာက္ေနာင္တြင္ မီဇုိရမ္ျပည္နယ္ အေနျဖင့္ Look East Policy မက်င့္သုံးေတာ့ပဲ ခ်င္းျပည္နယ္မွ လုိအပ္အသည္မ်ားကုိ မွယူလုိ႔ ရေတာ့မည္ျဖစ္ေၾကာင္း MNF ဒုဥကၠဌ Vanlalzawma က ေျပာသည္။

သူက “Farkawn ေက်းရြာနွင့္ Sangau ေက်းရြာဖက္ကေန ျမန္မာျပည္ကုိ အလြယ္တကူ သြားလုိ႔ရတယ္၊ ကုန္သြယ္ေရးအတြက္ လက္ရွိအခ်ိန္ထိ အသုံးျပဳတဲ့ Look East Policy ေတြကုိ မၾကာခင္ကၽြန္ေတာ္တုိ႔ လက္လႊတ္လုိ႔ရေတာ့မယ္၊ Silchar/Gawahati ဖက္ကေန ပုိ႔ေဆာင္လာတဲ့ စားေသာကုန္ႏွင့္ ပစၥည္းေတြကို လက္လႊတ္ထားလုိ႔ရေတာ့မယ္၊ ကၽြန္ေတာ္တုိ႔ေတြဟာ အၿမဲတမ္းဆင္းရဲေနမွာမဟုတ္ဘူး၊ Akyab, Tlabung ႏွင့္ တီအုိေခ်ာင္းဖက္ကေန ကၽြန္ေတာ္တုိ႔ လိုအပ္တဲ့ဟာေတြကုိ အလြယ္တကူ မွာယူလုိ႔ရေတာ့မယ္၊ ႏုိင္ငံတကာ နယ္နိမိတ္က ကၽြန္ေတာ္တုိ႔ကုိ ခြဲျခမ္းခဲ့ေသာ္လည္း ကၽြန္ေတာ္တုိ႔ဟာ ညီကုိေတြျဖစ္တဲ့အတြက္ ခြဲျခားလုိ႔မရပါဘူး” ဟု ေျပာသည္။

ခ်င္းအမ်ဳိးသားေန႔နဲ႔ မီဇုိရမ္ျပည္နယ္ေန႔ရက္ တူနီျခင္းကလည္း မီဇုိးလူမ်ဳိးႏွင့္ ခ်င္းအမ်ဳိးသားတုိ႔ ပုိမုိနီးေစၿပီး၊ ညီကုိခ်င္းျဖစ္သည္႔ သ႑ာန္ကုိလည္း ပုိမုိေပၚလြန္ေစတယ္ ျဖစ္ေၾကာင္း MNF ဒုဥကၠဌ Vanlalzawma က ဆက္လက္ရွင္းျပည္။
Mizo National Front ဒုဥကၠဌ Vanlalzawma သည္ ေဖဖ၀ါရီလ (၂၀) ရက္ေန႔တြင္ က်ေရာက္ေသာ (၇၂) ႀကိမ္ေျမာက္ ခ်င္းအမ်ဳိးသားေန႔တြင္ ဧည္႔သည္ေတာ္အေနျဖင့္ ခ်င္းျပည္နယ္ အစုိးရမွ ဖိတ္ၾကားခံရၿပီး၊ ခ်င္းျပည္နယ္အတြင္း ၄င္း၏ လုပ္ငန္းမ်ားျပန္လည္ရွင္းျပရာတြင္ ေျပာဆုိခဲ့ျခင္းျဖစ္ေၾကာင္း Vanglaini သတင္းဌာနက ေဖာ္ျပထားသည္။