Input your search keywords and press Enter.

ချင်းပြည်နယ်တွင် စက်မှုဇုန်တည်ဆောက်ရန် မြေ ၆၃ ဧက လျာထား

Salai C.Lian

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဝေဘူလမြို့အနီးတွင် စက်မှုဇုန်တည်ဆောက်ရန် မြေ ၆၂ ဧက လျာထားလျှက်ရှိကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။

ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က “ကျွန်တော်တို့ သက်တမ်းမှာ ဆောက်လုပ်နိုင်ဖို့တော့ စီစဉ်တယ်၊ ပထမအနေနဲ့ အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုဇုန် ဆိုပြီး ဝေဘူလနဲ့နီးတဲ့ နေရာမှာ မြေ ၆၂ ဧကလောက်ရာထားပြီးပြီ၊ အဲဒီအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ရင်းနှီးမြုပ်နှံမဲ့သူတွေနဲ့ အခုကျွန်တော်တို့ ညိုနေတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ဝဥ ကုန်ချောထုတ်နိုင်သည့် စက်ရုံတစ်ခုသာရှိပြီး၊ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကုန်ချောထုတ်နိုင်ရန် စက်မှုဇုန် ထပ်မံတည်ဆောက်ဖို့ လိုအပ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်က ဆိုသည်။

သူက “အဲဒီလုပ်ငန်းအတွက် ချင်းပြည်နယ်မှာ ခေတ်စားနေတဲ့ ဝဥစက်ရုံတွေ ဆောက်လုပ်ဖို့လိုအပ်တယ်၊ ချင်းပြည်နယ် တောင်ပိုင်းမင်းတပ်မြို့မှာရှိပေမဲ့ မြောက်ပိုင်းဖက်အတွွက်တော့ လိုသေးတယ်၊ ကျွန်တော်တို့ သူဌေးတွေကလည်း ရင်းနှီးမြုပ်နှံဖို့လိုအပ်မယ်၊ ပြီးတော့ ကားစက်မှုဇုန်၊ အပ်ချုပ်စက်ရုံတို့ တည်ဆောက်နိုင်ဖို့ အခုကျွန်တော်တို့ စီမံကိန်းရေးဆွဲနေတယ်၊ မီးလိုင်းလည်း ရရှိနိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေတယ်” ဟု ပြောသည်။

ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်က က “အဲလိုပဲ တစ်မြို့နယ်တွေမှာ မြေပြန့်အများကြီး ရှိသေးတယ်၊ စက်မှုဇုန်ကတော့ ဘယ်မှာပဲ ဆောက်ဆောက်လက်တွဲ လုပ်နိုင်ဖို့က အဓိကပါပဲ၊ စီမံကိန်းအတွက် ပြည်ထောင်စုကိုလည်း ကျွန်တော်တို့တင်ပြီးပြီ၊ သူတို့ကလည်း ခဏခဏ ဒီစီမံကိန်းအကြောင်းကို မေးနေတော့ ကျွန်တော်တို့ကလည်း ထပ်တလဲလဲ ပြန်တင်ပြတယ်” ဟု ဆိုသည်။

ယခုလက်ရှိ ချင်းပြည်နယ်အစိုးရမှ အဓိကလုပ်ဆောင်နေသည့် စီမံကိန်းများတွင် ဆူရ်ဘုံလေယာဉ်ကွင်း စီမံကိန်း၊ ကုလားတန်မြစ်ကူးတံတားစီမံကိန်း၊ ဟားခါး သီမြစ် မြစ်ရေတင်စီမံကိန်း၊ မတူပီ ခရိုင်ရုံးများတည်ဆောက်ရေးစီမံကိန်း၊ ဟားခါး-ကလေး လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၊ ဟားခါး မြို့မစျေးသစ် တည်ဆောက်ရေးစီမံကိန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်း ဖောက်လုပ်ခြင်း စီမံကိန်းများ ပါဝင်ပြီး၊ အချို့စီမံကိန်းများ ပြီးစီးသော်လည်း အချို့စီမံကိန်း များကိုမူ ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

Zawgyi
ခ်င္းျပည္နယ္တြင္ စက္မႈဇုန္တည္ေဆာက္ရန္ ေၿမ ၆၃ ဧက လ်ာထား

ခ်င္းျပည္နယ္၊ ဖလမ္းခရိုင္၊ ေဝဘူလၿမိဳ႕အနီးတြင္ စက္မႈဇုန္တည္ေဆာက္ရန္ ေၿမ ၆၂ ဧက လ်ာထားလၽွက္ရွိေၾကာင္း ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က ေျပာသည္။

ဝန္ႀကီးခ်ဳပ္ ဆလိုင္း လ်န္လြယ္က “ကၽြန္ေတာ္တို႔ သက္တမ္းမွာ ေဆာက္လုပ္နိုင္ဖို႔ေတာ့ စီစဥ္တယ္၊ ပထမအေနနဲ႔ အေသးစား၊ အလတ္စား၊ အႀကီးစားစက္မႈဇုန္ ဆိုၿပီး ေဝဘူလနဲ႔နီးတဲ့ ေနရာမွာ ေၿမ ၆၂ ဧကေလာက္ရာထားၿပီးၿပီ၊ အဲဒီအတြက္ ပုဂၢလိက ကုမၸဏီေတြ၊ ရင္းႏွီးျမဳပ္ႏွံမဲ့သူေတြနဲ႔ အခုကၽြန္ေတာ္တို႔ ညိဳေနတယ္” ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ စီးပြားျဖစ္စိုက္ပ်ိဳးေရးလုပ္ငန္းအျဖစ္ ဝဥ ကုန္ေခ်ာထုတ္နိုင္သည့္ စက္႐ုံတစ္ခုသာရွိၿပီး၊ တစ္ျပည္နယ္လုံးအတိုင္းအတာျဖင့္ ကုန္ေခ်ာထုတ္နိုင္ရန္ စက္မႈဇုန္ ထပ္မံတည္ေဆာက္ဖို႔ လိုအပ္ေၾကာင္း ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္က ဆိုသည္။

သူက “အဲဒီလုပ္ငန္းအတြက္ ခ်င္းျပည္နယ္မွာ ေခတ္စားေနတဲ့ ဝဥစက္႐ုံေတြ ေဆာက္လုပ္ဖို႔လိုအပ္တယ္၊ ခ်င္းျပည္နယ္ ေတာင္ပိုင္းမင္းတပ္ၿမိဳ႕မွာရွိေပမဲ့ ေျမာက္ပိုင္းဖက္အတြြက္ေတာ့ လိုေသးတယ္၊ ကၽြန္ေတာ္တို႔ သူေဌးေတြကလည္း ရင္းႏွီးျမဳပ္ႏွံဖို႔လိုအပ္မယ္၊ ၿပီးေတာ့ ကားစက္မႈဇုန္၊ အပ္ခ်ဳပ္စက္႐ုံတို႔ တည္ေဆာက္နိုင္ဖို႔ အခုကၽြန္ေတာ္တို႔ စီမံကိန္းေရးဆြဲေနတယ္၊ မီးလိုင္းလည္း ရရွိနိုင္ဖို႔ ကၽြန္ေတာ္တို႔ႀကိဳးစားေနတယ္” ဟု ေျပာသည္။

ဝန္ႀကီးခ်ဳပ္ဆလိုင္းလ်န္လြယ္က က “အဲလိုပဲ တစ္ၿမိဳ႕နယ္ေတြမွာ ေျမျပန႔္အမ်ားႀကီး ရွိေသးတယ္၊ စက္မႈဇုန္ကေတာ့ ဘယ္မွာပဲ ေဆာက္ေဆာက္လက္တြဲ လုပ္နိုင္ဖို႔က အဓိကပါပဲ၊ စီမံကိန္းအတြက္ ျပည္ေထာင္စုကိုလည္း ကၽြန္ေတာ္တို႔တင္ၿပီးၿပီ၊ သူတို႔ကလည္း ခဏခဏ ဒီစီမံကိန္းအေၾကာင္းကို ေမးေနေတာ့ ကၽြန္ေတာ္တို႔ကလည္း ထပ္တလဲလဲ ျပန္တင္ျပတယ္” ဟု ဆိုသည္။

ယခုလက္ရွိ ခ်င္းျပည္နယ္အစိုးရမွ အဓိကလုပ္ေဆာင္ေနသည့္ စီမံကိန္းမ်ားတြင္ ဆူရ္ဘုံေလယာဥ္ကြင္း စီမံကိန္း၊ ကုလားတန္ျမစ္ကူးတံတားစီမံကိန္း၊ ဟားခါး သီျမစ္ ျမစ္ေရတင္စီမံကိန္း၊ မတူပီ ခရိုင္႐ုံးမ်ားတည္ေဆာက္ေရးစီမံကိန္း၊ ဟားခါး-ကေလး လမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္းစီမံကိန္း၊ ဟားခါး ၿမိဳ႕မေစ်းသစ္ တည္ေဆာက္ေရးစီမံကိန္း၊ နယ္စပ္ကုန္သြယ္ေရးလမ္း ေဖာက္လုပ္ျခင္း စီမံကိန္းမ်ား ပါဝင္ၿပီး၊ အခ်ိဳ႕စီမံကိန္းမ်ား ၿပီးစီးေသာ္လည္း အခ်ိဳ႕စီမံကိန္း မ်ားကိုမူ ဆက္လက္အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း သိရသည္။