Input your search keywords and press Enter.
ပလက်ဝတွင် တိုက်ပွဲပိုပြင်းထန်လာ၊ ကုန်စျေးနှုန်း နှစ်ဆတက်ပြီး ကုန်ပစ္စည်းများလည်း ပြတ်လုနီးဖြစ်
Salai Khup Khup
ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီလ(၂)ရက်နေ့ မှ စပြီးရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲပိုမို ပြင်းထန်လာပြီး မြို့နယ်ပြင်ပ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်စျေးနှုန်း နှစ်ဆတက်သည့်အပြင် ကုန်ပစ္စည်းများလည်း ပြတ်လုနီးပါးဖြစ်နေကြောင်း ပလက်ဝစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။
ပလက်ဝမြို့နယ် စစ်ဘေးရှောင်နှင့် သဘာဝဘေး ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်က “ဖေဖော်ဝါရီ (၂) ရက်နေ့ကစပြီး အခြေအနေတွေ ဆိုးလာတယ်။ လိုင်းစက်လှေတွေ ကုန်းလမ်း၊ ရေလမ်းကစ အကုန်လုံး ပိတ်ထားရတယ် ဆိုတော့ ဆန်တွေရရှိဖို့ ခက်ခဲလာတယ် ဆန်တွေကို ရခိုင်ပြည်ကနေ ဝယ်ပြီးတော့ မှီခိုနေရတာဆိုတော့ စားသောက်ကုန်တွေ ပလက်ဝမြို့မှာ ဝယ်စရာ မရှိတော့တဲ့ ဟာတွေရှိသလို ရှိတဲ့ဟာတွေကလည်း စျေးအဆမတန် ကြီးသွားတယ်”ဟုပြောသည်။
ယခင်က ကြက်ဥ (၈) လုံးလျှင် တစ်ထောင်ကျပ်၊ ဓာတ်ဆီ တစ်ဂါလံလျှင် ငါးထောင်ကျပ်၊ ရိုးရိုးဆန် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ် မှ ယခုအခါ ကြက်ဥ (၄) လုံးလျှင် တစ်ထောင်၊ ဓာတ်ဆီ တစ်ဂါလံလျှင် တစ်သောင်းကျပ်၊ ရိုးရိုးဆန်တစ်အိတ် သုံးသောင်းကျော်အထိ ကုန်စျေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထောင်တက်သွားခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်လာမှုကြောင့် ပလက်ဝမြို့ပေါ်အနီးနားတွင် လက်နက်ကြီးများကျကာ ထိခိုက်ဒဏ်ရာရရှိ သူများရှိနေပြီး ကျေးရွာအနီးနားတွင်လည်း လက်နက်ကြီးများ ကျရောက်လာပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်နေရသဖြင့် ကုန်းလမ်း ရေလမ်း ခရီးသွားယာဉ်များလည်း ရပ်နားထားရကြောင်း သိရသည်။
ပလက်ဝဒေသခံတစ်ဦးဖြစ်သူ ဦးဘူထန်ပိုင်က “မိသားစုတစ်စုမှာ ဆန်တစ်အိတ်ရှိတဲ့သူတောင်မှ ရှားရှားပါးပါးဖြစ်နေပြီ။ ထွေအုပ်ရုံးက စစ်ဘေးရှောင်တွေအတွက် ဆန်သိုလှောင်ထားတဲ့ဟာ အိတ်ပေါင်း တစ်ထောင်ဝန်းကျင်လောက်ရှိတယ်ထင်တယ်။ အဲဒါတောင်မှ အခုကုန်သွားပြီ။ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်က အဆင်းရဲဆုံး၊ အဲထဲမှာမှ ပလက်ဝက အဆင်းရဲဆုံး၊ အဲဒီကြားထဲ တိုက်ပွဲဖြစ်လာတော့ အလုပ်မလုပ်ရဲ၊ မသွားလာရဲအနေအထားထိဖြစ်နေပြီ” ဟုပြောသည်။
ထို့အပြင် ပလက်ဝမြို့ပေါ်အား မီးစက်နှိုးပြီး လျှပ်စစ်မီးပေးနေရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ ရက်ပိုင်းအတွင်း လျှပ်စစ်မီးပေးနိုင်မည့်အခြေအနေမရှိတော့ကြောင်း ဦးကျော်အောင်ကပြောသည်။
သူက “ပလက်ဝမြို့ပေါ်မှာ မီးပေးတာက စက်နဲ့နှိုးပြီးမီးပေးနေရတဲ့ အနေထားဆိုတော့ အခုက သွားလို့လာလို့ အဆင်မပြေဘူး ဆိုတော့ နောက်တစ်ရက် နှစ်ရက်လောက်ဆိုရင် မြို့ပေါ်မီးပေးနိုင် မလားဆိုတဲ့ အနေအထားတွေဖြစ်လာတယ်”ဟုပြောသည်။
လက်ရှိပလက်ဝမြို့ပေါ်တွင် ကုန်စျေးနှုန်း အဆမတန်ကြီးပြီး စားသောက်ကုန်များလည်း ရှားပါးလာမှုအပေါ် ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ချင်းပြည်နယ် အစိုးရအနေဖြင့်လည်း အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း ဦးကျော်အောင်က ပြောသည်။
Zawgyi
ပလက်ဝတွင် တိုက်ပွဲပိုပြင်းထန်လာ၊ ကုန်ဈေးနှုန်း နှစ်ဆတက်ပြီး ကုန်ပစ္စည်းများလည်း ပြတ်လုနီးဖြစ်
ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီလ(၂)ရက်နေ့ မှ စပြီးရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲပိုမို ပြင်းထန်လာပြီး မြို့နယ်ပြင်ပ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်ဈေးနှုန်း နှစ်ဆတက်သည့်အပြင် ကုန်ပစ္စည်းများလည်း ပြတ်လုနီးပါးဖြစ်နေကြောင်း ပလက်ဝစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသိရသည်။
ယခင်က ကြက်ဥ (၈) လုံးလျှင် တစ်ထောင်ကျပ်၊ ဓာတ်ဆီ တစ်ဂါလံလျှင် ငါးထောင်ကျပ်၊ ရိုးရိုးဆန် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ် မှ ယခုအခါ ကြက်ဥ (၄) လုံးလျှင် တစ်ထောင်၊ ဓာတ်ဆီ တစ်ဂါလံလျှင် တစ်သောင်းကျပ်၊ ရိုးရိုးဆန်တစ်အိတ် သုံးသောင်းကျော်အထိ ကုန်ဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထောင်တက်သွားခြင်းဖြစ်သည်။
လက်ရှိပလက်ဝမြို့ပေါ်တွင် ကုန်ဈေးနှုန်း အဆမတန်ကြီးပြီး စားသောက်ကုန်များလည်း ရှားပါးလာမှုအပေါ် ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ချင်းပြည်နယ် အစိုးရအနေဖြင့်လည်း အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း ဦးကျော်အောင်က ပြောသည်။