Input your search keywords and press Enter.

ကလေး – လက်ပံချောင်းလမ်းခင်းသည့် အရည်အသွေးအပေါ် ဒေသခံများဝေဖန်

Salai C.Lian

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး – ရာဇဂြိုလ်လမ်းမကြီး အဖြစ်အဆင့်မြှင့်တင်သည့် လမ်းမကြီးတည်ဆောက်မှု စီမံကိန်းတွင်ပါဝင်သည့် ကလေး – လက်ပံချောင်းအကြား လမ်းခင်းမှုတွင် ဒီဇိုင်းရေးဆွဲမှုမှအစ အရည်အသွေးပြည့်မီမှုမရှိကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။

လက်ပံချောင်းကျေးရွာဒေသခံ တက်ကြွလူငယ်တစ်ဦးဖြစ်သည့် ကို ဂျက်စီက “သူတို့တွေက ဒီဇိုင်းရှိပြီးသားလုပ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သူတို့ဒီဇိုင်းဆွဲတဲ့ဟာက တော်တော်ခေတ်နောက်ကျနေတယ်၊ ဂျာမနီနိုင်ငံကနေ ကူညီထောက်ပ့ံပေမဲ့ ဒီဇိုင်းဆွဲတာကိုတော့ ကမ္ဘောဒီးယားနိုင်ငံကို လွှဲလိုက်တယ်၊ သူတို့သုတေသနလာလုပ်တဲ့ချိန်မှာလည်း ဒေသခံတွေကို တွေ့ဆုံဆွေးနွေးတာတွေ တစ်ခုမှ မလုပ်ကြဘူး၊ အဲဒီအချက်ကတော်တော် ဆိုးတဲ့အခြေအနေဖြစ်တယ်” ဟု ပြောသည်။

ယင်းလမ်းဆောက်လုပ်ရေး စီမံကိန်းတွင် ဒီဇိုင်းဆွဲပြီးသားကိုသာ အခြေခံပြီး၊ လုပ်ငန်းများကို အကောင်အ ထည်ဆောင်ရွက်ကြောင်းနှင့် အရည်အသွေးပိုင်းတွင်လည်း မူလဒီဇိုင်းကို အခြေခံ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ်နေသည့် FCGC ကုမ္ပဏီမှ Quality Control အင်ဂျင်နီယာ ကို စိုးထက်ကိုကိုဦးက ပြောသည်။
သူက “ကျွန်တော်တို့ကတော့ အရည်အသွေးပိုင်းပဲဖြစ်ဖြစ် ဒီဇိုင်းဆွဲပြီးသားပေါ် မှုတည်ပြီးတော့ ဆောင်ရွက်တာပါ၊ ပြီးတော့ ဒီလမ်းမကြီးကတော့ ကတ္တရာမဟုတ်သေးဘူး၊ ကတ္တရာခင်းဖို့အတွက် ပထမအဆင့်လောက်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနေနဲ့က သက်မှတ်ပြီးသား ဒီဇိုင်း စီမံကိန်းကို ပြီးအောင်လုပ်ဖို့့ပဲ တာဝန်ရှိတယ်” ဟု ပြောသည်။

ထို့အပြင် လမ်းဆောက်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူအချို့မှ အသိပညာအားနည်းခြင်းကြောင့် ယခုကဲ့သို့ ဝေဖန်ပြောဆိုခြင်း ဖြစ်ကြောင်း လမ်းဆောက်လုပ်ရေးကန်ထရိုက်ရရှိသည့် KFW ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကို စိုးသီဟက မှတ်ချက်ပေးသည်။

ကို စိုးသီဟက “အရည်အသွေးကတော့ မနိမ့်ပါဘူး၊ သူရဲ့အဆင့်အတန်းတစ်ခုတော့ ရှိပါလိမ့်မယ်၊ တစ်ချို့လူတွေကတော့ သူတို့သိပ်မသိလို့လည်း ဖြစ်နိုင်တယ်၊ ပြင်ထိန်းကာလမှာ တာဝန်ယူနေတဲ့ အင်ဂျင်နီယာတွေကို သွားမေးလိုက်ရင်ရပါတယ်၊ ပြီးတော့ လုပ်နေတဲ့ကာလမှာ ကားတွေကလည်း တန်ချိန်များလွန်းတာတွေပါမယ်၊ ရာသီဥတု အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ပြုပြင်ထိန်းသိမ်းရေးကတော့ နှစ်တိုင်းအစိုးရနဲ့ လုပ်နေမှာပါ၊ စာချုပ်ထဲမှာလည်း အကုန်လုံးပါပြီးသားတွေ ဖြစ်တယ်” ဟု ဆိုသည်။

လမ်းဆောက်လုပ်ရေး စီမံကိန်း ဒီဇိုင်းရေးဆွဲရာတွင် ရွာတွင်းနှင့် ဒေသခံများအတွက် ထည့်တွက်စဉ်းစားပေးမှုမရှိပဲ ကလေး-ရာဇဂြိုလ် အဝေးပြေးလမ်းအတွက်သာ စီမံကိန်း ရေးဆွဲခြင်းကြောင့် ရွာတွင်းနှင့်ရွာခံပြည်သူများအတွက် အဆင်မပြေကြောင်း လက်ပံချောင်းကျေးရွာဒေသခံကပြောသည်။

ကို ဂျက်စီက “သူတို့ ဒီဇိုင်းထဲမှာ အဆိုးဆုံးနှစ်ချက်ပြောလိုက်ရင် တစ်ခုက လမ်းမကြီးကိုတော့ ကျယ်ကျယ်ချဲ့ပေးတယ်၊ ဒါပေမဲ့ လမ်းမအလယ်ကို အမြင့်ကြီးထားပြီးတော့ ဘေးနှစ်ဖက်ကိုတော့ နိမ့်နိမ့်လေးထားတော့ သွားလာတဲ့သူအတွက် အန္တရယ်တော်တော်များတယ်၊ သူတို့ကတော့ ဒေသခံတွေအတွက် မစဉ်းစားပေးဘူး၊ ကလေး-ရာဇဂြိုလ် အဝေးပြေးအတွက်ကိုပဲ စဉ်းစားကြတယ်၊ တံတားထိုးလိုက်ရင်လည်း ရေစီးကြောင်းအတိုင်း မလုပ်တော့ လယ်တောထဲထိ ရေတွေလျံှနေတယ်၊ ပိုက်လိုင်းကိုလည် မြေပြင်ကနေ ၂ ပေထိသွားတူးပြီးမြှုပ်တော့ မိုးတစ်ခါကျရင် သဲတွေက အကုန်လုံးဖုံးလိုက်တဲ့အတွက် ပိုနက်တဲ့နေရာကိုရောက်သွားတယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် လမ်းဆောက်လုပ်ရေးလုပ်ငန်းတစ်ခုပြီးစီးပါက ပြုပြင်ထိန်းသိမ်းပေးရန် ကုမ္ပဏီတစ်ခုကို တာဝန်ပေးထားပြီး၊ တစ်နှစ်အတွင်း လိုအပ်သည့် ပြုပြင်ထိန်းသိမ်ရန်အတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေချပေးထားကြောင်း သိရသည်။
Zawgyi
ကေလး – လက္ပံေခ်ာင္းလမ္းခင္းသည့္ အရည္အေသြးအေပၚ ေဒသခံမ်ားေဝဖန္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလး – ရာဇၿဂိဳလ္လမ္းမႀကီး အျဖစ္အဆင့္ျမႇင့္တင္သည့္ လမ္းမႀကီးတည္ေဆာက္မႈ စီမံကိန္းတြင္ပါဝင္သည့္ ကေလး – လက္ပံေခ်ာင္းအၾကား လမ္းခင္းမႈတြင္ ဒီဇိုင္းေရးဆြဲမႈမွအစ အရည္အေသြးျပည့္မီမႈမရွိေၾကာင္း ေဒသခံမ်ားက ေဝဖန္လ်က္ရွိသည္။

လက္ပံေခ်ာင္းေက်းရြာေဒသခံ တက္ႂကြလူငယ္တစ္ဦးျဖစ္သည့္ ကို ဂ်က္စီက “သူတို႔ေတြက ဒီဇိုင္းရွိၿပီးသားလုပ္တာေတာ့ မွန္ပါတယ္၊ ဒါေပမဲ့ သူတို႔ဒီဇိုင္းဆြဲတဲ့ဟာက ေတာ္ေတာ္ေခတ္ေနာက္က်ေနတယ္၊ ဂ်ာမနီနိုင္ငံကေန ကူညီေထာက္ပ့ံေပမဲ့ ဒီဇိုင္းဆြဲတာကိုေတာ့ ကေမၻာဒီးယားနိုင္ငံကို လႊဲလိုက္တယ္၊ သူတို႔သုေတသနလာလုပ္တဲ့ခ်ိန္မွာလည္း ေဒသခံေတြကို ေတြ႕ဆုံေဆြးေႏြးတာေတြ တစ္ခုမွ မလုပ္ၾကဘူး၊ အဲဒီအခ်က္ကေတာ္ေတာ္ ဆိုးတဲ့အေျခအေနျဖစ္တယ္” ဟု ေျပာသည္။

ယင္းလမ္းေဆာက္လုပ္ေရး စီမံကိန္းတြင္ ဒီဇိုင္းဆြဲၿပီးသားကိုသာ အေျခခံၿပီး၊ လုပ္ငန္းမ်ားကို အေကာင္အ ထည္ေဆာင္ရြက္ေၾကာင္းႏွင့္ အရည္အေသြးပိုင္းတြင္လည္း မူလဒီဇိုင္းကို အေျခခံ ေဆာက္လုပ္ျခင္း ျဖစ္ေၾကာင္း တာဝန္ယူ ေဆာက္လုပ္ေနသည့္ FCGC ကုမၸဏီမွ Quality Control အင္ဂ်င္နီယာ ကို စိုးထက္ကိုကိုဦးက ေျပာသည္။
သူက “ကၽြန္ေတာ္တို႔ကေတာ့ အရည္အေသြးပိုင္းပဲျဖစ္ျဖစ္ ဒီဇိုင္းဆြဲၿပီးသားေပၚ မႈတည္ၿပီးေတာ့ ေဆာင္ရြက္တာပါ၊ ၿပီးေတာ့ ဒီလမ္းမႀကီးကေတာ့ ကတၱရာမဟုတ္ေသးဘူး၊ ကတၱရာခင္းဖို႔အတြက္ ပထမအဆင့္ေလာက္ပဲ ရွိေသးတယ္၊ ကၽြန္ေတာ္တို႔အေနနဲ႔က သက္မွတ္ၿပီးသား ဒီဇိုင္း စီမံကိန္းကို ၿပီးေအာင္လုပ္ဖို႔့ပဲ တာဝန္ရွိတယ္” ဟု ေျပာသည္။

ထို႔အျပင္ လမ္းေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ပတ္သက္ၿပီး ျပည္သူအခ်ိဳ႕မွ အသိပညာအားနည္းျခင္းေၾကာင့္ ယခုကဲ့သို႔ ေဝဖန္ေျပာဆိုျခင္း ျဖစ္ေၾကာင္း လမ္းေဆာက္လုပ္ေရးကန္ထရိုက္ရရွိသည့္ KFW ကုမၸဏီ တာဝန္ရွိသူတစ္ဦးျဖစ္သူ ကို စိုးသီဟက မွတ္ခ်က္ေပးသည္။

ကို စိုးသီဟက “အရည္အေသြးကေတာ့ မနိမ့္ပါဘူး၊ သူရဲ့အဆင့္အတန္းတစ္ခုေတာ့ ရွိပါလိမ့္မယ္၊ တစ္ခ်ိဳ႕လူေတြကေတာ့ သူတို႔သိပ္မသိလို႔လည္း ျဖစ္နိုင္တယ္၊ ျပင္ထိန္းကာလမွာ တာဝန္ယူေနတဲ့ အင္ဂ်င္နီယာေတြကို သြားေမးလိုက္ရင္ရပါတယ္၊ ၿပီးေတာ့ လုပ္ေနတဲ့ကာလမွာ ကားေတြကလည္း တန္ခ်ိန္မ်ားလြန္းတာေတြပါမယ္၊ ရာသီဥတု အေျခအေနေၾကာင့္လည္း ျဖစ္နိုင္တယ္၊ ဒါေပမဲ့ ျပဳျပင္ထိန္းသိမ္းေရးကေတာ့ ႏွစ္တိုင္းအစိုးရနဲ႔ လုပ္ေနမွာပါ၊ စာခ်ဳပ္ထဲမွာလည္း အကုန္လုံးပါၿပီးသားေတြ ျဖစ္တယ္” ဟု ဆိုသည္။

လမ္းေဆာက္လုပ္ေရး စီမံကိန္း ဒီဇိုင္းေရးဆြဲရာတြင္ ရြာတြင္းႏွင့္ ေဒသခံမ်ားအတြက္ ထည့္တြက္စဥ္းစားေပးမႈမရွိပဲ ကေလး-ရာဇၿဂိဳလ္ အေဝးေျပးလမ္းအတြက္သာ စီမံကိန္း ေရးဆြဲျခင္းေၾကာင့္ ရြာတြင္းႏွင့္ရြာခံျပည္သူမ်ားအတြက္ အဆင္မေျပေၾကာင္း လက္ပံေခ်ာင္းေက်းရြာေဒသခံကေျပာသည္။

ကို ဂ်က္စီက “သူတို႔ ဒီဇိုင္းထဲမွာ အဆိုးဆုံးႏွစ္ခ်က္ေျပာလိုက္ရင္ တစ္ခုက လမ္းမႀကီးကိုေတာ့ က်ယ္က်ယ္ခ်ဲ႕ေပးတယ္၊ ဒါေပမဲ့ လမ္းမအလယ္ကို အျမင့္ႀကီးထားၿပီးေတာ့ ေဘးႏွစ္ဖက္ကိုေတာ့ နိမ့္နိမ့္ေလးထားေတာ့ သြားလာတဲ့သူအတြက္ အႏၲရယ္ေတာ္ေတာ္မ်ားတယ္၊ သူတို႔ကေတာ့ ေဒသခံေတြအတြက္ မစဥ္းစားေပးဘူး၊ ကေလး-ရာဇၿဂိဳလ္ အေဝးေျပးအတြက္ကိုပဲ စဥ္းစားၾကတယ္၊ တံတားထိုးလိုက္ရင္လည္း ေရစီးေၾကာင္းအတိုင္း မလုပ္ေတာ့ လယ္ေတာထဲထိ ေရေတြလ်ံွေနတယ္၊ ပိုက္လိုင္းကိုလည္ ေျမျပင္ကေန ၂ ေပထိသြားတူးၿပီးျမႇုပ္ေတာ့ မိုးတစ္ခါက်ရင္ သဲေတြက အကုန္လုံးဖုံးလိုက္တဲ့အတြက္ ပိုနက္တဲ့ေနရာကိုေရာက္သြားတယ္” ဟု ေျပာသည္။

အစိုးရအေနျဖင့္ လမ္းေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုၿပီးစီးပါက ျပဳျပင္ထိန္းသိမ္းေပးရန္ ကုမၸဏီတစ္ခုကို တာဝန္ေပးထားၿပီး၊ တစ္ႏွစ္အတြင္း လိုအပ္သည့္ ျပဳျပင္ထိန္းသိမ္ရန္အတြက္ ႏွစ္စဥ္ ဘ႑ာေရးႏွစ္အလိုက္ ရန္ပုံေငြခ်ေပးထားေၾကာင္း သိရသည္။