Input your search keywords and press Enter.

ကလေးမြို့ပြည်သူ့ဆေးရုံရှိ စောင့်ကြည့်လူနာ၏ လက္ခဏာသည် မေ့ဆေး၏ နောက်ဆက်တွဲ လက္ခဏာဟုဆို

Salai Khup Khup

ဝူဟန်ဗိုင်းရပ်စ် သံသယလူနာဟု စောင့်ကြည့်လူနာအဖြစ် ကလေးပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ သည့် လူနာ၏ လက္ခဏာမှာ ခွဲစိတ်လူနာဖြစ်ပြီး မေ့ဆေး၏ နောက်ဆက်တွဲလက္ခဏာ သာဖြစ်ကြောင်း ကလေးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကပြောသည်။

ကလေးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါတ်တာအောင်မျိုးဝင်းက “ဝူဟန်ဗိုင်းရပ်စ်သံသယ လူနာတော့ မဟုတ်ဘူး။ ခွဲစိတ်လူနာဖြစ်တဲ့အတွက် မေ့ဆေးပေးပြီးတဲ့ နောက်ဆက်တွဲ အဲလိုဖြစ်တတ်တယ်။ ဒီနေ့မနက် ကောင်းနေပြီ။ မေ့ဆေးကြောင့် အဆုတ်ကနေ အဲလိုပေါ်လာတာဖြစ်တယ်။ ဒီနေ့မနက် ကောင်းသွားတယ် ဝူဟန်ဗိုင်းရပ်စ်ကလည်း အခုတလေ ဟော့နေတာဆိုတော့ လူတွေကလည်း စိုးရိမ်ကြတာပါ”ဟုပြောသည်။

ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ရောက်ရှိလာသည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ပြန်ရောက်လာသူမှာ ချင်းပြည်နယ် မတူပီမြို့ နာပုန်းရွာမှ လူနာဖြစ်ပြီး အဆိုပါလူနာမှာ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဂန့်ဂေါဆေးရုံသို့ ရောက်ရှိပြီးနောက် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုလူနာမှာ အဆုတ်မှ ချွဲသံများထွက်သည့် လက္ခဏာများ တွေ့ရှိရခြင်းကြောင့် ပိုမိုစိတ်ချ ရစေရန်နှင့် အခြားလူနာများအားလုံး အဆင်ပြေစေရန် သီးခြားစောင့်ကြည့်မှုများ လိုအပ်သလို ဆေးကုသစစ်ဆေး ကုသမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ချင်းတွင်း ကွန်ယက်မှ ဒေသလုံးဆိုင်ရာ ညှိနှိုင်းရေးမှူး ကိုကျော်သက်ဝင်းက “ကျတော်တို့ဖက်ကတော့ စနစ်တကျ စစ်ဆေးပြီးတော့ ထုတ်ပြန်ပေးဖို့ မနေ့ညက တောင်းဆိုထားတာဖြစ်တယ်။ ပြည်သူလူထုက ထိပ်လန့်နေတဲ့ ကိစ္စဖြစ်တယ်။ ဒီအပေါ်မှာ အဆင့်ဆင့် စစ်ဆေးမှုတွေ လုပ်ပေးစေချင်တယ်။ အခုလူနာကလည်း တရုတ်နိုင်ငံက ပြန်ရောက်လာတဲ့ လူနာဖြစ်တယ်။ သံသယ လူနာအဖြစ် ထုတ်ပြန်ရင်တောင် ပြည်သူလူထုကို အမြန်ဆုံး ထိရောက်တဲ့ ထုတ်ပြန်မှုတွေ ထုတ်ပေးဖို့ ညကတည်းက တောင်းဆိုထားတယ်။ အခုချိန်ထိတော့ ထုတ်ပြန်တာတော့ မရှိသေးဘူး”ဟုပြောသည်။

သူကဆက်ပြီး “လက်ရှိ ဒေသအသီးသီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီရောဂါနဲ့ ပက်သက်ပြီး စောင့်ကြည့်မှုတွေ လုပ်နေတယ်။ ထိထိရောက်ရောက် စစ်ဆေးမှုတွေလည်း လုပ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကလေးမြို့လည်း ရာခိုင်နှုန်းအားဖြစ် (၁၇)ရာခိုင်နှုန်းက တရုတ်နိုင်ငံ သွားပြီးအလုပ်လုပ်တဲ့ သူတွေရှိတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့လာတော့ တရုတ်ကနေပြန်လာတဲ့ လူဦးရေ အရမ်းမြင့်တက်လာတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကားအဝင်အထွက်တွေ စစ်ဆေးမှုတွေ လုပ်နေတယ်။ ဒါကြောင့် ဒီအပေါ်မှာ စနစ်တကျ သတင်းအမှန်ကန် ထုတ်ပြန်ပေးဖို့ လိုလားတယ်”ဟုပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်လည်း စောင့်ကြည့်လူနာအဖြစ် သံသယရှိသည့်လူနာများကို သီးခြားစောင့်ကြည့်မှုများရှိနေသလို ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံတွင်လည်း အဆိုပါရောဂါပိုးကြောင့် သေဆုံးသူ ထောင်ဂဏန်းကျော်ပြီဖြစ်ကြောင်း တရုတ်သမ္မတကိုယ်တိုင် နိုင်ငံပိုင် သတင်းရုပ်သံဌာနတွင် တရားဝင်ပြောဆိုထားသည်။

Zawgyi
ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံရွိ ေစာင့္ၾကည့္လူနာ၏ လကၡဏာသည္ ေမ့ေဆး၏ ေနာက္ဆက္တြဲ လကၡဏာဟုဆို

ဝူဟန္ဗိုင္းရပ္စ္ သံသယလူနာဟု ေစာင့္ၾကည့္လူနာအျဖစ္ ကေလးျပည္သူ႔ေဆး႐ုံတြင္ သီးသန႔္ထားရွိ သည့္ လူနာ၏ လကၡဏာမွာ ခြဲစိတ္လူနာျဖစ္ၿပီး ေမ့ေဆး၏ ေနာက္ဆက္တြဲလကၡဏာ သာျဖစ္ေၾကာင္း ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံအုပ္ ေဒါက္တာေအာင္မ်ိဳးဝင္းကေျပာသည္။

ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံအုပ္ ေဒါတ္တာေအာင္မ်ိဳးဝင္းက “ဝူဟန္ဗိုင္းရပ္စ္သံသယ လူနာေတာ့ မဟုတ္ဘူး။ ခြဲစိတ္လူနာျဖစ္တဲ့အတြက္ ေမ့ေဆးေပးၿပီးတဲ့ ေနာက္ဆက္တြဲ အဲလိုျဖစ္တတ္တယ္။ ဒီေန႔မနက္ ေကာင္းေနၿပီ။ ေမ့ေဆးေၾကာင့္ အဆုတ္ကေန အဲလိုေပၚလာတာျဖစ္တယ္။ ဒီေန႔မနက္ ေကာင္းသြားတယ္ ဝူဟန္ဗိုင္းရပ္စ္ကလည္း အခုတေလ ေဟာ့ေနတာဆိုေတာ့ လူေတြကလည္း စိုးရိမ္ၾကတာပါ”ဟုေျပာသည္။

ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔က ေရာက္ရွိလာသည့္ တ႐ုတ္နိုင္ငံ၊ ေရႊလီၿမိဳ႕မွ ျပန္ေရာက္လာသူမွာ ခ်င္းျပည္နယ္ မတူပီၿမိဳ႕ နာပုန္းရြာမွ လူနာျဖစ္ၿပီး အဆိုပါလူနာမွာ ဓားထိုးမႈျဖစ္ပြားခဲ့ၿပီး ဂန႔္ေဂါေဆး႐ုံသို႔ ေရာက္ရွိၿပီးေနာက္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

ထိုလူနာမွာ အဆုတ္မွ ခၽြဲသံမ်ားထြက္သည့္ လကၡဏာမ်ား ေတြ႕ရွိရျခင္းေၾကာင့္ ပိုမိုစိတ္ခ် ရေစရန္ႏွင့္ အျခားလူနာမ်ားအားလုံး အဆင္ေျပေစရန္ သီးျခားေစာင့္ၾကည့္မႈမ်ား လိုအပ္သလို ေဆးကုသစစ္ေဆး ကုသမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အထက္ခ်င္းတြင္း ကြန္ယက္မွ ေဒသလုံးဆိုင္ရာ ညႇိႏွိုင္းေရးမႉး ကိုေက်ာ္သက္ဝင္းက “က်ေတာ္တို႔ဖက္ကေတာ့ စနစ္တက် စစ္ေဆးၿပီးေတာ့ ထုတ္ျပန္ေပးဖို႔ မေန႔ညက ေတာင္းဆိုထားတာျဖစ္တယ္။ ျပည္သူလူထုက ထိပ္လန႔္ေနတဲ့ ကိစၥျဖစ္တယ္။ ဒီအေပၚမွာ အဆင့္ဆင့္ စစ္ေဆးမႈေတြ လုပ္ေပးေစခ်င္တယ္။ အခုလူနာကလည္း တ႐ုတ္နိုင္ငံက ျပန္ေရာက္လာတဲ့ လူနာျဖစ္တယ္။ သံသယ လူနာအျဖစ္ ထုတ္ျပန္ရင္ေတာင္ ျပည္သူလူထုကို အျမန္ဆုံး ထိေရာက္တဲ့ ထုတ္ျပန္မႈေတြ ထုတ္ေပးဖို႔ ညကတည္းက ေတာင္းဆိုထားတယ္။ အခုခ်ိန္ထိေတာ့ ထုတ္ျပန္တာေတာ့ မရွိေသးဘူး”ဟုေျပာသည္။

သူကဆက္ၿပီး “လက္ရွိ ေဒသအသီးသီး တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ဒီေရာဂါနဲ႔ ပက္သက္ၿပီး ေစာင့္ၾကည့္မႈေတြ လုပ္ေနတယ္။ ထိထိေရာက္ေရာက္ စစ္ေဆးမႈေတြလည္း လုပ္ေနတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကေလးၿမိဳ႕လည္း ရာခိုင္ႏႈန္းအားျဖစ္ (၁၇)ရာခိုင္ႏႈန္းက တ႐ုတ္နိုင္ငံ သြားၿပီးအလုပ္လုပ္တဲ့ သူေတြရွိတယ္။ တ႐ုတ္မွာ ဗိုင္းရပ္စ္ပိုးပ်ံ႕ႏွံ့လာေတာ့ တ႐ုတ္ကေနျပန္လာတဲ့ လူဦးေရ အရမ္းျမင့္တက္လာတယ္။ က်န္းမာေရးဝန္ႀကီးဌာနကလည္း ကားအဝင္အထြက္ေတြ စစ္ေဆးမႈေတြ လုပ္ေနတယ္။ ဒါေၾကာင့္ ဒီအေပၚမွာ စနစ္တက် သတင္းအမွန္ကန္ ထုတ္ျပန္ေပးဖို႔ လိုလားတယ္”ဟုေျပာသည္။

လက္ရွိျမန္မာနိုင္ငံတြင္လည္း ေစာင့္ၾကည့္လူနာအျဖစ္ သံသယရွိသည့္လူနာမ်ားကို သီးျခားေစာင့္ၾကည့္မႈမ်ားရွိေနသလို ဗိုင္းရပ္စ္စတင္ေတြ႕ရွိခဲ့သည့္ တ႐ုတ္နိုင္ငံတြင္လည္း အဆိုပါေရာဂါပိုးေၾကာင့္ ေသဆုံးသူ ေထာင္ဂဏန္းေက်ာ္ၿပီျဖစ္ေၾကာင္း တ႐ုတ္သမၼတကိုယ္တိုင္ နိုင္ငံပိုင္ သတင္း႐ုပ္သံဌာနတြင္ တရားဝင္ေျပာဆိုထားသည္။