Input your search keywords and press Enter.

အသက် (၂၁) နှစ်အောက် တိုင်း/ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် ချင်းပြည်နယ်မှ တတိယရရှိ

Salai C.Lian

၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ချင်းပြည်နယ် ကိုယ်စားပြုဘောလုံးအသင်းမှ ပထမဆုံးအကြိမ်အဖြစ် တတိယဆုဆွတ်ခူးကြောင်း သိရသည်။

အသက် (၂၁) နှစ်အောက် ဘော်လုံးပြိုင်ပွဲတွင် ချင်းပြည်နယ် ကိုယ်စားအနေဖြင့် ဖေဖဝါရီလ (၁) နေ့တွင် အုပ်စုပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းအသင်းကို ၁ ဂိုး ၁ ဂိုးဖြင့်သော်လည်းကောင်း၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရခိုင်ပြည်နယ်အသင်းကို ၁ ဂိုး-၁ဂိုးဖြင့်သော်လည်းကောင်း၊ ကွာတားဖိုင်နယ်တွင် တနင်္သာရီတိုင်း အသင်းကို ၂ ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် ကျင်းပသည့် ဆီမီးဖိုင်နယ်တွင် ကရင်ပြည်နယ် အသင်းကို ၂ ဂိုး-၃ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် တတိယဆု လုပွဲကို မွန်ပြည်နယ်နှင့် ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်အသင်းမှ ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တတိယလုပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဘောလုံးပြိုင်ပွဲသည် ယခင် ၁၉၅၂ ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်အလွတ်တန်း ပြိုင်ပွဲမှတဆင့် အာရှနှင့် အာဆီယံဒေသတွင်း ပြိုင်ပွဲများ၏ အကန့်အသတ်ပြိုင်ပွဲများကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသက်ကန့်သတ်ချက်ဖြင့် ကျင်းပပေးလာခဲ့ရာ (၆၈) နှစ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ချင်းပြည်နယ် ဘောလုံးအသင်းအနေဖြင့် ပထမဆုံးအကြိမ် အမြင့်ဆုံးဆုအဖြစ် ယခုနှစ်တွင် တတိယဆု ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။
zawgyi
အသက္ (၂၁) ႏွစ္ေအာက္ တိုင္း/ျပည္နယ္ ေဘာလုံးၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္မွ တတိယရရွိ

၂၀၁၉-၂၀၂၀ ခုႏွစ္၊ ဘ႑ာေရးႏွစ္၊ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ အသက္ (၂၁) ႏွစ္ေအာက္ ေဘာလုံးၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္ ကိုယ္စားျပဳေဘာလုံးအသင္းမွ ပထမဆုံးအႀကိမ္အျဖစ္ တတိယဆုဆြတ္ခူးေၾကာင္း သိရသည္။

အသက္ (၂၁) ႏွစ္ေအာက္ ေဘာ္လုံးၿပိဳင္ပြဲတြင္ ခ်င္းျပည္နယ္ ကိုယ္စားအေနျဖင့္ ေဖဖဝါရီလ (၁) ေန႔တြင္ အုပ္စုပြဲစဥ္အျဖစ္ စစ္ကိုင္းတိုင္းအသင္းကို ၁ ဂိုး ၁ ဂိုးျဖင့္ေသာ္လည္းေကာင္း၊ ေဖေဖာ္ဝါရီလ (၄) ရက္ေန႔တြင္ ရခိုင္ျပည္နယ္အသင္းကို ၁ ဂိုး-၁ဂိုးျဖင့္ေသာ္လည္းေကာင္း၊ ကြာတားဖိုင္နယ္တြင္ တနသၤာရီတိုင္း အသင္းကို ၂ ဂိုး-၁ဂိုးျဖင့္ အနိုင္ရရွိခဲ့ၿပီး ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့သည္။

ေဖေဖာ္ဝါရီလ(၉) ရက္ေန႔တြင္ က်င္းပသည့္ ဆီမီးဖိုင္နယ္တြင္ ကရင္ျပည္နယ္ အသင္းကို ၂ ဂိုး-၃ဂိုး ျဖင့္ ရႈံးနိမ့္ခဲ့ျခင္းေၾကာင့္ တတိယဆု လုပြဲကို မြန္ျပည္နယ္ႏွင့္ ယွဥ္ၿပိဳင္ခဲ့ရာ ခ်င္းျပည္နယ္အသင္းမွ ၄ ဂိုး ၁ ဂိုးျဖင့္ အနိုင္ရရွိခဲ့ျခင္းျဖစ္သည္။

တတိယလုပြဲကို ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိအားကစားကြင္းတြင္ ယေန႔မနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ယင္းေဘာလုံးၿပိဳင္ပြဲသည္ ယခင္ ၁၉၅၂ ခုႏွစ္မွ စတင္က်င္းပျပဳလုပ္ခဲ့သည့္ တိုင္းႏွင့္ျပည္နယ္အလြတ္တန္း ၿပိဳင္ပြဲမွတဆင့္ အာရွႏွင့္ အာဆီယံေဒသတြင္း ၿပိဳင္ပြဲမ်ား၏ အကန႔္အသတ္ၿပိဳင္ပြဲမ်ားေၾကာင့္ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနျဖင့္ အသက္ကန႔္သတ္ခ်က္ျဖင့္ က်င္းပေပးလာခဲ့ရာ (၆၈) ႏွစ္ေျမာက္ရွိခဲ့ၿပီျဖစ္ၿပီး ခ်င္းျပည္နယ္ ေဘာလုံးအသင္းအေနျဖင့္ ပထမဆုံးအႀကိမ္ အျမင့္ဆုံးဆုအျဖစ္ ယခုႏွစ္တြင္ တတိယဆု ဆြတ္ခူးနိုင္ျခင္းျဖစ္သည္။